November 7, 2021

NUG အစိုးရနဲ့ မပတ်သက်ဖို့ စီးပွားရေးလုပ်ငန်းရှင်တွေကို စစ်ကောင်စီ ထပ်မံ ခေါ်ယူ သတိပေး

မော်လမြိုင် ၊ နိုဝင်ဘာ (၇) မွန်ပြည်နယ်အတွင်းက စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် ဆက်စပ်အဖွဲ့အစည်းတွေနဲ့ မပတ်သက်ဖို့ စစ်ကောင်စီက အောက်တိုဘာ နောက်ဆုံးအပတ်မှာ ထပ်မံခေါ်ယူ သတိပေးခဲ့တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။ စစ်ကောင်စီ လက်အောက်ခံဌာနတွေဖြစ်ကြတဲ့ အခွန်၊ စည်ပင်၊ ထွေအုပ်နဲ့ ရဲစတဲ့ဌာနတွေက စီပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ NUG အစိုးရကို ငွေကြေးထောက်ပံ့တာတွေ မလုပ်ကြဖို့ ခေါ်ယူသတိပေးခဲ့တာ…

ထိုင်းအစိုးရရဲ့MOU လုပ်သားခေါ်ယူမယ့်အရေး မဖြစ်နိုင်သေးဘူးလို့ သုံးသပ်မှုတွေ ရှိနေ

မော်လမြိုင် ၊ နိုဝင်ဘာ (၇) လာမယ့် ဒီဇင်ဘာလမှာ ထိုင်းအလုပ်သမားဝန်ကြီးဌာနက MOU ရွှေ့ပြောင်းလုပ်သား (၈၀၀၀၀)ကျော် ခေါ်ယူမယ်လို့ ပြောဆိုထားပေမယ့် လက်တွေ့အခြေအနေတွေအရ မဖြစ်နိုင်သေးဘူးလို့ မြန်မာရွှေ့ပြောင်းလုပ်သားအရေး ကူညီနေသူတွေက ပြောပါတယ်။ ထိုင်းအစိုးရဟာ ကိုဗစ်ကြောင့် ရပ်တန့်သွားတဲ့ လုပ်ငန်းတွေ ပြန်လည်ပတ်နိုင်ဖို့အတွက် လိုအပ်တဲ့ လုပ်သားတွေကို ခေါ်ယူဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ထိုင်းအလုပ်သမားဝန်ကြီးဌာနဟာ အလုပ်အကိုင်ရှာဖွေရေး…

မြန်မာစစ်တပ်၏ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ ကုလပါဝင်ဆောင်ရွက်ရန် အဖွဲ့အစည်း ၅၀၀ ကျော်တောင်းဆို

မော်လမြိုင်၊ နိုဝင်ဘာ ၆ ချင်းပြည်နယ်အတွင်း၌ ကျယ်ပြန့်စွာ ဖြစ်ပေါ်လာသော အကြမ်းဖက်မှုများနှင့်ပတ်သက်ပြီး ရပ်တန့် ပေးနိုင်ဖို့ ကုလသမဂ္ဂလုံခြုံ‌ရေးကောင်စီပါဝင်နိုင်ရန် အရပ်ဘက်အဖွဲ့အစည်း ၅၀၀ ‌ကျော်က တောင်းဆိုထားပါသည်။ ဒေသတွင်း မီဒီယာ၊ မျက်မြင်သက်သေများနှင့် ကုလသမဂ္ဂ စသည့်တို့အစီရင်ခံမှုများအရ ချင်းပြည်နယ်တွင် စစ်သုံး အကြီးစားလက်နက်များကို တပ်ဆင်ကာ တပ်ဖွဲ့ဝင်များကို အင်အားဖြည့်တင်းလာနေကြောင်း သိရှိရပြီး ၎င်းအ‌ခြေအနေသည် မြန်မာ့တပ်မတော်သည် ဖေ‌ဖော်ဝါရီလ ၁…