November 21, 2021

ထိုင်းဝန်ကြီးချုပ်နှင့် CIA အရာရှိတို့ တွေ့ဆုံ၊ မြန်မာနိုင်ငံရှိ လုံခြုံရေးအကြောင်းအရာကို ဆွေးနွေးခဲ့သည်ဟု သိရ

ဘန်ကောက်၊ နိုဝင်ဘာ ၂၀ အမေရိကန် CIA လက်ထောက်ဒါရိုက်တာ David Cohen သည် ဝန်ကြီးချုပ် ပရရွတ် ချန်အိုချာတို့ နိုဝင်ဘာလ ၁၉ ရက်နေ့၊ (သောကြာ‌နေ့)တွင် တံခါးပိတ်အစည်းအဝေးတစ်ရပ်ကျင်းပခဲ့ပြီး ထိုတွေ့ဆုံမှုတွင် မြန်မာနိုင်ငံမှာရှိ လုံခြုံရေးအခြေအနေများနှင့် ‌လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီကို ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ပေးအပ်ရန်စသည့် အကြောင်းအရာများအပါအဝင် ခေါင်းစဉ်အတော်များများအပေါ် ဆွေး‌နွေးခဲ့ကြသည်ဟု ယူဆရသည်။ ထုတ်ပြန်ကြေငြာခြင်းမရှိသော အဆိုပါတွေ့ဆုံမှုတွင်…

ဘဝရပ်တည်ဖို့ ပိုမိုခက်ခဲလာပေမယ့် အဆုံးထိ တိုက်ပွဲဝင်မယ်လို့ CDM တွေပြော

မော်လမြိုင် ၊ နိုဝင်ဘာ (၂၁) အာဏာသိမ်း စစ်ကောင်စီကို အကြမ်းမဖက်တဲ့ နည်းလမ်းနဲ့ အာဏာဖီဆန်ရေး လုပ်ဆောင်ထားတဲ့ တနင်္သာရီတိုင်းက CDM ဝန်ထမ်းတွေဟာ ကာလ ရှည်ကြာလာတာနဲ့အမျှ ဘဝရပ်တည်ဖို့ ပိုမို ခက်ခဲလာကြတာ ဖြစ်ပါတယ်။ CDM ဝန်ထမ်းတွေဟာ အာဏာသိမ်းစစ်ကောင်စီကို အာဏာဖီဆန်လာတာ အခုဆိုရင် ၁၀လ နီးပါးကြာမြင့်လာပြီး ဖြစ်ပါတယ်။ လက်ရှိမှာတော့ CDM ဝန်ထမ်းတွေဟာ…

မွန်မှာ တစ်လအတွင်း ဖမ်းဆီးခံရသူ (၁၀၀)ကျော် ရှိလာ

မော်လမြိုင် ၊ နိုဝင်ဘာ (၂၁) မွန်ပြည်နယ်မှာတော့ အောက်တိုဘာ ၂၀ ရက်နေ့မှ နိုဝင်ဘာ ၂၀ ရက်နေ့ထိ တစ်လအတွင်း အရပ်သားပြည်သူ ၁၀၀ ကျော် ဖမ်းဆီးခံလိုက်ရတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေက ပြောပါတယ်။ ဖမ်ဆီးခံလိုက်ရတဲ့သူတွေဟာ အရင်က ဆန္ဒဖော်ထုတ်မှုမှာ ပါဝင်တာ၊ စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်တာ၊ PDF တွေနဲ့ ဆက်သွယ်တာ၊ CDM ဝန်ထမ်းတွေကို…