မော်လမြိုင် ၊ ဇန်နဝါရီ (၁၄)

စစ်ကောင်စီက ဖုန်းဆင်းကဒ်နဲ့ အင်တာနက်ဒေတာ အခွန်တိုးကောက်ဖို့ ကြေညာပြီးနောက် မွန်ပြည်နယ်မှာတော့ ဖုန်းဆင်းကဒ်တွေ ဈေးနှုန်းမြင့်တက်လာတယ်လို့ ဆင်းကဒ်အရောင်းဆိုင်တွေက ပြောပါတယ်။

လက်ရှိမှာတော့ မှတ်ပုံတင်ပြီးသာ လက်ကျန် ဆင်းကဒ်တွေဟာ တစ်ကဒ်ကို ကျပ် ၄၀၀၀ ကနေ့ ၅၀၀၀ လောက်ထိ ဈေးနှုန်းမြင့်တက်လာတာ ဖြစ်ပါတယ်။

ဒါအပြင် စစ်ကောင်စီက အခွန်တိုးကောက်ဖို့ ကြေညာပြီးနောက် ဖုန်းအော်ပရီတာတွေက အသစ်ချပေးနေတဲ့ ဆင်းကဒ် တစ်ကဒ် ကျပ် ၂၂၀၀၀ ထိ ဈေးပေါက်နေတာ ဖြစ်ပါတယ်။
ဒါပေမယ့် ဈေးကွက်အတွင်းမှာတော့ ဆင်းကဒ် ဝယ်လိုအား သိသိသာသာ ကျဆင်းလာနေတယ်လို့ ဆင်းကဒ်အရောင်းဆိုင် တာဝန်ခံ တစ်ဦးက ပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ ဖုန်းဆင်းကဒ်နဲ့ အင်တာနက်ဒေတာ အခွန်တိုးကောက်ဖို့အတွက် ဇန်နဝါရီ ၆ ရက်နေ့မှာ ဥပဒေတစ်ရပ် ပြဌာန်းလိုက်တာ ဖြစ်ပြီး ဇန်နဝါရီ ၈ ရက်နေ့ကနေ မတ်လ ၃၁ ရက်နေ့ထိ အကျိုးသက်ရောက်မှု ရှိစေရမယ်လို့ ထုတ်ပြန်ထားတာပါ။

အဲဒီ ဥပဒေအရ ဖုန်းဆင်းကဒ် တစ်ခုကို စတင်အသုံးပြုနိုင်ဖို့ ဝန်ဆောင်မှုအတွက် ကုန်သွယ်လုပ်ငန်းခွန် ကျပ် ၂၀၀၀၀ ပေးဆောင်ရမှာ ဖြစ်ပြီး၊ အင်တာနက် ဝန်ဆောင်မှု လုပ်ငန်းရငွေ ၁၅ ရာခိုင်နှုန်းကိုလည်း ကုန်သွယ်ခွန်ပေးဆောင်ရမယ်လို့ ဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.