November 2, 2021

အခြေခံဥပဒေပြင်ဆင်မွမ်းမံမှု မလုပ်ပါက နိုင်ငံရေးအရ ကမောက်ကမဖြစ်မည်ဟု ထိုင်းအမျိုးသမီး နိုင်ငံရေးသမားတစ်ဦး သတိပေး

ဘန်ကောက်၊ နိုဝင်ဘာ ၁ ထိုင်းနိုင်ငံအစိုးရသည် ဒီမိုကရေစီစနစ်ကိုလိုလားသော အစိုးရတစ်ရပ်ဖြစ်လာဖို့ နည်းလမ်းကို ရှာဖွေနိုင်ရန်နှင့် ရွေးကောက်ပွဲ မကျင်းပမီ ဆွေးနွေးမှုများတွင် ဖြစ်ပေါ်လာနိုင်သော နိုင်ငံရေးဆိုင်ရာ လစ်ဟာချက်များကို ရှောင်ရှားနိုင်ရန်အတွက် အခြေခံဥပဒေပြင်ဆင်မွမ်းမံရေးကို အင်တိုက်အားတိုက် ဆောင်ရွက်သင့်သည်ဟု ထိုင်းနိုင်ငံ၏ အထင်ရှားဆုံး အမျိုးသမီးနိုင်ငံရေးသမားက အသိပေး ပြောဆိုလိုက်ပါသည်။ “ကျွန်မတို့အနေနဲ့ နောက်ရွေးကောက်ပွဲမတိုင်ခင်အထိ အခြေခံဥပဒေကို ပြန်လည်ပြင်ဆင်မရေးနိုင်ဘူးဆိုရင် ပရမ်းပတာဖြစ်ခြင်းတွေ၊ နိုင်ငံရေးပဋိပက္ခတွေနှင့် အကျပ်အတည်းတွေကိုသာ…

နိုင်ငံခြားစီးပွားရေးလုပ်ငန်းစုများ မြန်မာနိုင်ငံတွင်းမှထွက်ခွာမှုမြင့်မားလာခြင်း

မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ရန်ကုန်မြို့ရှိ ဂျာမန်လက်ကားရောင်းချသော Metro ဂိုဒေါင်အပြင်ဘက်တွင် ၎င်းတို့ ၏ အပြာနှင့်အဝါ လိုဂိုများဖယ်ရှားထားပြီး အမှတ်အသားမပါသော အဖြူရောင်ကုန်တင်ကားများ တန်းစီရပ်ထားကြသည်။ လုပ်ငန်းလည်ပတ်မှုရပ်ဆိုင်းသွားပြီဖြစ်သော ရန်ကုန်မြို့လယ်ရှိ လက်ကားအရောင်းပြခန်းတွင်းမှာလည်း ကတ်ထူပုံး များ အစုလိုက်အပုံလိုက် စီထားကြသည်။ “ သောကြာနေ့ထိပဲ ပစ္စည်းတွေပို့ပေးတော့မှာ။ သောကြာနောက်ဆုံးပဲ ” ဟု ဂိုဒေါင်ရှိ လုံခြုံရေးအစောင့်တဦးက ပြောသည်။ အရပ်သားအစိုးရကို မြန်မာစစ်တပ်ကထိန်းချုပ်ပြီး…