ချောင်းဆုံမြို့နယ်ကို Stay at Home သတ်မှတ်၊ မွန်မှာ Stay at Home သတ်မှတ်တဲ့ မြို့နယ် ၅ မြို့နယ်ထိ ရှိလာ
ချောင်းဆုံ သြဂုတ် ၂၅ မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ကို နေအိမ်အတွင်း နေထိုင်ဖို့ Stay at Home သတ်မှတ်လိုက်ကြောင်း စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက သြဂုတ် ၂၄ ရက်နေ့ ညပိုင်းမှာ ကြေညာလိုက်ပါတယ်။ ချောင်းဆုံမြို့နယ်မှာ ကိုဗစ်အတည်ပြုလူနာ တွေ့ရှိနှုန်း ဆက်တိုက်မြင့်တက်လာတဲ့အတွက်ကြောင့် ရောဂါထိန်းချုပ်နိုင်ဖို့အတွက် နေအိမ်အတွင်း နေထိုင်ဖို့ Stay at Home သတ်မှတ်ရတာလို့ ဆိုထားပါတယ်။…