မော်လမြိုင်၊ ဇန်နဝါရီ ၂၁

ပြည်တွင်း ငြိမ်းချမ်းရေးမရခြင်းမှာ တိုင်းရင်းသားအရေး၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်တို့ကို အကြောင်းပြနေတာကြောင့်ဟု အာဏာသိမ်းစစ်ခေါင်းဆောင်က ယမန်နေ့ကပြုလုပ်ခဲ့တဲ့ သူ၏ အုပ်ချုပ်ရေးကောင်စီအစည်းအဝေးမှာ ပြောခဲ့ပါတယ်။

ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီးဆောင်ရွက်ရာတွင် နားလည်သူက နားမလည်သူတွေကို မြှောက်ထိုးပင့်ကော်မလုပ်ဘဲ တိုင်းပြည်အကျိုးကြည့်ကာ လက်တွဲသွားဖို့နှင့် တကယ် ငြိမ်းချမ်းချင်ရင် အားလုံး အားစိုက်ထုတ်ဖို့ လိုတယ်လို့ ထပ်မံပြောခဲ့ပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းများဆောင်ရွက်ရာမှာ NCA နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် အခြေခံပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးကို ထိခိုက်မှုမရှိပါက လက်ခံဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ အာဏာသိမ်းစစ်အုပ်စုအနေနဲ့ အပစ်ခတ်ရပ်စဲရေးကို ကြေငြာထားတယ်လို့ ဆိုသော်လည်း နိုင်ငံအဝှမ်း လေကြောင်းတိုက်ခိုက်မှုအပါအဝင် ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတာဖြစ်ပါတယ်။

ယမန်နေ့ ယင်း၏ အုပ်ချုပ်ရေးအဖွဲ့ကို မိန့်ခွန်းပြောကြားရာမှာတော့ ဖက်ဒရယ်နှင့် ဒီမိုကရေစီစကားလုံးကို အများဆုံးအသုံးပြုခဲ့ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အကြောင်းပြနေတာကြောင့် ငြိမ်းချမ်းရေးမရတာဟု ဆိုခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.