ကမ္ဘောဒီးယားအစိုးရမှ နိုင်ငံရေးအကျဥ်းသားနှင့် တက်ကြွလှုပ်ရှားသူ ၂၆ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေး
ဖနွမ်ပင်၊ နိုဝင်ဘာ ၁၈ ကမ္ဘောဒီးယားအစိုးရသည် အစိုးရကိုဆန့်ကျင်ရေး လှုံ့ဆော်သည့် ပြစ်မှုများဖြင့် ရင်ဆိုင်နေရသည့် နိုင်ငံရေးဆိုင်ရာ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လူငယ်တက်ကြွလှုပ်ရှားသူ ၂၆ ဦးကို လွှတ်ပေးခဲ့ပြီး ယင်းကဲ့သို့သော ဖြစ်ရပ်သည် အပြုသဘောဆောင်သော ခြေလှမ်းတစ်ခုဖြစ်သည်ဟု လူ့အခွင့်အရေး ဆိုင်ရာအဖွဲ့အစည်းများ က ပြောဆိုထားသော်လည်း ထောင်သွင်းအကျဥ်းခံနေရသူ အမြောက်အများ ကျန်ရှိနေဆဲဖြစ်သည်။ ကမ္ဘောဒီးယားနိုင်ငံကို ၃၆ နှစ်ကျော်ကြာ အုပ်ချုပ်ခဲ့သော ဝန်ကြီးချုပ်…