January 18, 2022

ကော့ကရိတ်မှာ စစ်ကောင်စီ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံ ၅၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေရ

မော်လမြိုင် ၊ ဇန်နဝါရီ (၁၈) ကေအဲန်ယူထိန်းချုပ်နယ်မြေဖြစ်တဲ့ ကော့ကရိတ်မြို့နယ်မှာ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့် ဒေသခံ ၅၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စစ်ရှောင်အရေးကူညီပေးနေတဲ့ ကရင် လူ့အခွင့်အရေး အဖွဲ့(KHRG)က ပြောပါတယ်။ ကေအဲန်ယူထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ် ကော့နွဲ့ အံကလော် မြို့ဟောင်းကျေးရွာတွေမှာ အခုရက်ပိုင်းတွေအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်တွေနဲ့ အာဏာသိမ်း စစ်ကောင်စီတပ်တို့အကြား…

မော်လမြိုင်တက္ကသိုလ်မှာ ကျောင်းတက်သူ ၁၅၀ နီးပါးထိ ရှိလာ

မော်လမြိုင် ၊ ဇန်နဝါရီ (၁၈) စစ်ကောင်စီက ဖွင့်လှစ်ထားတဲ့ မော်လမြိုင်တက္ကသိုလ်မှာ ဇန်နဝါရီ ၁၇ ရက်နေ့အထိ ကျောင်းတက်ရောက်တဲ့ ကျောင်းသူ၊ကျောင်းသား ၁၅၀ နီးပါးထိ ရှိလာတယ်လို့ Non CDM ဆရာ၊ ဆရာမတွေက ပြောပါတယ်။ စစ်ကောင်စီက တက္ကသိုလ်တွေကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက်နေ့မှာ စတင် ဖွင့်လှစ်ခဲ့တာ ဖြစ်ပြီး၊ ဥပဒေပညာ…

မွန်က ငါးဖမ်းလှေတွေ အရှုံးပေါ်လို့ ငါးဖမ်းရာသီမကုန်ခင်မှာပဲ လုပ်ငန်း ရပ်နားခဲ့ကြ

မော်လမြိုင် ၊ ဇန်နဝါရီ (၁၈) မွန်ပြည်နယ်အတွင်းက ကမ်းနီးကမ်းဝေး ငါးဖမ်းလှေတွေဟာ အရှုံးပေါ်နေလို့ ငါးဖမ်းရာသီမကုန်ခင် ၄ လ အလိုကတည်းက လုပ်ငန်းတွေ ရပ်နားလာရတယ်လို့ ငါးလုပ်ငန်းရှင်တွေက ပြောပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် ကမ်းနီးကမ်းဝေးက ငါးဖမ်းလုပ်ငန်းတွေဟာ စက်သုံးဆီဈေးနှုန်း ဆက်တိုက်မြင့်တက်လာတာ၊ ငါးအထိအမိ နည်းလာတာနဲ့ ထုတ်လုပ်မှု ကုန်ကျစရိတ် ကြီးမြင့်လာတဲ့ အခက်အခဲတွေကို ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ အဲ့တာကြောင့်…

တယ်လီနောမှ wave money ရှိ လက်ကျန် အစုရှယ်များကို Yoma လုပ်ငန်းစုသို့ ရောင်းချ

ဘန်ကောက်၊ ဇန်နဝါရီ ၁၇ တယ်လီ‌နောလုပ်ငန်းစုသည် မြန်မာနိုင်ငံရှိ မိုဘိုင်းငွေကြေးဆိုင်ရာဝန်ဆောင်မှုကဏ္ဍတွင် ကျန်ရှိနေသော အစုရှယ်ယာ ၅၁ ရာခိုင်နှုန်းကို ရောင်းထုတ်ရန် သဘောတူခဲ့ပြီး ယမန်နှစ် စစ်အာဏာသိမ်းချိန်ကတည်းက မငြိမ်မသက်မှုများ တိုးမြှင့်ဖြစ်ပေါ်လာသည့် နိုင်ငံတစ်နိုင်ငံမှ ထွက်ခွာဖို့ နီးကပ်လာသော နော်ဝေး၏ အကြီးစား တယ်လီကွန်ဆက်သွယ်ရေးကုမ္ပဏီ၏ ခြေလှမ်းတစ်ခုဖြစ်လာတော့မည်။ Wave Money ဟု လူသိများသော မြန်မာ့ဒစ်ဂျစ်တယ်ငွေကြေးရှိ ရင်းနှီးမြှုပ်နှံမှုကို စင်ကာပူနိုင်ငံတွင်…