မော်လမြိုင် ၊ ဒီဇင်ဘာ (၁၈)

လေးကေကော်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ထိုင်းဘက်ကို ကျရောက်ပြီးနောက် ထိုင်းစစ်တပ်က မြန်မာနိုင်ငံနဲ့ နှစ်နိုင်ငံ နယ်စပ်မှာ စစ်ရေးလှုပ်ရှားမှု စတင် လုပ်ဆောင်လာတယ်လို့ ထွက်ပြေးတိမ်းရှောင်နေတဲ့ စစ်ရှောင်တွေက ပြောပါတယ်။

ထိုင်းစစ်တပ်ဟာ ထိုင်းမြန်မာနယ်စပ် မဲဆောက်ဘက်ခြမ်းမှာ စစ်တင့်ကားတွေ အပါအဝင် စစ်အင်အား ရာနဲ့ချီ အသုံးပြုပြီး စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်လာတာ ဖြစ်ပါတယ်။

ကရင်ပြည်နယ်၊ KNU တပ်မဟာ ၆ နယ်မြေအတွင်းရှိ လေးကေ့ကော်မြို့သစ်မှာ မနေ့က စစ်ကောင်စီတပ်နဲ့ KNLA တပ်မတော်တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျဉ် ထိုင်းနိုင်ငံဘက်ကို ကျရောက်ခဲ့တာ ဖြစ်ပါတယ်။

လက်နက်ကြီးကျဉ် ကျရောက်မှုကြောင့် ထိုင်းအာဏာပိုင်တွေက စစ်ကောင်စီဘက်ကို နှစ်နိုင်ငံနယ်စပ်ကော်မတီကတစ်ဆင့် ကန့်ကွက်အကြောင်းကြားစာပေးပို့ထားတာ ဖြစ်ပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ထိုင်းဘက်ကတော့ နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးလာရင် လက်တုံ့ပြန်ဖို့ အသင့်ရှိတယ်လို့ ဆိုထားပါတယ်။

လက်ရှိမှာတော့ ထိုင်းနိုင်ငံမှာ မြန်မာထွက်က ထွက်ပြေးတိမ်းရှောင်လာတဲ့ ပြည်သူ ၂၀၀၀ ကျော်ကို စာသင်ကျောင်းတွေမှာ နေရာချပြီး ခိုလှုံခွင့်ပေးအပ်ထားတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.