November 20, 2021

ထိုင်းနိုင်ငံတွင် ဘေးကင်းစွာမောင်းနှင်နိုင်ရေး အမှတ်ပေးစနစ်ကျင့်သုံးမည်

ဘန်ကောက်၊ နိုဝင်ဘာ ၁၉ ထိုင်းနိုင်ငံ၏ ကုန်းလမ်းပို့ဆောင်ရေးဌာနသည် လာမည့်လအတွင်းမှ စတင်၍ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍ အတွင်း ဝင်ရောက်လုပ်ကိုင်နေသော ယာဥ်မောင်းများကို ပိုမိုလုံခြုံသော ယာဥ်မောင်းနှင်းခြင်း ဖြစ်‌စေရန် အတွက် အမှတ်ပေး (ပွိုင့်) အခြေပြုစနစ်ဖြင့် တင်းတင်းကျပ်ကျပ် အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။ အလားတူစနစ်တစ်ရပ်ကို လွန်ခဲ့သော နှစ်‌ပေါင်းများစွာအတွင်းက သတ်မှတ်ထားရှိဖူးသော်လည်း ယာဥ် မောင်းများ၏ လျော့ရဲစွာကျင့်သုံးခဲ့ကြပြီဖြစ်သည်။ ယင်းအတွက်ကြောင့် ဒီဇင်ဘာလမှ စတင်၍…

ကုန်ကြမ်းဈေးမြင့်မှုကြောင့် သစ်သီးဝလံစိုက်ပျိုးသူတွေ အရှုံးပေါ်

မော်လမြိုင် ၊ နိုဝင်ဘာ (၂၀) စစ်တပ် အာဏာသိမ်းပြီးနောက် သွင်းအားစုကုန်ပစ္စည်းတွေ ဈေးနှုန်းကြီးမြင့်နေတဲ့အတွက်ကြောင့် သစ်သီးဝလံ စိုက်ပျိုးထုတ်လုပ်သူတွေ အရှုံးပေါ်နေတာ ဖြစ်တယ်။ သစ်သီးဝလံ စိုက်ပျိုးထုတ်လုပ်သူတွေဟာ ဓာတ်မြေသြဇာဈေးနှုန်း ၃ ဆ နီးပါး မြင့်တက်လာတာနဲ့ စက်သုံးဆီဈေးနှုန်း မြင့်တက်နေတဲ့အတွက်ကြောင့် သယ်ယူပို့ဆောင်ရေးစရိတ် မြင့်မားနေလို့ အရှုံးနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ သစ်သီးဝလံတွေ စိုက်ပျိုးပြီး ပြန်လည်ရောင်းချတဲ့…