December 4, 2021

ထိုင်းတောင်ပိုင်းရှိ ခရိုင် (၂၃)ခုကို ဘေးအန္တရာယ်ဇုံများအဖြစ် ကြေငြာ

နခွန်ဆီထမာဆက်၊ ဒီဇင်ဘာ ၃ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ‌ရေစီးဆင်းမှုများမှတဆင့် ‌ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့သောကြောင့် ထိုင်းနိုင်ငံတောင်ပိုင်းရှိ ခရိုင်ခွဲ ၂၃ ခုကို ဘေးအန္တရာယ်ဇုံများအဖြစ် သတ်မှတ်ကြေငြာခဲ့သည်။ ခရိုင်/ဒေသန္တရ အုပ်ချုပ်သူအရာရှိ Kraisorn Wisitwong (ခရိုင်ဆွန်ဝီဆစ်ဝန်)သည် အဆိုပါခရိုင်ဒေသန္တရတစ်ခုလုံးကို ဘေးအန္တရာယ်ဇုံအဖြစ် သောကြာနေ့က ကြေငြာခဲ့သည်။ အဆိုပါထုတ်ပြန်ကြေငြာချက်မှ ကယ်ဆယ်ရေး သမားများနှင့် အာဏာပိုင်များကို ကယ်ဆယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ရန် တရားဝင် လုပ်ပိုင်ခွင့် ပေးအပ်ထားမည်ဖြစ်ပြီး…

မွန်ပြည်နယ်မှာ ငါးသယံဇာတ ရှားပါးမှုကို ရင်ဆိုင်နေရ

မော်လမြိုင် ၊ ဒီဇင်ဘာ (၄) မွန်ပြည်နယ်မှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် တရားမဝင် ငါးဖမ်းဆီးတာနဲ့ငါးရစ်ငါးသန် ကာလမှာ ငါးဖမ်းဆီးခဲ့တဲ့အတွက်ကြောင့် ငါးသယံဇာတ ရှားပါးလာမှု ပြဿနာကို ရင်ဆိုင်နေရပြီး ဖြစ်ပါတယ်။ လက်ရှိကာလမှာတော့ ငါးဖမ်းဆီးရာမှာ ငါးရရှိမှု လျော့နည်းလာတာ၊ ဖမ်းဆီးရမိတဲ့ ငါးတွေကလည်း အရွယ်အစား သေးငယ်လာတဲ့အတွက်ကြောင့် ရောင်းတန်မဝင်တဲ့ အခက်အခဲကို ကြုံတွေ့နေရတာ ဖြစ်ပါတယ်။ အခုလို ငါးသယံဇာတတွေ…

အိုမီခရွန် ဗိုင်းရပ်စ် တစ်လအတွင်း ရောက်လာနိုင်လို့ ကြိုတင်ပြင်ဆင်ထားဖို့ ဆရာဝန်တွေ သတိပေး

မော်လမြိုင် ၊ ဒီဇင်ဘာ (၄) ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ် အိုမီခရွန်ဟာ မြန်မာနိုင်ငံကို တစ်လအတွင်း ရောက်နိုင်တဲ့အတွက်ကြောင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းတွေအတွက် အဆင့်သင့်ပြင်ထားဖို့ လိုအပ်နေပြီးလို့ ကိုဗစ်အရေးကူညီနေတဲ့ ဆရာဝန်တွေက သတိပေး ပြောဆိုလိုက်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ် အိုမီခရွန်ကို မနေ့က အိန္ဒိယနိုင်ငံတောင်ပိုင်းမှာ ရောဂါကူးစက်ခံရသူ ၂ ဦး တွေ့ရှိခဲ့တယ်လို့ အိန္ဒိယအာဏာပိုင်တွေက ထုတ်ပြန်လိုက်ပါတယ်။ ပြီးခဲ့တဲ့ ကိုဗစ်တတိယလှိုင်းတုန်းက အိန္ဒိယနိုင်ငံမှာ…