မော်လမြိုင် ၊ ဇန်နဝါရီ (၁၆)

မွန်ပြည်နယ်မှာတော့ အခုရက်ပိုင်းမှာ စက်သုံးဆီ ဈေးနှုန်း ဆက်တိုက်မြင့်တက်လာတယ်လို့ စက်သုံးဆီ အရောင်းအဝယ် ပြုလုပ်နေသူတွေက ပြောပါတယ်။

စက်သုံးဆီဈေးနှုန်းဟာ စစ်တပ် အာဏာသိမ်းပြီးနောက် ၂ ဆ နီးပါး မြင့်တက်လာရာကနေ အခုအခါမှာတော့ တစ်လီတာကို ကျပ် ၂၀၀ လောက်ထိ ထပ်မံ မြင့်တက်လာခဲ့တာပါ။

စက်သုံးဆီဈေးနှုန်းဟာ အခုအခါအမှာတော့ ဓာတ်ဆီ ၉၂ တစ်လီတာ ကျပ် ၁၅၃၀၊ ၉၅ တစ်လီတာကို ကျပ် ၁၆၃၀ ၊ ဒီဇယ် တစ်လီတာကို ကျပ် ၁၅၅၀ ထိ ဈေးနှုန်းမြင့်တက်လာတာပါ။

စက်သုံးဆီ ဈေးနှုန်းဟာ စစ်တပ်အာဏာ သိမ်းပြီးနောက် မြန်မာ့ ငွေကြေးတန်ဖိုး ကျဆင်းပြီး ဒေါ်လာဈေး မြင့်တက်လာတာ၊ ဆီတင် သင်္ဘော အဝင်နောက်ကျနေတဲ့အတွက်ကြောင့် ဈေနှုန်းမြင့်တက်လာရတာလို့ စက်သုံးဆီ အရောင်းဆိုင် တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

စက်သုံးဆီ ဈေးနှုန်းတွေ မြင့်တက်နေတာကြောင့် အဌားယာဉ် မောင်းသူတွေ အခက်အခဲတွေ ဖြစ်ပေါ်နေပြီး၊ ဈေးနှုန်း ဆက်လက် မြင့်တက်လာရင် လုပ်ငန်းတွေ ရပ်နားရဖို့ ရှိနေတယ်လို့ အဌားယာဉ်မောင်း တစ်ဦးက ပြောပါတယ်။

စက်သုံးဆီ ဈေးနှုန်းဟာ စစ်တပ် အာဏာသိမ်းမသိမ်းခင်က တစ်လီတာကို ကျပ် ၆၀၀နဲ့ ၇၀၀ ဝန်းကျင်မှာသာ ရှိခဲ့ရာမှ စစ်တပ် အာဏာသိမ်းပြီးနောက် တစ်လီတာကို ကျပ် ၁၅၀၀ ကနေ ၁၆၀၀ လောက်ထိ ဈေးနှုန်းမြင့်တက်လာတာပါ။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.