ဖာပွန်က စစ်ဘေးရှောင်တွေ ငှက်ဖျားနှင့် ဝမ်းရောဂါ ပြဿနာတွေ ရင်ဆိုင်နေရ
မော်လမြိုင် ၊ နိုဝင်ဘာ (၁၄) ဖာပွန်ခရိုင်က နေရပ် မပြန်နိုင်သေးတဲ့ စစ်ဘေးရှောင်တွေမှာ ငှက်ဖျားနဲ့ ဝမ်းလျှောရောဂါတွေ ခံစားနေရတဲ့အတွက်ကြောင့် ကျန်းမာရေး စောင့်ရှောက်မှု အကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ စစ်ရှောင်အရေးကူညီသူတွေက ပြောပါတယ်။ ဖာပွန်ခရိုင်ထဲမှာ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူ ၃ သောင်းဝန်းကျင်လောက်ဟာ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတဲ့အတွက်ကြောင့် နေရပ်မပြန်ရဲကြသေးလို့…