December 2021

တနင်္သာရီတိုင်း တောင်ပျောက်တိုက်နယ်မှာ သွားလာခွင့်ကန့်သတ်ထားလို့ ရိက္ခာပြတ်လပ်မှာကို ဒေသခံတွေ စိုးရိမ်နေ

မော်လမြိုင် ၊ ဒီဇင်ဘာ (၁၉) တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ် အဝင်အထွက်လမ်းပိုင်းတွေမှာ စစ်ကောင်စီတပ်တွေက လုံခြုံရေးစခန်းချပြီး သွားလာခွင့်ကန့်သတ်ထားတာကြောင့် စားနပ်ရိက္ခာပြတ်လပ်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။ တောင်ပျောက်တိုက်နယ်ရဲ့ အဓိကအဝင်အထွက်လမ်းပိုင်းနှစ်ခုဖြစ်တဲ့ သဲချောင်းကြီးရွာဘက် လမ်းပိုင်းနဲ့ စော်ဖျာရွာဘက် လမ်းပိုင်းတွေဟာ အရင်က ရပ်ကျေးအုပ်ချုပ်ရေးမှူးထောက်ခံချက်နဲ့ စားသောက်ကုန် ဝယ်ခွင့်ရခဲ့ပေမယ့် အခုအခါ ဒီဇင်ဘာ ဒုတိယအပတ်ကစပြီး စစ်ကောင်စီတပ်တွေက ဖြတ်သန်းသွားလာခွင့် ကန့်သတ်လိုက်တာပါ။…

ထိုင်းနိုင်ငံ ကရာဘီခရိုင်အတွင်းက အကျဥ်းထောင်မှာ ဆူပူဆန္ဒပြမှုနှစ်ကြိမ်ဖြစ်ပွား၊ အဆောက်အချို့ မီးလောင်ကျွမ်း

ကရာဘီ၊ ဒီဇင်ဘာ ၁၈ ထိုင်းနိုင်ငံက ကရာဘီအကျဥ်း‌ထောင်အတွင်း ကြာသပတေးနေ့ ည ၁၀ နာရီခန့်က ပထမအကြိမ် အဓိကရုဏ်း ဖြစ်ပွားခဲ့ကာ နောက်ထပ် နာရီပေါင်း ၂၀ အတွင်း ဒုတိယအကြိမ် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီး နောက် အဆိုပါ အကျဥ်းထောင်တွင်း လုံခြုံရေးကို ပိုမိုတင်းကျပ်ထားကာ အခြေအနေလည်း တင်းမာလျက်ရှိသည်။ အကျဥ်းသားများက ယင်းတို့၏ အခန်းဆောင်များနှင့် အဝန်းအဝိုင်းအတွင်းရှိ အခြားသော…

လက်နက်ကြီးကျည် ကျပြီးနောက် ထိုင်းစစ်တပ်က စစ်ရေးလှုပ်ရှားမှု လုပ်လာ

မော်လမြိုင် ၊ ဒီဇင်ဘာ (၁၈) လေးကေကော်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ထိုင်းဘက်ကို ကျရောက်ပြီးနောက် ထိုင်းစစ်တပ်က မြန်မာနိုင်ငံနဲ့ နှစ်နိုင်ငံ နယ်စပ်မှာ စစ်ရေးလှုပ်ရှားမှု စတင် လုပ်ဆောင်လာတယ်လို့ ထွက်ပြေးတိမ်းရှောင်နေတဲ့ စစ်ရှောင်တွေက ပြောပါတယ်။ ထိုင်းစစ်တပ်ဟာ ထိုင်းမြန်မာနယ်စပ် မဲဆောက်ဘက်ခြမ်းမှာ စစ်တင့်ကားတွေ အပါအဝင် စစ်အင်အား ရာနဲ့ချီ အသုံးပြုပြီး စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်လာတာ…

မွန်က ယာဉ်လိုင်းတွေ ဆက်လက် ရပ်တည်ဖို့ အခက်ကြုံ

မော်လမြိုင် ၊ ဒီဇင်ဘာ (၁၈) မွန်ပြည်နယ်က အဝေးပြေးယာဉ်လိုင်းတွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် စက်သုံးဈေးနှုန်း မြင့်တက်လာတာ၊ ခရီးသည်ရရှိမှု နည်းပါးလားတဲ့အတွက်ကြောင့် ဆက်လက် ရပ်တည်ဖို့ အခက်အခဲတွေ ရှိလာကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် အဝေးယာဉ်လိုင်းတွေဟာ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တွေမှာ ငွေကြေး အဆမတန် တောင်းတာခံနေရတဲ့အတွက်ကြောင့် အရှုံးနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီအခြေအနေအတိုင်းသာ ဆက်သွားနေမယ်ဆိုရင်…

စစ်ကောင်စီကားတွေနဲ့ နီးကပ်စွာ မသွားလာကြဖို့ တနင်္သာရီ ဒေသခံ PDF က သတိပေး

မော်လမြိုင် ၊ ဒီဇင်ဘာ (၁၈) တနင်္သာရီတိုင်းမှာ စစ်အင်အား တိုးချဲ့လာတဲ့ စစ်ကောင်စီကားတွေနဲ့ နီးကပ်စွာ မသွားလာကြဖို့ တနင်္သာရီ ဒေသခံ PDF ဖြစ်တဲ့ ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့က ဒီကနေ့ ဒီဇင်ဘာမှာ ၁၇ ရက်နေ့မှာ သတိပေးစာ ထုတ်ပြန်လိုက်ပါတယ်။ လက်ရှိမှာတော့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ တိုက်ပွဲတွေဖြစ်နေတဲ့ ထားဝယ်မြို့နယ်နဲ့သရက်ချောင်းမြို့နယ်ရှိ ကျေးရွာအချို့ကို တပ်ချိန်းအပြောင်း ပြုလုပ်တာ၊ စစ်အင်အားတိုးချဲ့တာနဲ့ရိက္ခာပို့ဆောင်ရာတွေမှာ ထားဝယ်-သရက်ချောင်း-ပုလောလမ်းမကြီးကို…

စားကုန်တွေ ဈေးနှုန်း မြင့်တက်လာလို့ အခြေခံပြည်သူတွေ အခက်တွေ့

မော်လမြိုင် ၊ ဒီဇင်ဘာ (၁၈) မွန်ပြည်နယ်မှာတော့ စစ်တပ် အာဏာသိမ်းပြီး ၁၀လကျော် ကြာလအတွင်းမှာ ဟင်းသီးဟင်းရွက်နဲ့ အခြေခံစားသောက်ကုန် ပစ္စည်းတွေ ဈေးနှုန်း ဆက်လက် မြင့်တက်လာတဲ့အတွက်ကြောင့် ဘဝရပ်တည်ဖို့ ပိုမို အခက်အခဲ ဖြစ်လာတယ်လို့ အခြေခံပြည်သူတွေက ပြောပါတယ်။ အခြေခံစားသောက်ကုန်တွေထဲမှာတော့ ဟင်းသီးဟင်းရွက်တွေက ပြီးခဲ့တဲ့ ကာလတွေထက် ၃ ဆကျော် ဈေးနှုန်း ခုန်တက်သွားခဲ့တာ ဖြစ်ပါတယ်။…

မယ်လဒုက္ခသည်စခန်းဆန္ဒပြမှု ဦးဆောင်သူများကို အရေးယူမည်

ဘန်ကောက်၊ ဒီဇင်ဘာ ၁၇ ထိုင်းနိုင်ငံ၊ တာခ့်ခရိုင် ထန်ဆောင်ယန်ခရိုင်ခွဲရှိ မယ်လဒုက္ခသည်စခန်း၌ အင်္ဂါနေ့က ဖြစ်ပွားခဲ့သော အဓိ ကရုဏ်း အတွင်း နိုင်ငံပိုင်ပစ္စည်းများကို မီးရှို့ဖျက်ဆီးသည့် ဆောင်ရွက်ချက်နှင့် စပ်လျဥ်းပြီး ဥပဒေကြောင်း အရ အ‌ရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဟု ထိုင်းအာဏာပိုင်များမှ ပြောကြားခဲ့သည်။ ခရိုင်ဒေသန္တရ အုပ်ချုပ်သူအရာရှိ ဆွန်ချိုင်းကစ်ချရွန်ရမ်ရော့က စခန်းအတွင်းရှိ ဒုက္ခသည် တစ်စုသည် ကိုဗစ် ၁၉…

သထုံမြို့နယ်၊ ကေအဲန်ယူနယ်မြေအတွင်း မနက် ၆ နာရီမှ ညနေ ၆ နာရီ အထိသာ သွားလာရန်အပါအဝင် အချက် ၄ ချက်ထုတ်ပြန်

မော်လမြိုင်၊ ဒီဇင်ဘာ ၁၇ ကေအဲန်ယူ-သထုံခရိုင်၊ သထုံမြို့နယ်ထဲမှာ မနက် ၆ နာရီမှ ညနေ ၆ နာရီ အထိသာ သွားလာရန်အပါအဝင် အချက် ၄ ချက်ကို ဒီဇင်ဘာလ ၁၅ ရက်နေ့က KNLA တပ်မဟာ(၁) သထုံမြို့နယ် အလုပ်အမှုဆောင်ကော်မတီမှ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ KNLA တပ်မဟာ(၁)နယ်မြေအတွင်းကို ဒေသခံ ပြည်သူတွေနဲ့အတူ ရောနှောသွားလာနေပြီး…