ထားဝယ်၊ ဇန်နဝါရီ ၁၄

ရွေးကောက်ပွဲတွင် လက်နက်ကိုင်အဖွဲ့အားလုံး ဥပဒေနှင့်အညီ ပါဝင်မှ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်မည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီကနေ့ ထားဝယ်မြို့ခရီးစဉ်မှာ သူ၏ အုပ်ချုပ်ရေးအဖွဲ့တွေကို မိန့်ခွန်းပြောဆိုရာမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

နိုင်ငံရေး၊ တိုင်းရင်းသားရေး၊ ဘာသာရေးအရ ပဋိပက္ခများဖြစ်ပေါ်ခဲ့ပြီး ပါတီစုံလမ်းကြောင်းကို လျှောက်လှမ်းရာတွင် တယောက်တမျိုးစီဖြစ်နေလို့ရမှာမဟုတ်ကြောင်းလည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

တဖက်မှာလည်း အာဏာသိမ်းစစ်အုပ်စုက ငါးလတာအပစ်ခတ်ရပ်စဲရေးဟု ကြေငြာထားသော်လည်း မြန်မာနိုင်ငံအနှံ့အပြားတွင် ထိုးစစ်ဆင်မှုများ ဆက်တိုက်ပြုလုပ်ကာ လေကြောင်းတိုက်ခိုက်မှုကိုလည်း ပြုလုပ်နေပါတယ်။

အာဏာသိမ်းစစ်အုပ်စုအနေနဲ့ လက်ရှိမှာတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆက်လက်ကိုင်စွဲထားကာ ယင်းဥပဒေအရ အာဏာထိန်းလိုက်သည်ဟုဆိုပြီး တရားမျှတသော ရွေးကောက်ပွဲဖြစ်ဖို့ဆိုလျှင် ပြည်တွင်းရှိ လက်နက်ကိုင်အဖွဲ့အားလုံး ဥပဒေနှင့်အညီ ပါဝင်ဖို့ လိုအပ်ကြောင်းကို ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

စစ်အုပ်စုက အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံနေရာအနှံ့အပြားကို လေကြောင်းဖြင့်တိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်ခြင်း၊ အရပ်သားများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း၊ အများပြည်သူတို့၏ ပိုင်ဆိုင်မှုကို ဖျက်ဆီးခြင်းများကို အကြိမ်ပေါင်းများစွာ ကျူးလွန်ခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.