January 14, 2022

ရွေးကောက်ပွဲတွင် လက်နက်ကိုင်အဖွဲ့အားလုံး ဥပဒေနှင့်အညီပါဝင်မှ လွတ်လပ်ပြီး တရားမျှတသည့်ရွေးကောက်ပွဲဖြစ်မည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင်ပြော

ထားဝယ်၊ ဇန်နဝါရီ ၁၄ ရွေးကောက်ပွဲတွင် လက်နက်ကိုင်အဖွဲ့အားလုံး ဥပဒေနှင့်အညီ ပါဝင်မှ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်မည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီကနေ့ ထားဝယ်မြို့ခရီးစဉ်မှာ သူ၏ အုပ်ချုပ်ရေးအဖွဲ့တွေကို မိန့်ခွန်းပြောဆိုရာမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။ နိုင်ငံရေး၊ တိုင်းရင်းသားရေး၊ ဘာသာရေးအရ ပဋိပက္ခများဖြစ်ပေါ်ခဲ့ပြီး ပါတီစုံလမ်းကြောင်းကို လျှောက်လှမ်းရာတွင် တယောက်တမျိုးစီဖြစ်နေလို့ရမှာမဟုတ်ကြောင်းလည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။ တဖက်မှာလည်း အာဏာသိမ်းစစ်အုပ်စုက ငါးလတာအပစ်ခတ်ရပ်စဲရေးဟု ကြေငြာထားသော်လည်း…

မော်လမြိုင်၊ ရေး၊ ထားဝယ် ပင်လယ်ကမ်းခြေ မီးရထားလမ်းအတွက် အကောင်အထည်ဖော်နေဟု အာဏာသိမ်းစစ်ခေါင်းဆောင်ပြော

မော်လမြိုင်၊ ဇန်နဝါရီ ၁၄ မော်လမြိုင်မြို့မှ တဆင့် ရေးမြို့ ယင်းမှ တဆင့် ထားဝယ်မြို့တို့ ဆက်စပ်နေသည့် ကမ်းခြေတလျှောက် ပင်လယ်ကမ်းခြေမီးရထားလမ်းကြောင်းကို စီမံကိန်းရေးဆွဲပြီး အကောင်အထည်ဖော်နေပြီဟု ထားဝယ်မြို့ကို ရောက်ရှိနေတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်က ဒီကနေ့မှာ ပြောလိုက်ပါတယ်။ ဒါ့အပြင် ရန်ကုန်၊ မော်လမြိုင်၊ ထားဝယ်နှင့် မြိတ်မြို့တလျှောက် ကမ်းခြေ ရေကြောင်းလမ်း ခရီးစဉ်များ ပြေးဆွဲရေးကိုလည်း အကောင်အထည်ဖော်နေကြောင်းထပ်မံပြောဆိုခဲ့ပါသေးတယ်။ လက်ရှိမှာတော့…

အိုမီခရွန်သည် ဒယ်လ်တာထက် ပြင်းထန်လက္ခဏာမဖြစ်သော်လည်း ကာကွယ်ဆေး မထိုးရ သေးသူများအတွက် အန္တရာယ်ရှိနေသေးဟု WHO ပြော

စင်ကာပူ၊ ဇန်နဝါရီ ၁၃ အိုမီခရွန် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲက ဒယ်လ်တာဗီဇ ထက် ပြင်းထန်လက္ခဏာများကို မဖြစ်ပေါ် စေသော်လည်း ကာကွယ်ဆေးမထိုးနှံသေးသူများအတွက် အန္တရာယ် ရှိသော ဗိုင်းရပ်စ်အဖြစ် ဆက်လက်တည်ရှိနေသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အကြီးအကဲမှ ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ပြောကြားခဲ့သည်။ သတင်းစာရှင်းလင်းပွဲတွင် အထွေထွေဒါရိုက်တာ တက်ဒရော့စ် အဒ်ဒမ်နွမ် ဂက်ဘရေးဆက်စ် က နိုင်ငံပေါင်း…

မွန်ပြည်နယ်မှာ ဖုန်းဆင်းကဒ်တွေ ဈေးနှုန်း မြင့်တက်လာ

မော်လမြိုင် ၊ ဇန်နဝါရီ (၁၄) စစ်ကောင်စီက ဖုန်းဆင်းကဒ်နဲ့ အင်တာနက်ဒေတာ အခွန်တိုးကောက်ဖို့ ကြေညာပြီးနောက် မွန်ပြည်နယ်မှာတော့ ဖုန်းဆင်းကဒ်တွေ ဈေးနှုန်းမြင့်တက်လာတယ်လို့ ဆင်းကဒ်အရောင်းဆိုင်တွေက ပြောပါတယ်။ လက်ရှိမှာတော့ မှတ်ပုံတင်ပြီးသာ လက်ကျန် ဆင်းကဒ်တွေဟာ တစ်ကဒ်ကို ကျပ် ၄၀၀၀ ကနေ့ ၅၀၀၀ လောက်ထိ ဈေးနှုန်းမြင့်တက်လာတာ ဖြစ်ပါတယ်။ ဒါအပြင် စစ်ကောင်စီက အခွန်တိုးကောက်ဖို့ ကြေညာပြီးနောက်…

တနင်္သာရီက စစ်ဘေးရှောင်တွေကို နေရပ်ပြန်ဖို့ စစ်တပ် ဖိအားပေး

မော်လမြိုင် ၊ ဇန်နဝါရီ (၁၄) တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စုအတွင်းက စစ်ဘေးရှောင်ပြည်သူတွေကို နေရပ်ပြန်ကြဖို့ စစ်ကောင်စီတပ်က ဖိအားပေးလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တကူးဒေသမှာတော့ ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ကောင်စီတပ်တွေနဲ့ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲဖြစ်ပြီးနောက် ဒေသခံ ၅၀၀ ကျော်ဟာ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရတာပါ။ ဇန်နဝါရီ ၁၂ ရက်နေ့က စစ်ဘေးရှောင်ပြည်သူ ၁၀၀…

DKBA စခန်းကို စစ်ကောင်စီနဲ့ BGF ပူးပေါင်းတပ် ဝင်တိုက်ပြီးနောက် နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေ

မော်လမြိုင် ၊ ဇန်နဝါရီ (၁၄) ကေအဲန်ယူထိန်းချုပ်နယ်မြေဖြစ်တဲ့ တပ်မဟာ ၆ နယ်မြေ ဖလူးဒေသမှာ ရှိတဲ့ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်(DKBA) တပ်စခန်းကို စစ်ကောင်စီနဲ့ BGF ပူးပေါင်းတပ်က ဝင်ရောက် တိုက်ခိုက်ပြီးနောက် နှစ်ဖက် တိုက်ပွဲ ပြင်းထန်နေတယ်လို့ သိရပါတယ်။ ဇန်နဝါရီ ၁၂ ရက်နေ့ကစပြီး ဖလူးဒေသမှာရှိတဲ့ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်(DKBA)တပ်စခန်းကို စစ်ကောင်စီနဲ့ BGF…

ကရင်ဒေသတိုက်ပွဲတွေကြောင့် ထိုင်းကုန်ပစ္စည်းတွေ ဈေးနှုန်း မြင့်တက်လာ

မော်လမြိုင် ၊ ဇန်နဝါရီ (၁၄) ကရင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထိုင်း-မြန်မာနှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေ ပိတ်ထားလို့ ထိုင်းကုန် ပစ္စည်းတွေ ဈေးနှုန်း မြင့်တက်လာတယ်လို့ ကုန်သည်တွေက ပြောပါတယ်။ ကရင်ပြည်နယ် မြဝတီမြို့ အနီးမှာတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၅ ရက်နေ့ကစပြီး ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်း တပ်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ…