လိုင်စင်မဲ့ယာဥ် မသုံးရဆိုတဲ့ စစ်ကောင်စီရဲ့ ညွှန်ကြားမှုကြောင့် လူမှုကယ်ဆယ်ရေးအဖွဲ့တွေ အခက်တွေ့
မော်လမြိုင် ၊ နိုဝင်ဘာ (၂၅) စစ်ကောင်စီက လိုင်စင်မဲ့ယာဉ်တွေ မသုံးဖို့ ညွှန်ကြားလာတဲ့အတွက်ကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဖို့ အခက်အခဲ ရှိလာတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။ အာဏာသိမ်း စစ်ကောင်စီဟာ မော်လမြိုင်မြို့နယ်အတွင်းက လူမှုကယ်ဆယ်ရေးအဖွဲ့တွေအနေနဲ့ လိုင်စင်မဲ့ မော်တော်ယာဉ်တွေ မသုံးဖို့ နိုဝင်ဘာ ၂၃ ရက်နေ့မှာ ခေါ်ယူသတိပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့လို ခေါ်ယူသတိပေးရာမှာ မှတ်ပုံမတင်ထားတဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေအနေနဲ့…