December 2021

ကရင်ပြည်နယ်က တိုက်ပွဲတွေကြောင့် ထိုင်းကုန်ပစ္စည်းပြတ်လတ်လို့ ဈေးနှုန်းမြင့်တက်လာ

မော်လမြိုင် ၊ ဒီဇင်ဘာ (၂၆) ကရင်ပြည်နယ် အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် နယ်စပ်ကုန်သွယ်ရေး ရပ်တန့်မှုတွေ ရှိနေတဲ့အတွက် ထိုင်းကုန်ပစ္စည်းတွေ ဈေးနှုန်း မြင့်တက်လာတယ်လို့ ကုန်သည်တွေက ပြောပါတယ်။ ကရင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၅ ရက်နေ့က စတင်ပြီး ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့တာ…

ကမ္ဘောဒီးယားအာဏာရပါတီမှ ဝန်ကြီးချုပ် ဟွန်ဆန်း၏ အကြီးဆုံးသားကို အနာဂတ်ခေါင်းဆောင် အဖြစ် အတည်ပြုထောက်ခံ

ဖနွမ်ပင်၊ ဒီဇင်ဘာ ၂၅ ကမ္ဘောဒီးယားနိုင်ငံ၏ ကာလရှည် အာဏာရပါတီသည် ဝန်ကြီးချုပ် ဟွန်ဆန်း၏ အကြီးဆုံးသားကို အနာဂတ် ဝန်ကြီးချုပ်အဖြစ် ထောက်ခံရန် ဆန္ဒမဲပေးခဲ့ပြီးနောက် နိုင်ငံ့အာဏာကို ၃၆ နှစ်ကျော်ကြာ ရယူထားသည့် သူ၏ ဖခင်နေရာတွင် မည်သည့်ကာလ၌ တာဝန်ယူမည်ဟူသော အချိန်ကန့်သတ်ချက်ကို ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ပေ။ ကမ္ဘောဒီးယား လူထုပါတီ၏ ထုတ်ပြန်ချက်တွင် ဗဟိုကော်မတီသည် အသက် ၄၄ နှစ်အရွယ်…

စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးကိစ္စရပ်တွေမှာ ကြံ့ခိုင်ရေးပါတီက ပါဝင် ပတ်သက်လာ

မော်လမြိုင် ၊ ဒီဇင်ဘာ (၂၅) မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးကိစ္စရပ်တွေမှာ ကြံ့ခိုင်ရေးပါတီက ပါဝင် ပတ်သက်လာတယ်လို့ ရုံးတက်နေတဲ့ ဝန်ထမ်းတွေက ပြောပါတယ်။ ကြံ့ခိုင်ရေးပါတီရဲ့ ပြည်နယ်၊ခရိုင်၊မြို့နယ်တွေက ပါတီခေါင်းဆောင်တွေဟာ အခုနောက်ပိုင်းမှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး ကိစ္စရပ်တွေ ဖြစ်တဲ့ အစည်းအဝေးတွေ၊ ရပ်ရွာလုံခြုံရေး အပါအဝင် အမိန့်ညွှန်ကြား ထုတ်ပြန်ရာမှာ အကြံဉာဏ်ပေးတာ၊ ပူးပေါင်း ပါဝင်ဆောင်ရွက်တာတွေ…

ထားဝယ်ခရိုင်မှာ စစ်ကောင်စီအင်အား ထပ်တိုးလာလို့ နှစ်ဖက် စစ်ရေးတင်းမာနေ

မော်လမြိုင် ၊ ဒီဇင်ဘာ (၂၅) တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်ထဲက ထားဝယ်နဲ့သရက်ချောင်းမြို့နယ်တွေမှာ စစ်ကောင်စီဘက်က အင်အား ထပ်တိုးလာတဲ့အတွက်ကြောင့် နှစ်ဖက် စစ်ရေးတင်းမာနေတယ်လို့ ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။ စစ်ကောင်စီဘက်က ဒီဇင်ဘာ (၂၃)ရက်နေ့ကစပြီး ပုလောဘက်ကနေ အင်အား ၁၀၀ ကျော် ပါဝင်တဲ့ ကား ၁၀ စီးနဲ့ ထားဝယ် ၊ သရက်ချောင်းဘက်ကို ထပ်မံအင်အားဖြည့်တင်းလာခဲ့တာ ဖြစ်ပါတယ်။…

မွန်မှာ ဆန်သစ်ပေါ်တဲ့ ကာလမှာပဲ ဆန်းဈေနှုန်း မြင့်တက်လာ

မော်လမြိုင် ၊ ဒီဇင်ဘာ (၂၅) မွန်ပြည်နယ်မှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် ဆန်သစ်ပေါ်တဲ့ ကာလမှာပဲ ဆန်ဈေးနှုန်း မြင့်တက်မှုနဲ့ ရင်ဆိုင်နေရတယ်လို့ ဆန်ကုန်သည်တွေက ပြောပါတယ်။ အရင်နှစ်တွေက ဆန်သစ်ပေါ်တဲ့ကာလတွေမှာ ဆန်ဈေးနှုန်း ကျဆင်းခဲ့ပေမယ့် ဒီနှစ်မှာ ဈေးနှုန်း ဆက်လက် မြင့်တက်လာတာ ဖြစ်ပါတယ်။ ဆန်ဈေးနှုန်းဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ပထမအပတ်မှာ ပေါ်ဆန်း တစ်အိတ် ကျပ်…

နိုင်ငံတကာအနေနဲ့ စစ်ကောင်စီတပ်ကို အမြန်ဆုံး အရေးယူမှုတွေ လုပ်ပေးဖို့ KNU တောင်းဆို

မော်လမြိုင် ၊ ဒီဇင်ဘာ (၂၅) အာဏာသိမ်း စစ်ကောင်စီဟာ ဒီဇင်ဘာလ (၂၃)ရက်နေ့ညမှာ ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေ တပ်မဟာ (၆)ရှိ လေးကေကော်မြို့သစ်နဲ့ ထီးမယ်ဝါးခီးဒေသတွေကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့သလို လက်နက်ကြီးနဲ့အချက်ပေါင်းများစွာ ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးထားတဲ့ နေရာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်တာဟာ အင်မတန် ဆိုးဝါးတဲ့ လုပ်ရပ် ဖြစ်တယ်လို့ KNU…

ဘန်ကောက်မှာကျင်းပမည့် နှစ်သစ်ကူးပွဲတော်အစီအစဉ်တွေကို ပယ်ဖျက်

ဘန်ကောက်၊ ဒီဇင်ဘာ ၂၄ အိုမီခရွန်ကူးစက်မှုဖြစ်စဥ်များ တစ်ဟုန်ထိုး မြင့်တက်လာမှုကြောင့် နှစ်သစ်ကူးကို အမှတ်ရစေရန် ဘန်ကောက်မြို့အတွင်း ပြင်ဆင်ထားရှိသည့် ပွဲတော်များအားလုံးကို ပယ်ဖျက်လိုက်ပြီဟု မြို့တော်ခန်းမမှ ဆုံးဖြတ်ချက်ချမှတ်ခဲ့ပြီး ပုဂ္ဂလိကကဏ္ဍမှ ကျင်းပရန် စီစဥ်ထားသည့် နှစ်သစ်ကူးပွဲတော်များကိုမူ တင်းကြပ် သော ကြိုတင်ကာကွယ်မှု အစီအမံများအောက်တွင် ကျင်းပဖို့ ခွင့်ပြုထားသည်ဟု သိရသည်။ CCSA ဥက္ကဌ၊ အမျိုးသားလုံခြုံရေးကောင်စီအထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် ဆူပွတ်မလာနီယမ်က…