January 16, 2022

မြဝတီ ကွမ်းခြံကွေ့အနီးမှာ ဂတ်စ်တင်ကားတွေပစ်ခံရ ၊၁ စီးမီးလောင်ပြီး ယာဉ်မောင်းတစ်ဦး သေဆုံးဟုဆို

မြဝတီ၊ ဇန်နဝါရီ ၁၆ ကရင်ပြည်နယ်၊ မြဝတီမြို့ကနေ ကော့ကရိတ်ဘက်အသွား ကွမ်းခြံကွေ့အနီးမှာ ဇန်နဝါရီလ ၁၆ ရက်နေ့ နေ့လည်ပိုင်းမှာ ဂတ်စ် တင်ဆောင်လာတဲ့ ကားတွေ အပစ်ခံရပြီး ကား ၁ စီးမီးလောင်ကာ ယာဉ်မောင်း ၁ ဦးသေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ယနေ့နေ့လည် ၁ နာရီကျော်ခန့်မှာ မြဝတီကနေ ကော့ကရိတ်ဘက်ကို ထွက်ခွာလာတဲ့ ဂတ်စ်တင်ကားတွေကို…

မွန်မှာ စက်သုံးဆီ ဈေးနှုန်း ဆက်တိုက်မြင့်လာ

မော်လမြိုင် ၊ ဇန်နဝါရီ (၁၆) မွန်ပြည်နယ်မှာတော့ အခုရက်ပိုင်းမှာ စက်သုံးဆီ ဈေးနှုန်း ဆက်တိုက်မြင့်တက်လာတယ်လို့ စက်သုံးဆီ အရောင်းအဝယ် ပြုလုပ်နေသူတွေက ပြောပါတယ်။ စက်သုံးဆီဈေးနှုန်းဟာ စစ်တပ် အာဏာသိမ်းပြီးနောက် ၂ ဆ နီးပါး မြင့်တက်လာရာကနေ အခုအခါမှာတော့ တစ်လီတာကို ကျပ် ၂၀၀ လောက်ထိ ထပ်မံ မြင့်တက်လာခဲ့တာပါ။ စက်သုံးဆီဈေးနှုန်းဟာ အခုအခါအမှာတော့ ဓာတ်ဆီ…

မွန်က ဆောင်းသီးနှံပဲတွေ ပိုးမွှား ကျရောက်မှုနဲ့ ကြုံနေရ

မော်လမြိုင် ၊ ဇန်နဝါရီ (၁၆) မွန်ပြည်နယ်အတွင်းက အခုနှစ် ဆောင်းသီးနှံပဲတွေမှာ ပိုးမွှားကျရောက်မှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ တောင်သူတွေက ပြောပါတယ်။ လက်ရှိမှာတော့ ပဲတီစိမ်း၊ မတ်ပဲ၊ ပဲပုတ် အပါအဝင် ဆောင်းသီးနှံပဲတွေမှာ ငမြောင်တောင်၊ ရွက်လိပ်ရွက်ကပ်၊ မှှိုရောဂါတွေ ကျရောက်နေတာပါ။ အဲဒီပိုးမွှားတွေဟာ ရာသီဥတု မမှန်တာကြောင့် ဖြစ်ပေါ်နေတာပါ။ ပိုးမွှားကျရောက်နေတဲ့အတွက်ကြောင့် ပိုးသတ်ဆေး အပါအဝင် နည်းပညာ အကူအညီတွေ…

စစ်ကောင်စီက ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ တာဝန်ရှိသူတွေကို အရေးယူတာ ဥပဒေနဲ့ မညီဘူးလို့ ဝေဖန်

မော်လမြိုင် ၊ ဇန်နဝါရီ (၁၆) စစ်ကောင်စီက ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင်တွေကို အမှုဖွင့်အရေးယူတာဟာ ဥပဒေနဲ့ မညီဘူးလို့ ဥပဒေပညာရှင်တွေက ပြောပါတယ်။ အာဏာသိမ်း စစ်ကောင်စီရဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အပါအဝင် တိုင်းနဲ့ပြည်နယ်၊ ခရိုင်နဲ့…

KUN တပ်မဟာ (၁) နယ်မြေထဲကို စစ်ကောင်စီတပ် အင်အား အလုံးအရင်းနဲ့ ဝင်ရောက်လာ

မော်လမြိုင် ၊ ဇန်နဝါရီ (၁၆) ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင် တပ်မဟာ(၁) ထိန်းချုပ်နယ်မြေထဲကို အာဏာသိမ်း စစ်ကောင်စီတပ် အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာပြီး စစ်ရေးပြင်ဆင်မှုတွေ လုပ်ဆောင်နေတယ်လို့ KNU သထုံခရိုင် အတွင်းရေးမှူး ပဒိုစောစိုးမြင့်က ပြောပါတယ်။ KUN တပ်မဟာ (၁) ထိန်းချုပ်နယ်မြေထဲကို ဇန်နဝါရီ ၁၄ ရက်နေ့က သိမ်ဆိပ်-လေးကေ လမ်းကနေ တင့်ကား အပါအဝင်…

ထိုင်းနိုင်ငံတွင် ဝက်သားဈေးနှုန်းကျဆင်းဖို့ လုပ်ဆောင်ရန် အချိန်တစ်နှစ်ခန့် ကြာမည်ဟုဆို

ဘန်ကောက်၊ ဇန်နဝါရီ ၁၅ ထိုင်းနိုင်ငံတွင် ဝက်သားဈေးနှုန်း ပုံမှန်နှုန်းထားအတိုင်း ပြန်လည်ကျဆင်းဖို့ အချိန် ၈ လကနေ ၁ နှစ်အထိ ကြာမြင့်နိုင် သည်ဟု မွေးမြူရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (DLD) ၏ အထွေထွေဒါရိုက်တာမှ ပြောကြားခဲ့သည်။ ‌သောကြာနေ့က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ဆိုရာဗစ် ထာနီတို (Sorravis Thaneto) က ဈေးနှုန်းကို ထိန်းထားနိုင်သည့်…