Radio Than Lwin Times(Episode 14/1)
Sound Cloud Link
Sound Cloud Link
မနီလာ၊ ဇန်နဝါရီ ၁၇ အကျဉ်းချခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် မြန်မာနိုင်ငံ၏ စစ်အုပ်ချုပ် ရေးအလွန် ဒီမိုကရေစီပြန်လည်ရရှိရေးဖြစ်စဉ်အတွက် မည်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာမဆို မဖြစ်မနေပါဝင်ရန် လိုအပ်တယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်ပါတယ်။ နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့တဲ့ အပတ်က ပြစ်ဒဏ်ထပ်မံချမှတ်မှုနှင့် ပတ်သက်ပြီး ရွေးကောက်ခံရတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရကို ဖြုတ်ချခဲ့တဲ့ မြန်မာအာဏာသိမ်းစစ်အုပ်စုကိုလည်း ပြင်းထန်စွာတုန့်ပြန်ခဲ့ပြီး ဒီဖြစ်ရပ်ဟာ အတိုက်အခံအစုအဖွဲ့ကို…
ဘန်ကောက်၊ ဇန်နဝါရီ ၁၇ ကူးစက်မှုနှုန်းမြင့်မားသည့် အိုမီခရွန်ကိုရိုနာဗီဇမျိုးကွဲကြောင့် ထိုင်းနိုင်ငံတွင် ပထမဦးဆုံး သေဆုံးမှု ပေါ်ထွက် လာခဲ့ပြီဖြစ်သည်ဟု ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့က ပြောကြားခဲ့သည်။ လွန်ခဲ့သောလအတွင်း ပထမဦးဆုံး အိုမီခရွန်ဖြစ်စဥ်ကို စစ်ဆေးတွေ့ရှိပြီးနောက် နိုင်ငံခြားခရီးသွား ဧည် သည့်များအတွက် ကိုဗစ် ၁၉ ကွာရန်တင်းကန့်သတ်ချက်များကို ပြန်လည်သတ်မှတ်ထားပြီးနောက် ထို ဗိုင်းရပ်စ်ကြောင့် အသက်သေဆုံးမှုမှာ ထိုင်းတောင်ပိုင်း ဆုန်ခလာခရိုင်တွင် နေထိုင်သော…