December 3, 2021

ချောင်းဆုံက ဆေးတံ လက်မှုလုပ်ငန်းတွေ ပိတ်သိမ်းထားရ

မော်လမြိုင် ၊ ဒီဇင်ဘာ (၃) စစ်တပ် အာဏာသိမ်းတာနဲ့ ကိုဗစ်ကပ်ရောဂါ သက်ရောက်မှုတွေကြောင့် မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်က ဆေးတံ လက်မှုလုပ်ငန်းတွေ ပိတ်သိမ်းထားရတယ်လို့ ဆေးတံလုပ်ငန်းရှင်တွေက ပြောပါတယ်။ ဆေးတံလက်မှု လုပ်ငန်းတွေဟာ ခရီးသည် ဝင်ရောက်မှု နည်းပါးလာတာ၊ ပြည်တွင်း၊ပြည်ပက မှာယူသူ မရှိတော့တဲ့ အတွက်ကြောင့် လုပ်ငန်းတွေ ပိတ်သိမ်းလိုက်ရတာ ဖြစ်ပါတယ်။ သစ်သားကို အခြေခံပြီး ဆေးတံ…

KNU ဖာပွန်ခရိုင်ထဲက တပ်စခန်း (၁၁)ခုကို စစ်ကောင်စီ စွန့်ခွာ

မော်လမြိုင် ၊ ဒီဇင်ဘာ (၃) ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင်ထဲက စစ်ကောင်စီ တပ်စခန်း ၁၁ ခုကို တပ်က စွန့်ခွာသွားကြတယ်လို့ ကရင်ငြိမ်းချမ်းရေး အထောက်အကူအပြုကွန်ယက် (KPSN)က ထုတ်ပြန်ပါတယ်။ စစ်တပ်စခန်းတွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA က ပြောက်ကျားတိုက်ခိုက်မှုနဲ့ ထောက်ပံ့ရေးလမ်းကြောင်း ပိတ်ဆို့ဖြတ်တောက်မှုတွေကြောင့် စွန့်ခွာထွက်ပြေးသွားကြတာ ဖြစ်ပါတယ်။ အဲဒီထဲမှာတော့ စစ်ကောင်စီတပ်စခန်း ၂ ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်…

မွန်မှာ ဖော်ဆောင်နေတဲ့ စစ်ကောင်စီရဲ့ ခရီးသွားလုပ်ငန်း အောင်မြင်မှု မရှိ

မော်လမြိုင် ၊ ဒီဇင်ဘာ (၃) မွန်ပြည်နယ်မှာတော့ စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက် တည်ငြိမ်မှုကို ပြသခြင်းတဲ့အတွက်ကြောင့် ကျိုက်ထီးရိုးဘုရား၊ စက်စဲကမ်းခြေ အပါအဝင် ခရီးသွားဝင်ရောက်နေတဲ့ နေရာတွေကို မရမက ပြန်လည် ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် စစ်ကောင်စီက မျှော်လင့်ထားသလို မဖြစ်ဘဲ ခရီးသည်ဝင်ရောက် မရှိသလောက် နည်းပါးနေတာ ဖြစ်ပါတယ်။ စစ်ကောင်စီဟာ ခရီးသွားကဏ္ဍ ဖွံ့ဖြိုး တိုးတက်အောင်…