December 8, 2021

ရာသီဥတုအအေးဒဏ်ကြောင့် စစ်ရှောင်တွေအတွက် အနွေးထည်နဲ့ ဆေးဝါးတွေ အရေးပေါ် လိုအပ်နေ

မော်လမြိုင် ၊ ဒီဇင်ဘာ (၈) တိုက်ပွဲတွေကြောင့် တောတောင်တွေထဲကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဖာပွန်ခရိုင်ထဲက စစ်ဘေးရှောင်ပြည်သူတွေဟာ အခုဆောင်းရာသီကာလမှာ ရာသီဥတုအအေးဒဏ်ကြောင့် အနွေးထည်နဲ့ ဆေးဝါးတွေ အရေးပေါ် လိုအပ်နေတယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေက ပြောပါတယ်။ ဖာပွန်ခရိုင်ထဲမှာ စစ်ရေးပဋိပက္ခကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်အရေအတွက်ဟာ ၈၀၀၀၀ ကျော်ရှိနေတာ ဖြစ်ပါတယ်။ တောတောင်တွေထဲကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူတွေမှာ အမိုးအကာမလုံတဲ့အတွက်ကြောင့် ရာသီဥတု အအေးဒဏ်ကို…

သထုံမှာ ဗုံးပေါက်ကွဲမှု (၅)ကြိမ်ထက်မနည်း ဆက်တိုက်ဖြစ်

သထုံ၊ ဒီဇင်ဘာ ၈ သထုံမြို့နယ်အတွင်းက ကျေးရွာရပ်ကွက်တွေမှာ စစ်ကောင်စီနဲ့ ဆက်စပ်တဲ့ နေရာတွေကို မွန်-သထုံ အထူးကာကွယ်ရေးတပ်ဖွဲ့က ဆက်တိုက် ဗုံးဖောက်ခွဲ တိုက်ခိုက်ခဲ့ပါတယ်။ ဒီဇင်လ ၈ ရက်နေ့ မနက် ၉ နာရီခန့်က နန်းခဲရပ်ကွက်ရှိ မြို့နယ်စည်ပင်သာယာအဖွဲ့ရုံးအုတ်စည်းရိုးနားမှာ ဗုံးဖောက်ခွဲခဲ့ပြီး ထိခိုက်မှုတစ်စုံတစ်ရာမရှိခဲ့ဘူးလို့ သိရပါတယ်။ ဒီဇင်ဘာလ ၇ ရက်နေ့ နေ့လည် ၁ နာရီကျော်မှာ…

မွန်က မွေးမြူရေးလုပ်ငန်းတွေ အပြီးပိုင်ရပ်နားရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရ

မော်လမြိုင် ၊ ဒီဇင်ဘာ (၈) စစ်တပ် အာဏာသိမ်းပြီး ၁၀ လကျော်ကာလအတွင်းမှာ မွန်ပြည်နယ်အတွင်းက မွေးမြူရေးလုပ်ငန်းတွေဟာ အပြီးပိုင်ရပ်နားရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ မွေးမြူရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။ မွေးမြူရေးလုပ်ငန်းတွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် နိုင်ငံခြားက တင်သွင်းနေရတဲ့ သွင်းအားစု ကုန်ပစ္စည်းတွေ ဖြစ်တဲ့ မွေးမြူရေးအစာနဲ့ ဆေးဝါးဈေးနှုန်း ၂ ဆနီးပါးမြင့်တက်လာတာ၊ ထုတ်လုပ်မှု ကုန်ကျစရိတ် ကြီးမြင့်နေတဲ့…