October 2021

မြို့နယ် NLD ပါတီရုံး ၃ ရုံး ဗုံးဖောက်ခွဲခံရ

သထုံ၊ အောက်တိုဘာ ၂၄ မွန်ပြည်နယ်ရှိ ကျိုက်ထို၊ ဘီးလင်း၊ သထုံမြို့တွေမှာ ရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ မြို့နယ်ရုံး ၃ ရုံး အောက်တိုဘာလ ၂၃ ရက်နေ့ညက ဗုံးခွဲခံရတယ်လို့ သိရပါတယ်။ ဖြစ်စဉ်မှာ ည (၁၁) နာရီခွဲဝန်းကျင်ကစပြီး သုံးမြို့စလုံး၌ တပြိုင်နက်ထဲဖြစ်ပွါးခဲ့ခြင်းလည်းဖြစ်သည်။ “ညက ဗုံးပေါက်ကတာက အသံက အကျယ်ကြီးဘဲ ။ မြို့နယ် NLD…

ဒေါ်လာနှင့်ဘတ်ဈေး ပြန်ကျပေမယ့် စားသုံးဆီဈေးကတော့ ထက်ဝက်ကျော် မြင့်တက်နေ

မော်လမြိုင် ၊ အောက်တိုဘာ (၂၃) ဒေါ်လာဈေးနဲ့ ဘတ်ဈေးနှုန်း ပြန်လည် ကျဆင်းလာပေမယ့် ထက်ဝက်ကျော် မြင့်တက်နေတဲ့ စားသုံးဆီဈေးနှုန်းတွေ မကျသေးဘူးလို့ စားသုံးဆီရောင်းဝယ်သူတွေက ပြောပါတယ်။ စားသုံးဆီဈေးနှုန်းဟာ စစ်တပ် အာဏာသိမ်းပြီးနောက် သယ်ယူပို့ဆောင်ရေးစရိတ် ပိုမိုကုန်ကျလာတာ၊ မြန်မာ ငွေကြေးတန်ဖိုး ကျဆင်းလာမှုနဲ့အတူ ပြည်ပကနေ တင်သွင်းနေရတဲ့ စားသုံးဆီဈေးနှုန်းမှာလည်း ထက်ဝက်ကျော် မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ မွန်ပြည်နယ်ရဲ့ စားသုံးဆီဈေးကွက်မှာတော့…

ထိုင်းနိုင်ငံ၏ ခရိုင်/ဒေသန္တရ ၁၇ ခုအတွင်း ထုတ်ပြန်ထားသော ကာဖျူးလ်အမိန့် ရုတ်သိမ်းမည်

ဘန်ကောက်၊ အောက်တိုဘာ ၂၂ ဘန်ကောက်အပါအဝင် ထိုင်းနိုင်ငံ၏ ခရိုင်/ဒေသန္တရ ၁၇ ခုကို အောက်တိုဘာလ ၃၁ ရက်နေ့မှ စ၍ ကာဖြူးလ်အမိန့် ကို ရုတ်သိမ်းရန်အတွက် ထိုင်းဝန်ကြီးချုပ်မှ ညွှန်ကြားထားခဲ့ပြီး ၎င်းသည် နိုဝင်ဘာလ ၁ ရက်နေ့၌ ကာကွယ်ဆေး အပြည့်အဝထိုးနှံထားသော နိုင်ငံတကာခရီးသည်များကို ပြန်လည်ဖွင့်လှစ်မည့် အစီအစဥ်အတွက် အထောက်အပံ့ပြု စေရန်အတွက် ဖြစ်သည်။ ဗိုလ်ချုပ်ကြီး…

ချေးငွေတွေအား အခုလကုန် အကျေပြန်ဆပ်ဖို့ CDM ဝန်ထမ်းတွေကို စစ်ကောင်စီ ဖိအားပေး

မော်လမြိုင် ၊ အောက်တိုဘာ (၂၃) အာဏာသိမ်း စစ်ကောင်စီဟာ NLD အစိုးရလက်ထက်က နိုင်ငံဝန်ထမ်းတွေကို ထုတ်ချေးပေးထားတဲ့ ချေးငွေကို CDM ဝန်ထမ်းတွေအနေနဲ့ အခုလကုန်မှာ တစ်ခါတည်း အကျေပြန်ဆပ်ကြဖို့ ညွှန်ကြားလိုက်ပါတယ်။ စစ်ကောင်စီရဲ့ ညွှန်ကြားစာမှာတော့ CDM ဝန်ထမ်းတွေအနေနဲ့ ချေးငွေ ပြန်မဆပ်ရင် ဥပဒေအတိုင်း အရေးယူသွားမယ်လို့ ခြိမ်းခြောက်ထားကြောင်း ဝန်ထမ်းတစ်ဦးက အခုလို ပြောပါတယ်။ “…

ဒေါ်နယ်ထရမ့်စီစဉ်တဲ့ လူမှုကွန်ရက် Truth Social ကို မိတ်ဆက်မည်

ဝါရှင်တန်၊ အောက်တိုဘာ ၂၁ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ်က သူပိုင်ဆိုင်တဲ့ Truth Social ဆိုတဲ့ လူမှုကွန်ရက်ကို မိတ်ဆက်ဖို့ ကြေငြာလိုက်ပါတယ်။ ထရမ်မီဒီယာနှင့် နည်းပညာအုပ်စုက ဖန်တီးထားတဲ့ Truth Social ကို လာမည့်လမှာ မိတ်ဆက်ဖို့ ပြင်ဆင်နေပြီး Apple Store မှာ Preorder တင်ထားလို့ရမယ်လို့ ကြေငြာထားပါတယ်။ အဆိုပါလူမှုကွန်ရက်မှာ Deal or…

စစ်ကောင်စီအတွက် အာဆီယံပေးတဲ့ဝေဒနာ

တရားမျှတမှုမရှိသောနည်းလမ်းများဖြင့် နိုင်ငံတော်အာဏာသိမ်းယူထားသော မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင် အား လာမည့် အောက်တိုဘာ ၂၆ – ၂၈ ရက်တွင်ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခွင့်မပြု ကြောင်း ကြေညာခဲ့ပြီးနောက်မှာတော့ နိုင်ငံတကာအလယ်မှာ အာဆီယံမျက်နှာပန်းလှခဲ့သည်။ အာဆီယံဆုံးဖြတ်ချက် က အာဆီယံသမိုင်းကြောင်းတလျှောက်မှာ ကြုံရခဲသောအဖြစ်အပျက်ဖြစ်သည်။ မင်းအောင်လှိုင်ကို အာဆီယံအစည်း အဝေးတက်ရောက်ခွင့်မပြုခြင်းက အာဆီယံပဋိဉာဥ်တွင်ပါဝင်သော ‘ ပြည်တွင်း ရေးဝင်ရောက်စွက်ဖက်ခြင်း မရှိစေရ ’…

ချောင်းဆုံမြို့နယ်မှာ ကိုဗစ်အတည်ပြုလူနာ နေ့စဉ်နဲ့အမျှ တွေ့ရှိနေ

မော်လမြိုင် ၊ အောက်တိုဘာ(၂၁) မွန်ပြည်နယ်မှာတော့ ကိုဗစ်အတည်ပြုလူနာ တွေ့ရှိမှုနှုန်း သိသိသာသာကျဆင်းလာပေမယ့် ချောင်းမြို့နယ်မှာတော့ ကိုဗစ်အတည်ပြုလူနာ နေ့စဉ်နဲ့အမျှ တွေ့ရှိနေဆဲ ဖြစ်တယ်လို့ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ကိုဗစ်လူနာတွေ့ရှိမှုအရ မွန်ပြည်နယ် တစ်ခုလုံးမှာ အောက်တိုဘာ ၁ ရက်နေ့မှ ၂၀ ရက်နေ့ထိ ကိုဗစ်အတည်ပြုလူနာ ၈၀၀ ကျော် တွေ့ရှိခဲ့ပြီး ချောင်းဆုံမြို့နယ် တစ်ခုတည်းမှာပဲ ကိုဗစ်အတည်ပြုလူနာ…