Radio Than Lwin Times(Episode 9/11)
https://www.youtube.com/embed/UKROQGWYwf0
https://www.youtube.com/embed/UKROQGWYwf0
မော်လမြိုင်၊ နိုဝင်ဘာ ၅ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) က နိုဝင်ဘာလ (၅)ရက်နေ့မှာ ထုတ်ပြန်သော ထုတ်ပြန်ချက်ကို စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးအဖွဲ့က ကန့်ကွက် သတိပေးလိုက်ပါတယ်။ သတိပေးစာမှာတော့ PPST ထုတ်ပြန်ချက်မှာ ပါဝင်တဲ့ စစ်ကောင်စီက ပြည်သူလူထု၏ အိုးအိမ်များ၊ ဘာသာရေး အဆောက် အအုံများကို ပစ်မှတ်ထားတိုက်ခိုက်မှုအပေါ်ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်းဆိုတဲ့…
မော်လမြိုင် ၊ နိုဝင်ဘာ (၁၀) အာဏာသိမ်း စစ်ကောင်စီဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်နေ့ကနေ လာမယ့်နှစ် ဖေဖော်ဝါရီလကုန်ထိ ၅ လ အပစ်ရပ်ကြောင်း ကြေညာထားပါတယ်။ စစ်ကောင်စီဟာ ငါးလတာအပစ်ရပ်တယ်လို့ ပြောဆိုကြေညာထားပေမယ့် တကယ့်လက်တွေ့မှာတော့ လိုက်နာမှုမရှိပဲ ကေအဲန်ယူနယ်မြေအတွင်း စစ်အင်အားတွေ ဆက်တိုက်တိုးချဲ့နေတာ ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ စစ်ရေးလှုပ်ရားမှုတွေကြောင့် တိုက်ပွဲတွေ နေ့တိုင်းလိုလို ဖြစ်ပွားနေတာလို့…
မော်လမြိုင် ၊ နိုဝင်ဘာ (၁၀) အာဏာသိမ်း စစ်ကောင်စီဟာ မော်လမြိုင်တက္ကသိုလ်မှာ နည်းပြနဲ့ သရုပ်ပြ အသစ်တွေကို အရည်အချင်း စိစစ်မှု မရှိဘဲ အလုပ်လျှောက်ထားသူ မှန်သမျှ ခန့်အပ်လိုက်တဲ့ပေါ် မှာ ဆရာများ သမဂ္ဂတာဝန်ရှိသူတွေက ဝေဖန်လိုက်တာ ဖြစ်ပါတယ်။ မော်လမြိုင် တက္ကသိုလ်ရဲ့ CDM ဆရာ၊ ဆရာမနေရာတွေမှာ အစားထိုးဖို့အတွက် နည်းပြ၊ သရုပ်ပြ ဝန်ထမ်း…
ဘန်ကောက်၊ နိုဝင်ဘာ ၉ ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာသော ရွှေ့ပြောင်းလုပ်သားများသည် အရေအတွက်အားဖြင့် များပြား လာခြင်းနှင့် ကိုဗစ် ၁၉ ကူးစက်မှုများ ပျံ့နှံ့လာနိုင်သောကြောင့် ဆက်စပ်ပြဿနာများနှင့် လုပ်သား ပြတ်လပ်မှု များကို အမြန်ဆုံး ဖြေရှင်းနိုင်ရန် ဝန်ကြီးချုပ်ပရရွတ်ချန်အိုချာက အလုပ်သမားဝန်ကြီးဌာန ကို ညွှန်ကြားထားခဲ့ သည်။ ဝန်ကြီးချုပ်၏ ညွှန်ကြားချက်နောက်ဆက်တွဲတွင် ဝန်ကြီးဌာနအနေဖြင့် စီးပွားရေးလုပ်ငန်းရှင်များနှင့် အလုပ်…