December 2021

မွန်ပြည်နယ်မှာ ရွှေဈေး ၁၈ သိန်းကျော်ထိ ပြန်လည် မြင့်တက်လာ

မော်လမြိုင် ၊ ဒီဇင်ဘာ (၂၄) မွန်ပြည်နယ်မှာ အခုရက်ပိုင်းအတွင်း မီးလင်း အခေါက်ရွှေဈေး တစ်ကျပ်သားကို ၁၈ သိန်းကျော် တကျော့ပြန် ပြန်လည် မြင့်တက် လာတယ်လို့ မွန်ပြည်နယ် ရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။ ရွှေဈေးနှုန်းဟာ စစ်တပ် အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်နေတဲ့ ဒေါ်လာဈေးနဲ့ ဘတ်ဈေးတွေ မြင့်တက်ပြီး မတည်ငြိမ်တာ၊ ကမ္ဘာ့ရွှေဈေး မြင့်တက်နေတာနဲ့ မြန်မာ့ငွေကြေး တန်ဖိုး…

NCA စာချုပ်ဟာ ချိုးဖောက်ခံရတဲ့ စာချုပ် တစ်ရပ် ဖြစ်သွားပြီးလို့ PPST ပြော

မော်လမြိုင် ၊ ဒီဇင်ဘာ (၂၄) တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် NCA ဟာ ချိုးဖောက်ခံရတဲ့ စာချုပ် တစ်ရပ်ဖြစ်သွားပြီးလို့ အပစ်ရပ် ၁၀ ဖွဲ့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST က ပြောဆိုလိုက်ပါတယ်။ အာဏာသိမ်း စစ်ကောင်စီဟာ အခုနောက်ပိုင်းမှာ NCA စာချုပ် လက်မှတ်ရေးထိုးထားတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU အပါအဝင်…

စစ်ရှောင်တွေကို ထိုင်းအစိုးရအနေနဲ့ အပြည့်အဝ အကူအညီပေးဖို့ ကရင်အဖွဲ့အစည်းတွေ တောင်းဆို

မော်လမြိုင် ၊ ဒီဇင်ဘာ (၂၄) တိုက်ပွဲကြောင့် တိမ်းရှောင်ထွက်ပြေးနေရတဲ့ စစ်ဘေးရှောင်တွေကို ထိုင်းအစိုးရအနေနဲ့ လိုအပ်နေတဲ့ အကူအညီ အပြည့်အဝ ကူညီပေးဖို့ ကရင်အမျိုးသားအစည်းအရုံး (KNU) အပါအဝင် စစ်ရှောင်အရေး ကူညီပေးနေတဲ့ ကရင်အရပ်ဘက်အဖွဲ့အစည်းတွေက တောင်းဆိုလိုက်ပါတယ်။ ဒီဇင်ဘာ ၁၅ ရက်နေ့ကစပြီး လေးကေကော်မြို့သစ်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ စစ်ကောင်စီတပ်တို့အကြား စတင်ဖြစ်ပွားခဲ့တဲ့ စစ်ရေးပဋိပက္ခကြောင့် လေးကေကော်နဲ့…

ဟောင်ကောင်တက္ကသိုလ်အတွင်းရှိ တိန်အန်မင်အမှတ်တရရုပ်ထုကို ဖြိုချဖျက်ဆီးကာ ဖယ်ရှားခဲ့

ဟောင်ကောင်၊ ဒီဇင်ဘာ ၂၃ ဟောင်ကောင်တက္ကသိုလ်သည် တရုတ် Tiananmen Square အတွင်းရှိ ဒီမိုကရေစီ အရေး တက်ကြွ လှုပ်ရှားသူများကို သတ်ဖြတ်ခဲ့သော ၁၉၈၉ ခုနှစ် အဖြစ်အပျက်ကို ရာစုနှစ် ၂ ခုကျော်အကြာ အထိမ်း အမှတ်အဖြစ်ထားရှိသည့် ရုပ်ထုကို ဖြိုချဖျက်ဆီး၍ တက္ကသိုလ်ပရဝုဏ်အတွင်း မှ ဖယ်ရှားလိုက်ပြီ ဖြစ်သည်။ ထိုအနုပညာလက်ရာမှာ မြို့တော်အတွင်း အနည်းဆုံးကျန်ရှိနေသေးသည့်…

လျှပ်စစ်မီး မကြာခဏ ပြတ်နေလို့ စက်မှုလုပ်ငန်းတွေ လည်ပတ်ဖို့ အခက်ကြုံ

မော်လမြိုင် ၊ ဒီဇင်ဘာ (၂၃) မွန်ပြည်နယ်အတွင်းမှာ လျှပ်စစ်မီး မကြာခဏ ပြတ်တောက်မှုတွေ ဖြစ်ပေါ်နေတာကြောင့် အသေးစားနဲ့ အလတ်စား စက်မှု လက်မှုလုပ်ငန်းတွေ လုပ်ငန်းလည်ပတ်ဖို့ အခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့ စက်မှု လုပ်ငန်းရှင်တွေက ပြောပါတယ်။ စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်ဖြန့်ဖြူးရေးဌာနဟာ အခုအခါ လျှပ်စစ်မီးတွေကို တစ်နေ့ ၂ ကြိမ်နီးပါး ဖြတ်တောက်တာတွေ ရှိနေသလို တစ်ခါ…

ပြည်ပအဝယ်နည်းနေလို့ မွန်ပြည်နယ်ထွက် မတ်ပဲနဲ့ ပဲပုတ် ဈေးနှုန်း ထိုးကျ

မော်လမြိုင် ၊ ဒီဇင်ဘာ (၂၃) ပြည်ပအဝယ်နည်းနေတဲ့အတွက်ကြောင့် မွန်ပြည်နယ်ထွက် မတ်ပဲနဲ့ ပဲပုတ်ဟာ ပြီးခဲ့တဲ့ ၃ လနဲ့ နှိုင်းယှဉ်ရင် တစ်တင်းကို ကျပ် တစ်သောင်း ကျော်ထိ ဈေးနှုန်းကျဆင်းလာတယ်လို့ ပဲလုပ်ငန်းရှင်တွေက ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလမှာ တစ်တင်း ကျပ် ၅၀၀၀၀ ကျော်ထိ ရှိခဲ့တဲ့ မတ်ပဲဟာ ဒီဇင်ဘာလမှာတော့ တစ်တင်း ကျပ်…

ကရင်က စစ်ရှောင်တွေအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ အရေးပေါ်လိုအပ်နေ

မော်လမြိုင် ၊ ဒီဇင်ဘာ (၂၃) ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်းက စစ်ရေးပဋိပက္ခတွေကြောင့် ထွက်ပြေးတိမ်းရှောင်ရတဲ့ စစ်ရှောင်ပြည်သူတွေအတွက် လူသားချင်းစာနာ ထောက်ထားမှု အကူအညီတွေ အရေးပေါ် လိုအပ်နေတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။ ဒီကနေ့မှာတော့ မြဝတီမြို့နယ် သေဘောဘိုးကျေးရွာထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ထပ်မံပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် ရွာသူရွာသားတွေဟာ ထိုင်းနိုင်ငံဘက်ကို ထပ်မံတိမ်းရှောင်ထွက်ပြေးနေရတာ ဖြစ်ပါတယ်။ တိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်တွေအတွက် လတ်တလောမှာ…

Test and Go အစီအစဥ်ဖြင့် ဝင်ရောက်ခွင့်ကို ဆိုင်းငံ့ထားသော်လည်း မကြာသေးမီက ခွင့်ပြုထားသော ဧည်သည့်များကိုမူ ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်ပေးထား

ဘန်ကောက်၊ ဒီဇင်ဘာ ၂၂ ဆိုင်းငံ့လိုက်ပြီဖြစ်သည့် Test and Go အစီအစဥ်မှတဆင့် ကွာရန်တင်းလိုအပ်ချက်မရှိဘဲ ထိုင်းနိုင်ငံ အတွင်းသို့ ဝင်ရောက်ခွင့်ရရှိထားသည့် ခရီးသည် ၂၀၀,၀၀၀ ကျော်နှင့်ပတ်သက်သည့် အခြေအနေများကို ထိုင်းအစိုးရမှ တရားဝင်ရှင်းလင်းထုတ်ပြန်ခဲ့သည်။ ထိုထုတ်ပြန်ချက်အရ ကိုဗစ်အခြေအနေထိန်းချုပ်ရေးဗဟိုစင်တာ (CCSA) သည် Test and Go အစီအစဥ်ကို ဗုဒ္ဓဟူးနေ့မှစ၍ ရွှေ့ဆိုင်းလိုက်ပြီဖြစ်သော်လည်း မကြာသေးမီက အတည်ပြုရရှိထားသူများအနေဖြင့်…

ကော့ကရိတ်ထဲကို စစ်ကောင်စီတပ် အင်အား ၁၀၀ ခန့် ထပ်မံရောက်ရှိလာ

မော်လမြိုင်၊ ဒီဇင်ဘာ ၂၂ စစ်ရေးတင်းမာမှုတွေရှိနေတဲ့ ကော့ကရိတ်မြို့နယ် အာရှလမ်းမအနီးက ကော့နွဲ့ရွာထဲကို စစ်ကောင်စီတပ်အင်အား ၁၀၀ ခန့် ထပ်မံရောက်ရှိလာတယ်လို့ ကေအဲန်ယူ ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ထားပါတယ်။ ကေအဲန်ယူထိန်းချုပ်နယ်မြေဖြစ်တဲ့ ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ် ကော့နွဲ့ရွာထဲကို ဒီကနေ့ မနက် ၅ နာရီခွဲအချိန်က အင်အား ၁၀၀ ခန့်ရှိတဲ့ စစ်ကောင်စီတပ်က နယ်မြေကျူးကျော်ရောက်ရှိလာတာလို့ ထုတ်ပြန်ချက်မှာပါရှိတာပါ။ ဒီလို စစ်ကောင်စီတပ်ရောက်ရှိလာတာကြောင့်…