January 21, 2022

မွန်ပြည်နယ်မှာ ဝက်တွေ ရောဂါပိုး ဝင်ပြီး ခြံလုံးကျွတ် သေဆုံးမှုတွေ ဖြစ်နေ

မော်လမြိုင် ၊ ဇန်နဝါရီ (၂၁) မွန်ပြည်နယ်အတွင်းက ဝက်တွေမှာ အမည်မသိ ဗိုင်းရပ်စ် ရောဂါပိုးတွေ ဝင်ရောက်ပြီး ခြံလုံးကျွတ် သေဆုံးမှုတွေ ဖြစ်ပေါ်နေတယ်လို့ ဝက်မွေးမြူရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။ ဝက်တွေမှာ ကူးစက်ခံရတဲ့ ဗိုင်းရပ်စ်ရောဂါပိုးဟာ အမျိုးအစား မသိသေးလို့ ကုသဆေးလည်း မရှိသလို ကာကွယ်ဆေးလည်း မရှိတာကြောင့် ဝက်ခြံတွေမှာ ဝက်တစ်ကောင် ရောဂါ ကူးစက်ခံရပြီးရင် ခြံလုံးကျွတ် သေဆုံးမှုတွေ…

စစ်ကောင်စီက ခရိုင်တိုးချဲ့ဖွဲ့စည်းတာဟာ PR စနစ် ရွေးကောက်ပွဲနဲ့ တော်လှန်ရေး အင်းအားစုတွေကို အနိုင်ရဖို့ ကြိုတင် ပြင်ဆင်မှုသာ ဖြစ်တယ်လို့ ဝေဖန်

မော်လမြိုင် ၊ ဇန်နဝါရီ (၂၁) အာဏာသိမ်း စစ်ကောင်စီက ခရိုင်တွေ တိုးချဲ့ဖွဲ့စည်းတာဟာ PR စနစ်နဲ့ ကျင်းပမယ့် ရွေးကောက်ပွဲ အနိုင်ရဖို့နဲ့ တော်လှန်ရေး အင်အားစုတွေကို တင်းတင်းကြပ်ကြပ် ကိုင်တွယ်ဖို့အတွက် ကြိုတင်ပြင်ဆင်မှုသာ ဖြစ်တယ်လို့ နိုင်ငံရေးသမားတွေက ဝေဖန်လိုက်ပါတယ်။ အာဏာသိမ်း စစ်ကောင်စီဟာ မွန်ပြည်နယ် အပါအဝင် တိုင်းနဲ့ပြည်နယ် အားလုံးမှာ ခရိုင် ၄၂ ခု…

တိုင်းရင်းသားအရေး၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်တို့ အကြောင်းပြနေတာကြောင့် ငြိမ်းချမ်းရေးမရတာဟု အာဏာသိမ်းစစ်ခေါင်းဆောင်ပြော

မော်လမြိုင်၊ ဇန်နဝါရီ ၂၁ ပြည်တွင်း ငြိမ်းချမ်းရေးမရခြင်းမှာ တိုင်းရင်းသားအရေး၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်တို့ကို အကြောင်းပြနေတာကြောင့်ဟု အာဏာသိမ်းစစ်ခေါင်းဆောင်က ယမန်နေ့ကပြုလုပ်ခဲ့တဲ့ သူ၏ အုပ်ချုပ်ရေးကောင်စီအစည်းအဝေးမှာ ပြောခဲ့ပါတယ်။ ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီးဆောင်ရွက်ရာတွင် နားလည်သူက နားမလည်သူတွေကို မြှောက်ထိုးပင့်ကော်မလုပ်ဘဲ တိုင်းပြည်အကျိုးကြည့်ကာ လက်တွဲသွားဖို့နှင့် တကယ် ငြိမ်းချမ်းချင်ရင် အားလုံး အားစိုက်ထုတ်ဖို့ လိုတယ်လို့ ထပ်မံပြောခဲ့ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းများဆောင်ရွက်ရာမှာ NCA နှင့်…

ထိုင်းနိုင်ငံ၏ Test and Go အစီအစဥ်ပြန်လည်စတင်မည်

ဘန်ကောက်၊ ဇန်နဝါရီ ၂၀ ထိုင်းနိုင်ငံ၏ Test and Go အစီအစဥ်ကို များမကြာမီ ပြန်လည်မိတ်ဆက်သွားမည်ဖြစ်ပြီး ထိုအစီအစဥ် အရ ပြည်ဝင်ခွင့် စည်းမျဥ်းအချို့ကို ပြောင်းလဲသတ်မှတ်ပြီး ဆိုက်ရောက်ခရီးသည်များ၏ ကျန်းမာရေးကို အနီးကပ် စောင့်ကြည့်ဖို့ ခွင့်ပြုပေးသွားမည်ဟု CCSA၏ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အကြီးအကဲ ဗိုလ်ချုပ် ဆူပို့ချ်မှ ပြောကြားခဲ့သည်။ ထိုင်းနိုင်ငံအမျိုးသား လုံခြုံရေးကောင်စီ၏ အတွင်းရေးမှူးလည်းဖြစ်သော ဗိုလ်ချုပ်…