2021

သံလွင်ဥယျာဉ်မှာ တိတ်တဆိတ် လုပ်သွားတဲ့ မော်လမြိုင်က တပ်မတော် ထောက်ခံပွဲ

မော်လမြိုင်၊ အောက်တိုဘာ ၂၅ မွန်ပြည်နယ်၊မော်လမြိုင်မြို့ သံလွင်ဥယျာဉ်ပန်းခြံမှာ ဒီကနေ့ အောက်တိုဘာ ၂၅ ရက်နေ့ မနက်ပိုင်းက အိမ်စောင့်အစိုးရနဲ့ တပ်မတော်ကို ထောက်ခံကြောင်း ထောက်ခံပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဲဒီစစ်တပ်ထောက်ခံပွဲအတွက် ရဲနဲ့ စစ်သား အင်အား ၁၀၀ ကျော် လုံခြုံရေးယူပေးခဲ့ပြီး၊ စစ်တပ် မိသားစုဝင်တွေနဲ့ တပ်မတော်ထောက်ခံသူ ၂၀၀ လောက် တက်ရောက်ခဲ့ပါတယ်။ စစ်တပ် ထောက်ခံသူတွေဟာ…

မြန်မာနိုင်ငံ‌မြောက်ပိုင်းမှာ စစ်အင်အားဖြည့်တင်းမှုများကြောင့် အစုအလိုက်အပြုံလိုက် အကြမ်းဖက်ခံရမှု ဖြစ်ပေါ်မည်ကို ကုလသမဂ္ဂစိုးရိမ်နေ

ရန်ကုန်၊ အောက်တိုဘာ ၂၃ ဖေဖော်ဝါရီလ အာဏာသိမ်းမှုဖြစ်ပေါ်ချိန်ကတည်းက အဆိုးရွားဆုံးအဖြစ်အပျက်များနှင့် ရင်ဆိုင်နေရသည့် အ‌ရှေ့တောင်အာရှ နိုင်ငံတစ်နိုင်ငံဖြစ်သော မြန်မာနိုင်ငံသည် ၎င်း၏မြောက်ပိုင်းအတွင်း အာဏာသိမ်းစစ်ကောင်စီမှ အင်အားဖြည့်တင်းမှုများပြုလုပ်လာသောကြောင့် ပိုမိုကျယ်ပြန့်လာသည့် လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်စဥ်များကို စိုးရိမ်ကြောင်းဟု အောက်တိုဘာ ၂၂ ရက်နေ့တွင် ကုလသမဂ္ဂမှ ပြောကြားခဲ့သည်။ “ပိုမိုကျယ်ပြန်ကြီးမားတဲ့ အကြမ်းဖက်မှုများကို ရင်ဆိုင်ရနိုင်သောကြောင့် အဲ့ဒီဒေသမှာ ရှိနေတဲ့ မြန်မာနိုင်ငံသားတွေ ပြင်ဆင်နေကြသလို…

တိုက်ပွဲအခြေနေတွေကြောင့် တောင်သူတွေ စပါးရိတ်သိမ်းဖို့ ခက်ခဲနေ

သထုံ၊ အောက်တိုဘာ ၂၄ သထုံခရိုင်၊ ကျိုက်ထို၊ ဘီးလင်း၊ သထုံမြို့နယ်အတွင်း KNLA တပ်မဟာ(၁)နဲ့စစ်ကောင်စီတပ်တွေနဲ့ နီးစပ်တဲ့ နေရာတွေမှာ စပါးစိုက်ပျိုးထားတဲ့ ဒေသခံတောင်သူတွေအနေနဲ့ ယခုနှစ် မိုးစပါးရိတ်သိမ်းဖို့ အခက်ခဲတွေရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ လက်ရှိမှာ စပါးရိတ်သိမ်းချိန် နီးကပ်လာပေမယ့် KNLA တပ်မဟာ(၁)နဲ့ စစ်ကောင်စီတပ်တို့ နှစ်ဖက်ထိပ်တိုက် တိုက်ပွဲတွေဖြစ်နေတာကြောင့် စပါးရိတ်သိမ်းချိန်မှာ တောင်သူတွေရဲ့ အသက်အန္တရာယ်ထိခိုက်မှာကို စိုးရိမ်နေရတယ်လို့…

မြို့နယ် NLD ပါတီရုံး ၃ ရုံး ဗုံးဖောက်ခွဲခံရ

သထုံ၊ အောက်တိုဘာ ၂၄ မွန်ပြည်နယ်ရှိ ကျိုက်ထို၊ ဘီးလင်း၊ သထုံမြို့တွေမှာ ရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ မြို့နယ်ရုံး ၃ ရုံး အောက်တိုဘာလ ၂၃ ရက်နေ့ညက ဗုံးခွဲခံရတယ်လို့ သိရပါတယ်။ ဖြစ်စဉ်မှာ ည (၁၁) နာရီခွဲဝန်းကျင်ကစပြီး သုံးမြို့စလုံး၌ တပြိုင်နက်ထဲဖြစ်ပွါးခဲ့ခြင်းလည်းဖြစ်သည်။ “ညက ဗုံးပေါက်ကတာက အသံက အကျယ်ကြီးဘဲ ။ မြို့နယ် NLD…

ဒေါ်လာနှင့်ဘတ်ဈေး ပြန်ကျပေမယ့် စားသုံးဆီဈေးကတော့ ထက်ဝက်ကျော် မြင့်တက်နေ

မော်လမြိုင် ၊ အောက်တိုဘာ (၂၃) ဒေါ်လာဈေးနဲ့ ဘတ်ဈေးနှုန်း ပြန်လည် ကျဆင်းလာပေမယ့် ထက်ဝက်ကျော် မြင့်တက်နေတဲ့ စားသုံးဆီဈေးနှုန်းတွေ မကျသေးဘူးလို့ စားသုံးဆီရောင်းဝယ်သူတွေက ပြောပါတယ်။ စားသုံးဆီဈေးနှုန်းဟာ စစ်တပ် အာဏာသိမ်းပြီးနောက် သယ်ယူပို့ဆောင်ရေးစရိတ် ပိုမိုကုန်ကျလာတာ၊ မြန်မာ ငွေကြေးတန်ဖိုး ကျဆင်းလာမှုနဲ့အတူ ပြည်ပကနေ တင်သွင်းနေရတဲ့ စားသုံးဆီဈေးနှုန်းမှာလည်း ထက်ဝက်ကျော် မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ မွန်ပြည်နယ်ရဲ့ စားသုံးဆီဈေးကွက်မှာတော့…

ထိုင်းနိုင်ငံ၏ ခရိုင်/ဒေသန္တရ ၁၇ ခုအတွင်း ထုတ်ပြန်ထားသော ကာဖျူးလ်အမိန့် ရုတ်သိမ်းမည်

ဘန်ကောက်၊ အောက်တိုဘာ ၂၂ ဘန်ကောက်အပါအဝင် ထိုင်းနိုင်ငံ၏ ခရိုင်/ဒေသန္တရ ၁၇ ခုကို အောက်တိုဘာလ ၃၁ ရက်နေ့မှ စ၍ ကာဖြူးလ်အမိန့် ကို ရုတ်သိမ်းရန်အတွက် ထိုင်းဝန်ကြီးချုပ်မှ ညွှန်ကြားထားခဲ့ပြီး ၎င်းသည် နိုဝင်ဘာလ ၁ ရက်နေ့၌ ကာကွယ်ဆေး အပြည့်အဝထိုးနှံထားသော နိုင်ငံတကာခရီးသည်များကို ပြန်လည်ဖွင့်လှစ်မည့် အစီအစဥ်အတွက် အထောက်အပံ့ပြု စေရန်အတွက် ဖြစ်သည်။ ဗိုလ်ချုပ်ကြီး…

ချေးငွေတွေအား အခုလကုန် အကျေပြန်ဆပ်ဖို့ CDM ဝန်ထမ်းတွေကို စစ်ကောင်စီ ဖိအားပေး

မော်လမြိုင် ၊ အောက်တိုဘာ (၂၃) အာဏာသိမ်း စစ်ကောင်စီဟာ NLD အစိုးရလက်ထက်က နိုင်ငံဝန်ထမ်းတွေကို ထုတ်ချေးပေးထားတဲ့ ချေးငွေကို CDM ဝန်ထမ်းတွေအနေနဲ့ အခုလကုန်မှာ တစ်ခါတည်း အကျေပြန်ဆပ်ကြဖို့ ညွှန်ကြားလိုက်ပါတယ်။ စစ်ကောင်စီရဲ့ ညွှန်ကြားစာမှာတော့ CDM ဝန်ထမ်းတွေအနေနဲ့ ချေးငွေ ပြန်မဆပ်ရင် ဥပဒေအတိုင်း အရေးယူသွားမယ်လို့ ခြိမ်းခြောက်ထားကြောင်း ဝန်ထမ်းတစ်ဦးက အခုလို ပြောပါတယ်။ “…