စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ကမ္ဘောဒီးယားနိုင်ငံသို့ အလည်အပတ်ရောက်ရှိ
ဖနွမ်ပင်၊ ဒီဇင်ဘာ ၇ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံပုန်ကန်ရေးလှုံ့ဆော်မှုနှင့် ကိုဗစ် ၁၉ ဥပဒေကို ချိုးဖောက်မှုအတွက် ထောင် ဒဏ်အမိန့်ချမှတ်ခဲ့သော မြန်မာစစ်အစိုးရသည် တစ်ကမ္ဘာလုံးထံမှ ပြစ်တင်ရှုတ်ချမှုကို လက်ခံရရှိပြီး နောက်တနေ့တွင် မြန်မာစစ်တပ်မှခန့်အပ်တာဝန်ပေးသည့် နိုင်ငံခြားရေးဝန်ကြီးဝဏ္ဏမောင်လွင်သည် အင်္ဂါ နေ့တွင် ကမ္ဘောဒီးယားနိုင်ငံသို့ရောက်ရှိလာပြီး တွေဆုံဆွေးနွေးမှုတစ်ရပ်ကို ကျင်းပခဲ့သည်ဟု သိရသည်။ ဝဏ္ဏမောင်လွင်သည် ဖနွမ်ပင်မြို့ရှိ ငြိမ်းချမ်းရေးနန်းတော် (Peace Palace) ၌…