November 5, 2021

စစ်ကောင်စီက ပြည်သူလူထုရဲ့ အိုးအိမ်များ၊ ဘာသာရေး အဆောက်အအုံများကို ပစ်မှတ်ထား တိုက်ခိုက်မှုကို PPST က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချ

မော်လမြိုင်၊ နိုဝင်ဘာလ ၅ စစ်ကောင်စီက ပြည်သူလူထုရဲ့ အိုးအိမ်များ၊ ဘာသာရေး အဆောက်အအုံများကို ပစ်မှတ်ထား တိုက်ခိုက်မှုကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချတယ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST)က နိုဝင်ဘာလ ၅ ရက်နေ့မှာ သဘောထားထုတ်ပြန်လိုက်ပါတယ်။ အထူးသဖြင့် အောက်တိုဘာလ ၂၉ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ချင်းပြည်နယ်၊ ထန်တလန်ကိစ္စအပါအဝင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ကရင်နီဒေသတွေမှာ စစ်ကောင်စီက ​ပြည်သူလူထုရဲ့ အိုးအိမ်တွေ ဘာသာရေး အဆောက်အအုံတွေကို…

ကိုဗစ် ကာကွယ်ဆေးထိုးနှံရေးကို နှေးကွေးစွာဆောင်ရွက်သည့် အရာရှိများကို အပြစ်ပေးမည်ဟု သမ္မတဒူတာတေးပြော

မနီလာ၊ နိုဝင်ဘာ ၄ နိုင်ငံ၏ စီးပွားရေးကို ပြန်လည်ဖွင့်လှစ်ဖို့ ကြိုးစားဆောင်ရွက်နေသောကြောင့် ဒေသန္တရအစိုးရအနေဖြင့် သက်ဆိုင်ရာ ကာကွယ်ဆေး ထိုးနှံရေး သတ်မှတ်ချက်များကို ပြည့်မီအောင် ပျက်ကွက်ပါက အပြစ်ပေးခံရမည်ဟု ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေးက နိုဝင်ဘာလ ၃ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။ အာရှတိုက်တွင် ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ အဆိုးရွားဆုံးကပ်ဘေးကို ရင်ဆိုင်ရသည့် နိုင်ငံများအနက် တစ်နိုင်ငံဖြစ် သည့် ဖိလစ်ပိုင်နိုင်ငံသည်…

KNU တပ်မဟာ ၅ ထိန်းချုပ်နယ်မြေမှာ နေ့စဉ် တိုက်ပွဲ ဖြစ်နေ

မော်လမြိုင် ၊ နိုဝင်ဘာ (၅) ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ ထိန်းချုပ်နယ်မြေမှာ စစ်ကောင်စီတပ်တွေရဲ့ စစ်ရေးလှုပ်ရှားမှုကြောင့် နေ့စဉ်နဲအမျှ ထိတွေ့ပစ်ခတ်မှုတွေ ဆက်တိုက်ဖြစ်ပွားနေတယ်လို့ KNU က ပြောပါတယ်။ KNU တပ်မဟာ ၅ ထိန်းချုပ်နယ်မြေအတွင်း ဝင်ရောက်နိုင်တဲ့ လမ်းကြောင်း ၃ ခုမှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ကုန်ကစပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ စစ်ရေးလှုပ်ရှားမှုတွေကြောင့်…

မွေးမြူရေးလုပ်ငန်းတွေ ဆက်တိုက် အရှုံးပေါ်နေလို့ ဆက်လက် မတောင့်ခံနိုင်တော့

မော်လမြိုင် ၊ နိုဝင်ဘာ (၅) မွေးမြူရေးလုပ်ငန်းတွေ ဆက်တိုက် အရှုံးပေါ်နေပြီး ဆက်လက် တောင်ခံဖို့ မဖြစ်နိုင်တော့ဘူးလို့ မွေးမြူရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။ စစ်တပ် အာဏာသိမ်းပြီးနောက် မွန်ပြည်နယ်အတွင်းက မွေးမြူရေး လုပ်ငန်းတွေ ဖြစ်တဲ့ ကြက်၊ဘဲနဲ့ ဝက်မွေးမြူရေး လုပ်ငန်းတွေဟာ အစားဈေးနှုန်း ကြီးမြင့်တာကြောင့် အရှုံးနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ မွေးမြူရေးလုပ်ငန်းတွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် မြန်မာ့…