January 11, 2022

မွန်အမျိုးသားနေ့ ဗဟိုအခမ်းအနားကို နေရာပြောင်း ကျင်းပသွားမည်

မော်လမြိုင် ၊ ဇန်နဝါရီ (၁၁) လာမယ့် ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ ကျရောက်မယ့် ၇၅ ကြိမ်မြောက် စိန်ရတု မွန်အမျိုးသားနေ့ ဗဟိုအခမ်းအနားကို နေရာပြောင်းကျင်းပသွားမယ်လို့ အမျိုးသားနေ့ကျင်းပရေးကော်မတီ(ဗဟို)က ထုတ်ပြန်ပါတယ်။ မွန်အမျိုးသားနေ့ကို ကနဦးက ပြည်နယ်ခန်းမမှာ ကျင်းပသွားဖို့ စီစဉ်ထားပေမယ့် အခုအခါမှာတော့ မော်လမြိုင်မြို့ရှိ ရာမညရဌ ဗုဒ္ဓတက္ကသိုလ်မှာ ပြောင်းလဲကျင်းပသွားဖို့ ဆုံးဖြတ်ခဲ့တာပါ။ မွန်အမျိုးသားနေ့ကို အနှစ်သာရရှိရှိနဲ့…

မွန်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ အဂတိမှု ရုံးထုတ်စစ်ဆေး

မော်လမြိုင် ၊ ဇန်နဝါရီ (၁၁) ထောင်ဒဏ် ၂ နှစ် ချမှတ်ခံထားရတဲ့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိမှု ၉ မှုစလုံးအတွက် ဇန်နဝါရီ ၁၀ ရက်နေ့မှာ ရုံးထုတ် စစ်ဆေးခဲ့တယ်လို့ စစ်ကောင်စီနဲ့ နီးစပ်တဲ့သူတွေက ပြောပါတယ်။ အဆိုပါ ရုံးချိန်းမှာတော့ ဝန်ကြီးချုပ် ရှေ့နေအဖွဲ့က အဂတိမှုတွေအတွက် ပြန်လည်…

ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာ‌သော မြန်မာလုပ်သားများကို ဆက်တိုက်ဖမ်းဆီးခံရ

ဘန်ကောက်၊ ဇန်နဝါရီ ၁၀ ထိုင်းနိုင်ငံတွင်းသို့ တရားမဝင်ဝင်ရောက်မှုမှာ နေ့စဉ်မြင့်တက်နေသလို မြန်မာနိုင်ငံသားများကို ဖမ်းဆီးရမိမှု မှာလည်း နေ့စဉ်ရှိနေတယ်လို့ ထိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ယမန်နေ့က ထိုင်းနိုင်ငံအနောက်ဘက် နယ်ခြားမျဥ်းကို တရားမဝင် ဖြတ်သန်း၍ ခရိုင်မြို့တော်အတွင်းသို့ ဝင်ရောက်လာ သော မြန်မာနိုင်ငံသား ၂၉ ဦးကို ဖမ်းဆီးခဲ့သည်ဟု သက်ဆိုင်ရာရဲတပ်ဖွဲ့မှ ပြောကြားခဲ့သည်။ ထိုအထဲတွင် အမျိုးသား ၁၆ ဦးနှင့်…

မွန်ပြည်နယ်အတွင်းက ဟိုတယ်လုပ်ငန်းတွေ အရှုံးနဲ့ ရင်ဆိုင်နေရ

မော်လမြိုင် ၊ ဇန်နဝါရီ (၁၁) မွန်ပြည်နယ်အတွင်းက ဟိုတယ်လုပ်ငန်းတွေဟာ ခရီးသွားရာသီ ဖြစ်ပေမယ့် ခရီးသွားဝင်ရောက် တည်းခိုမှု နည်းပါးနေတာကြောင့် အရှုံးနဲ့ ရင်ဆိုင်နေရတယ်လို့ မွန်ပြည်နယ် ဟိုတယ်လုပ်ငန်းရှင်တွေက ပြောပါတယ်။ မွန်ပြည်နယ်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းမှာ ခရီးသွားဝင်ရောက်မှု အနည်းငယ်ရှိခဲ့ပေမယ့် အခုချိန်မှာတော့ ခရီးသွား ဝင်ရောက်မှု လုံးဝ မရှိသလောက် နည်းပါးနေတာကြောင့် ဟိုတယ်လုပ်ငန်းတွေ အရှုံးနဲ့ ရင်ဆိုင်နေရတာ…