November 9, 2021

ကရင်ဝန်ကြီးချုပ် ထောင်ဒဏ် ၇၇ နှစ်၊ စည်ပင်ဝန်ကြီး ထောင်ဒဏ် ၉၂ နှစ် အမိန့်ချမှတ်ခံရ

မော်လမြိုင် ၊ နိုဝင်ဘာ (၉) ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်ကို စစ်ကောင်စီက ထောင်ဒဏ် ၇၇ နှစ်၊ ပြည်နယ်စည်ပင်ဝန်ကြီး ဦးသန်းနိုင်ကို ထောင်ဒဏ် ၉၂ နှစ် အမိန့်ချမှတ်လိုက်တယ်လို့ ရှေ့နေတွေက ပြောပါတယ်။ ကရင်ဝန်ကြီးချုပ်နဲ့ စည်ပင်ဝန်ကြီးတို့ကို ဒီကနေ့ နိုဝင်ဘာ ၉ ရက်နေ့မှာ ကရင်ပြည်နယ်တရားလွှတ်တော်က အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ ဝန်ကြီးချုပ်နန်းခင်ထွေးမြင့်ကို အဂတိအမှုတစ်မှု အပါအဝင်…

မော်လမြိုင်တက္ကသိုလ်မှာ အဝေးသင် လာအပ်သူ မရှိ

မော်လမြိုင် ၊ နိုဝင်ဘာ (၉) မော်လမြိုင်တက္ကသိုလ်မှာ အဝေးသင်တက္ကသိုလ် ကျောင်းသူ၊ ကျောင်းသားတွေ ကျောင်းလာအပ်တာ မရှိဘူးလို့ တက္ကသိုလ် ဆရာ၊ဆရာမတွေက ပြောပါတယ်။ စစ်ကောင်စီကတော့ အဝေးသင်တက္ကသိုလ် ကျောင်းသူ၊ ကျောင်းသားတွေအနေနဲ့ နိုဝင်ဘာ ၉ ရက်နေ့ နောက်ဆုံးထားပြီး ကျောင်းလာအပ်ကြဖို့ ညွှန်ကြားထားတာ ဖြစ်ပါတယ်။ မော်လမြိုင်တက္ကသိုလ်မှာတော့ နိုဝင်ဘာ ၈ ရက်နေ့ထိ ကျောင်းလာအပ်တဲ့ ကျောင်းသူ၊ကျောင်းသားတွေ…

သမ္မတဝီဒိုဒို၏ သစ္စာအရှိဆုံးလူယုံ၏ သားမက်ဖြစ်သူကို အင်ဒိုနီးရှားနိုင်ငံ၏ စစ်ရေးအကြီးအကဲအဖြစ် ခန့်အပ်

ဂျာကတာ၊ နိုဝင်ဘာ ၈ ရေကြောင်းပိုင်နက်အငြင်းပွားမှုများမြင့်တက်လာခြင်းနှင့် ကပ်ဘေးကာလအလွန် နိုင်ငံ၏ စီးပွားရေးကို ပြန်လည် ဖွင့်လှစ်ရာတွင် လုံခြုံ‌ရေးကို မြှင့်တင်နိုင်ခြင်းအတွက် အင်ဒိုနီးရှားနိုင်ငံသမ္မတ ဂျိုကို ဝီဒိုဒိုက ၎င်း၏ လက်နက် ကိုင်တပ်ဖွဲ့အင်အားစုများကို ဦးဆောင်နိုင်ရန် ယင်း၏ လူယုံဖြစ်သူ၏ သမက်ဖြစ်သူကို စစ်ရေးအကြီးအကဲအဖြစ် ခန့်အပ်ရာ အင်ဒိုနီးရှား ပါလီမန်ကော်မရှင် သဘောတူခဲ့သည်။ အသက် ၅၆ နှစ်အရွယ် ဗိုလ်ချုပ်…

ဆောက်လုပ်ရေးလုပ်ငန်းတွေ ဆက်တိုက်အရှုံးပေါ်နေလို့ ရပ်နားရဖို့ ရှိနေ

မော်လမြိုင် ၊ နိုဝင်ဘာ (၉) မွန်ပြည်နယ်အတွင်းက ဆောက်လုပ်ရေး လုပ်ငန်းတွေ အရှုံးနဲ့ ရင်ဆိုင်နေရပြီး မကြာမီကာလအတွင်း လုပ်ငန်းအားလုံးနီးပါး ရပ်ဆိုင်းသွားနိုင်တယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။ မွန်ပြည်နယ်အတွင်းက ဆောက်လုပ်ရေး လုပ်ငန်းတွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် မြန်မာငွေကြေး တန်ဖိုး ကျဆင်းလာတာနဲ့ ပြည်ပမှ တင်သွင်းတဲ့ ဆောက်လုပ်ရေးသုံး ကုန်ကြမ်းပစ္စည်းတွေ ဈေးနှုန်း ၂ ဆ နီးပါး…

နေအိမ် ပြန်ရောက်နေတဲ့ စစ်အာဏာရှင် ဆန့်ကျင်သူတွေကို တစ်ပတ်အတွင်း ဖမ်းဆီးဖို့ စစ်ကောင်စီ ညွှန်ကြား

မော်လမြိုင် ၊ နိုဝင်ဘာ (၉) ထွက်ပြေးတိမ်းရှောင်ပြီး နေအိမ်ပြန်ရောက်နေတဲ့ မွန်ပြည်နယ်က စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲမှာ ဦးဆောင်ပါဝင်ခဲ့တဲ့သူတွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို တပတ်အတွင်း ချက်ချင်းဖမ်းဆီးကြဖို့ စစ်ကောင်စီက ညွှန်ကြားထားတယ်လို့ ရဲတပ်ဖွဲ့ဝင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ထွက်ပြေးတိမ်းရှောင်နေတဲ့ စစ်အာဏာရှင်ဆန္ဒပြပွဲတွေမှာ ဦးဆောင်ပါဝင်ခဲ့တဲ့သူတွေနဲ့ တက်ကြွလှုပ်ရှားသူတချို့ နေအိမ်ပြန်လည် ရောက်ရှိနေတယ်လို့ စစ်ကောင်စီဘက်က သတင်းရရှိထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ထွက်ပြေးတိမ်းရှောင်ပြီး…

မြိုင်ကြီးငူဒေသ စစ်ဘေးရှောင်ကလေးတွေ ပညာသင်ကြားဖို့ စာရေးကိရိယာတွေ လိုအပ်နေ

မော်လမြိုင် ၊ နိုဝင်ဘာ (၉) မြိုင်ကြီးငူဒေသမှာ ရောက်ရှိခိုလှုံနေထိုင်ကြတဲ့ စစ်ဘေးရှောင်ကလေးတွေရဲ့ ပညာသင်ကြားရေးအတွက် စာရေးကိရိယာအကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်စခန်း တာဝန်ခံတွေက ပြောပါတယ်။ ကရင်ပြည်နယ် မြိုင်ကြီးငူစစ်ရှောင်စခန်းမှာ မယ်သဝေါဒေသက စစ်ရှောင်တွေအပြင် ဖာပွန်ဒေသက စစ်ရှောင်တွေ လာရောက်ခိုလှုံနေတာ ဖြစ်ပါတယ်။ စစ်ရှောင်ကလေးတွေရဲ့ ပညာရေးအတွက် နီးစပ်ရာအစိုးရစာသင်ကျောင်းနဲ့ စခန်းအတွင်းမှာဖွင့်ထားတဲ့ ပြင်ပစာသင်ကျောင်းတွေမှာ ပညာသင်ကြားနေရတာဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ စစ်ဘေးရှောင်ကလေးတွေအတွက်…