December 2021

လေးကေကော် စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာနဲ့ အနွေးထည်တွေ အရေးပေါ်လိုအပ်နေ

မော်လမြိုင် ၊ ဒီဇင်ဘာ (၁၇) ကရင်ပြည်နယ်၊ မြဝတီမြို့အနီးရှိ လေးကေကော်မြို့သစ်တိုက်ပွဲကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူအတွက် စားနပ်ရိက္ခာနဲ့ အနွေးထည်တွေ အရေးပေါ် လိုအပ်နေတယ်လို့ စစ်ရှောင်အရေး ကူညီနေသူတွေက ပြောပါတယ်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေကြောင့် လေးကေကော်မြို့သစ် နေထိုင်သူတွေအပါအဝင် မြို့အနီးကျေရွာတွေ ဖြစ်တဲ့ မဲ့ထော်သလေး၊ မင်းလက်ပံ၊ ဖလူးကြီး၊ ဖလူးလေး၊…

ယမ်း သုံးစွဲခွင့်မရလို့ မွန်က ကျောက်မိုင်းလုပ်ငန်းအများစု ရပ်နားလာကြ

မော်လမြိုင် ၊ ဒီဇင်ဘာ (၁၇) မွန်ပြည်နယ်အတွင်းက ကျောက်မိုင်းလုပ်ငန်းတွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် ယမ်းသုံးစွဲခွင့် ကန့်သတ်ခံရတဲ့အတွက်ကြောင့် လုပ်ငန်းအများစု ရပ်နားထားရတယ်လို့ ကျောက်မိုင်းလုပ်ငန်းရှင်တွေက ပြောပါတယ်။ မွန်ပြည်နယ်မှာတော့ အစိုးရက တရားဝင်ခွင့်ပြုထားတဲ့ ကျောက်မိုင်းလုပ်ငန်း (၁၃၀)နီးပါး ရှိပြီး နှစ်စဥ် ကျောက်တန်ချိန် ထောင်နဲ့ချီ ထုတ်လုပ်နေတာ ဖြစ်ပါတယ်။ အဲ့ဒီ ကျောက်မိုင်းလုပ်ငန်းတွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက်မှာတော့ ယမ်းသုံးစွဲခွင့်…

အင်ဒိုနီးရှားတွင် ခရီးသွားရာဇဝင်မရှိသူထံမှ ပထမဦးဆုံး အိုမီခရွန်ကိုဗစ်ရောဂါပိုးတွေ့

ဂျာကတာ၊ ဒီဇင်ဘာ ၁၆ အင်ဒိုနီးရှားနိုင်ငံတွင် ပထမဦးဆုံး အိုမီခရွန်ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဖြစ်စဥ်ကို စစ်ဆေးတွေ့ရှိထားပြီး နိုင်ငံရပ်ခြားခရီးသွားရာဇဝင်မရှိသူ ဆေးရုံဝန်ထမ်းတဦးထံမှ တွေ့ရှိခဲ့ရသည်ဟု ကျန်းမာရေးဝန်ကြီး ဘူဒီဂူနာဒီဆဒီကင် Budi Gunadi Sadikin မှ ပြောကြားခဲ့သည်။ ကျန်းမာရေးဝန်ကြီး၏ ပြောကြားချက်အရ လူထုအတွင်း ကူးစက်ပျံ့နှံ့မှုကို မတွေ့ရှိရသော်လည်း အမေရိကန်ပြည်ထောင်စုနှင့် ဗြိတိန်နိုင်ငံမှ ပြန်လာသော အင်ဒိုနီးရှားနိုင်ငံသား နှစ်ဦး၊ မာနာဒိုနှင့် မြောက်…

အစိုးရဆေးရုံတွေရဲ့ ကျန်းမာရေးစောက်ရှောက်မှု ထက်ဝက်ကျော် ကျဆင်း

မော်လမြိုင် ၊ ဒီဇင်ဘာ (၁၆) မွန်ပြည်နယ်မှာတော့ စစ်တပ် အာဏာသိမ်းပြီး ၁၀ လကျော် ကာလအတွင်းမှာ အစိုးရဆေးရုံတွေရဲ့ ပြည်သူတွေအပေါ် ကျန်းမာရေး စောင့်ရှောက်မှု ထက်ဝက်ကျော် ကျဆင်းလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက် လူထု အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM လုပ်ထားတဲ့အတွက် သူတို့ နေရာတွေမှာ စစ်ကောင်စီက အစားပြန်ထိုးနိုင်ခြင်း မရှိသေးတာ…

စစ်အာဏာသိမ်းမှုကြောင့် လူငယ်တွေ အလုပ်အကိုင်အခွင့်အလမ်း ပျောက်ဆုံးနေ

မော်လမြိုင် ၊ ဒီဇင်ဘာ (၁၆) စစ်တပ် အာဏာသိမ်းပြီး ၁၀ လကျော်ကာလအတွင်းမှာ မွန်ပြည်နယ်က လူမှုစီးပွား ထိခိုက်ကျဆင်းလာမှုနဲ့ အတူ လူငယ်တွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေပျောက်ဆုံးလာခဲ့ပါတယ်။ မွန်ပြည်နယ်အတွင်းက လူငယ်အများစုဟာ ပြည်ပနိုင်ငံတွေမှာ သွားရောက် အလုပ်လုပ်ကိုင်ပြီး ဝင်ငွေရှာနေကြတာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ် အာဏာသိမ်းယူမှုနဲ့အတူ ကိုဗစ်ကပ်ရောဂါကြောင့် နိုင်ငံခြားထွက်ခွင့်တွေ ကန့်သတ်မှုရှိနေလို့…

ဒီဇင်ဘာ ၂၀ မှ စတင်ပြီး စင်ကာပူ-မလေးရှားနှစ်နိုင်ငံကြား ကုန်းလမ်းမှ တဆင့် ဝင်ရောက်နိုင်တော့မည်

စင်ကာပူ၊ ဒီဇင်ဘာ ၁၅ စင်ကာပူနှင့် မလေးရှားနှစ်နိုင်ငံအကြား ခရီးသွားလာရေးအတွက် ဆေးထိုးပြီး ခရီးသွားခြင်းအစီအစဉ်ကို ဖွင့်လှစ်သွားမည်ဟု သိရသည်။ ဒီဇင်ဘာလ ၂၀ ရက်နေ့မှစတင်ပြီး စင်ကာပူနိုင်ငံသားများသည် မလေးရှားနိုင်ငံသို့ ဝင်ရောက်နိုင်မည် ဖြစ်သလို မလေးရှားနိုင်ငံသားများလည်း စင်ကာပူနိုင်ငံသို့ ဝင်ရောက်နိုင်မည်ဖြစ်သည်ဟု ကုန်သွယ်ရေး နှင့် စက်မှုရေးရာဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။ MTI ၏ ထုတ်ပြန်ချက်တွင် စင်ကာပူနှင့် မလေးရှားနိုင်ငံများအတွင်း လက်ရှိသတ်မှတ်ထားသည့်…

ပုလောမြို့နယ်မှာ စစ်ကောင်စီ အင်အား (၃၀၀)ကျော် တပ်စွဲထား

မော်လမြိုင်၊ ဒီဇင်ဘာ ၁၅ တနင်္သါရီတိုင်းဒေသကြီး ပုလောမြို့နယ် KNU တပ်မဟာ ၄ ထိန်းချုပ်နယ်မြေ ဒူးရင်းပင်ရှောင်ကျေးရွာနဲ့ အနီးပတ်ဝန်းကျင်ကျေးရွာတွေမှာ အင်အား ၃၀၀ နီးပါးရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ တပ်စွဲထားတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။ ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ အင်အားတိုးချဲ့လာတဲ့စစ်ကောင်စီတပ်ဖွဲ့တွေက ဒူးရင်းပင်ရှောင်ကျေးရွာရှိ ဘုရားကျောင်းဝင်းနှင့် လမ်းမကြီးဘေးရှိ အနီးအနားကျေးရွာတွေမှာ အင်အား (၃၀၀)နီးပါးနဲ့ ဝင်ရောက်တပ်ဆွဲထားတာလို့ ဒေသခံတစ်ဦးက…

တနင်္သာရီမှာ တပ်စွဲခွင့်မပေးတဲ့ ဘုန်းကြီးတွေကို စစ်ကောင်စီတပ်က ဖမ်းဆီးနေ

မော်လမြိုင် ၊ ဒီဇင်ဘာ (၁၅) တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင်က မြို့နယ်တချို့မှာ အာဏာသိမ်းစစ်ကောင်စီတပ်တွေက တပ်စွဲခွင့်မပေးတဲ့ ဘုန်းကြီးကျောင်းရှိ ရဟန်းသံဃာတော်တွေကို ဖမ်းဆီးတာနဲ့ ကျောင်းပိုင်ပစ္စည်းသိမ်းဆည်းတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ဒီဇင်ဘာ ၁၄ ရက်နေ့ မနက်ပိုင်းက သရက်ချောင်းမြို့နယ် ပိန်းတောကျေးရွာ၊ မှန်ကျောင်းဘုန်းကြီးကျောင်းမှာ တပ်စွဲခွင့်ပေးဖို့ လျှောက်ထားခဲ့ပေမယ် ဆရာတော်က တပ်စွဲခွင့် မပေးလို့…