မော်လမြိုင် ၊ နိုဝင်ဘာ (၅)

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ ထိန်းချုပ်နယ်မြေမှာ စစ်ကောင်စီတပ်တွေရဲ့ စစ်ရေးလှုပ်ရှားမှုကြောင့် နေ့စဉ်နဲအမျှ ထိတွေ့ပစ်ခတ်မှုတွေ ဆက်တိုက်ဖြစ်ပွားနေတယ်လို့ KNU က ပြောပါတယ်။

KNU တပ်မဟာ ၅ ထိန်းချုပ်နယ်မြေအတွင်း ဝင်ရောက်နိုင်တဲ့ လမ်းကြောင်း ၃ ခုမှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ကုန်ကစပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ စစ်ရေးလှုပ်ရှားမှုတွေကြောင့် နေ့စဉ် ထိတွေ့ပစ်ခတ်မှုတွေ ဆက်တိုက်ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

တိုက်ပွဲဖြစ်ပွားမှုဟာ စစ်ကောင်စီတပ်တွေက ရိက္ခာပို့ဆောင်ဖို့ နေ့စဉ်လှုပ်ရှားလာတဲ့အတွက်ကြောင့် ပစ်ခတ်မှုတွေ ရှိနေတာ ဖြစ်တယ်လို့ KNU တပ်မဟာ ၅ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် အောက်တိုဘာလကုန်ပိုင်းမှာ ဖာပွန်-ကမမောင်းလမ်းကြောင်းဘက်ကနေ စစ်ကောင်စီ အင်အား ၂၀၀ ကျော်ခန့် တက်လာပြီး တောင်သုံးလုံး တပ်စခန်းမှာ တပ်စွဲထားတယ်လို့ ဆိုပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ အပစ်ရပ်ကာလ ၅ လ ကြေညာထားပေမယ့် တိုင်းရင်းသားနယ်မြေတွေမှာ စစ်အင်အား ဆက်တိုက်တိုးချဲ့နေတဲ့အတွက်ကြောင့် နေ့စဉ်နဲ့အမျှ တိုက်ပွဲတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.