မနီလာ၊ ဇန်နဝါရီ ၁၇

အကျဉ်းချခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် မြန်မာနိုင်ငံ၏ စစ်အုပ်ချုပ် ရေးအလွန် ဒီမိုကရေစီပြန်လည်ရရှိရေးဖြစ်စဉ်အတွက် မည်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာမဆို မဖြစ်မနေပါဝင်ရန် လိုအပ်တယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်ပါတယ်။

နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့တဲ့ အပတ်က ပြစ်ဒဏ်ထပ်မံချမှတ်မှုနှင့် ပတ်သက်ပြီး ရွေးကောက်ခံရတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရကို ဖြုတ်ချခဲ့တဲ့ မြန်မာအာဏာသိမ်းစစ်အုပ်စုကိုလည်း ပြင်းထန်စွာတုန့်ပြန်ခဲ့ပြီး ဒီဖြစ်ရပ်ဟာ အတိုက်အခံအစုအဖွဲ့ကို ဖိနှိပ်တဲ့ တရားစီရင်ရေးစနစ်ကို စစ်အုပ်စုက အသုံးပြုခဲ့တာလို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး လော့ဆင်အနေနဲ့ နော်ဝေနိုင်ငံခြားရေးဝန်ကြီး အန်နီကန်တင်သွင်းတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးလွှတ်ပေးရေး၊ အကြမ်းဖက်တုန့်ပြန်မှု ရပ်တန့်ရေးနှင့် လူ့အခွင့်အရေးလေးစားလိုက်နာရေးအတွက် အတည်ပြုထောက်ခံခဲ့ပါတယ်။

မြန်မာနိုင်ငံက အရပ်သားတွေ ထိခိုက်ခံစားရမှုနှင့် ပတ်သက်ပြီး ကျွန်တော်အတော်လေး စိုးရိမ်မကင်းဖြစ်ရပါတယ်လို့ ဝန်ကြီး လေ့ာဆင်က သူ၏ ကြေငြာချက်မှာဖော်ပြခဲ့သလို မြန်မာပြည် ဒီမိုကရေစီပြန်လည်ရရှိရေးနှင့် အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးတွေဖြစ်ဖို့အတွက် စစ်တပ်က ဦးဆောင်ဖို့ ကျွန်တော်တို့ ပြောလိုပါတယ်လို့ ဆိုပါတယ်။

မြန်မာစစ်ကောင်စီဘက်ကတော့ နိုင်ငံဖျက်ဆီးတဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ရှာဖွေဖော်ထုတ်နေခြင်းသာဖြစ်ပြီး ယခုလို အားထုတ်မှုတွေဟာ လမ်းလွှဲနေတယ်လို့ တုန့်ပြန်ပါတယ်။

ဝန်ကြီးလော့ဆင်ကတော့ ဒေါ်အောင်ဆန်းစုကြည်မပါတဲ့ ဆွေးနွေးပွဲဟာ အဓိပ္ပါယ်ရှိမှာမဟုတ်ဘူးလို့ ဆိုပါတယ်။

သူမတခုခုကို ကျူးလွန်ခဲ့သည်ထားအုံး သူမအနေနဲ့ မဖြစ်မနေပါဝင်နေဖို့ လိုပါတယ်။ မြန်မာစစ်တပ်အနေနဲ့ မြန်မာပြည်ဒီမိုကရေစီပြန်လည်ရရှိဖို့ ကြောက်ရွှံ့မနေပဲ သတ္တိရှိရှိလုပ်ဖို့ လိုတယ်လို့ ထပ်ဆင့်ပြောပါတယ်။

နိုင်ငံခြားရေးဝန်ကြီး လော့ဆင်က အာဆီယံဥက္ကဌအသစ်၊ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်၏ ယခုလအစောပိုင်း မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်သည့် ခရီးစဉ်အားထောက်ခံကြောင်း ကတိပြုထားသော်လည်း အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့က ထိုအငြင်းပွားဖွယ် ခရီးစဉ်သည် မြန်မာစစ်အစိုးရအား အာဆီယံ၏ အသိအမှတ်ပြုမှုကို ညွှန်ပြသလိုဖြစ်မည်ကို စိုးရိမ်နေသည်ဟု မလေးရှားထိပ်တန်းအရာရှိ၏ ပြောကြားချက်အရ သိရသည်။

ဖိလစ်ပိုင်နိုင်ငံအနေဖြင့် အာဆီယံဘုံသဘောတူညီချက် (၅)ချက်ကို ဆက်လက်အားပေးထောက်ခံသွားမည်ဖြစ်ပြီး အဓိကအားဖြင့် ငြိမ်းချမ်းရေးဆွေးနွေးခြင်း၊ အကြွင်းမဲ့အပစ်ခတ်ရပ်စဲခြင်းနှင့် လူသားခြင်းစာနာထောက်ထားမှု အကူအညီကို ခွင့်ပြုခြင်းတို့ပါဝင်သည်ဟု နိုင်ငံခြားရေးဝန်ကြီး လော့ဆင်က ပြောကြားခဲ့သည်။

Ref – Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.