မော်လမြိုင် ၊ နိုဝင်ဘာ (၁၃)

နိုဝင်ဘာလ (၁၂)ရက်နေ့ ညပိုင်းမှာ ချောင်းဆုံမြို့နယ် ၊ မြို့မရဲစခန်းရှေ့မှာရှိတဲ့ NLD ပါတီရုံး ဗုံးဖောက်ခွဲ ဖျက်ဆီးခံခဲ့ရပါတယ်။

ပေါက်ကွဲမှုဟာ အဆောက်အဦးတစ်ခုလုံးနီးပါး ပျက်စီးတဲ့အထိ ပြင်းထန်ခဲ့ပြီး ဘေးပတ်ဝန်းကျင် နေအိမ်အချို့ပါ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက အတည်ပြုပြောဆိုပါတယ်။

လက်ရှိမှာတော့ အခင်းဖြစ်ပွားရာနေရာကို ရဲနဲ့စစ်သားတွေက ပိတ်ဆို့ပြီး စစ်ဆေးတာတွေကို လုပ်ဆောင်နေပါတယ်။

“ ရဲစခန်းနဲ့ မျက်စောင်းထိုးလောက်ရှိမယ်။ ပေါက်ကွဲမှုကတော့ အတော်ပြင်းထန်တယ်။ အတော်ကျယ်တယ်ဗျ ၊ တချို့ နည်းနည်းလှမ်းတဲ့ အိမ်တွေတောင် ပြတင်းပေါက်တွေ ပွင့်ထွက်ကုန်တယ်” လို့ ဆိုပါတယ်။

အောက်တိုဘာလ နှောင်းပိုင်းကစပြီး တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်က NLD ပါတီ ရုံးတွေဟာ ပစ်မှတ်ထား အကြမ်းဖက် တိုက်ခိုက်ခံနေရပြီး ပေါက်ကွဲမှု ဖြစ်ပွားတာ (၅)ကြိမ်ထက်မနည်း ရှိပြီး ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.