October 2021

ဝင်းရေးက စစ်ကောင်စီတပ်တွေ မဆုတ်သေးလို့ တိုက်ပွဲထပ်ဖြစ်မှာကို ဒေသခံတွေ စိုးရိမ်နေ

မော်လမြိုင်၊ အောက်တိုဘာ ၂၆ ကေအဲန်ယူထိန်းချုပ်နယ်မြေဖြစ်တဲ့ ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ် ဘုရားသုံးဆူ-သံဖြူဇရပ်ကားလမ်းမပေါ်မှာရှိတဲ့ လွတ်ရှမ်းကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့တွေက နေရာယူထားဆဲဖြစ်တဲ့အတွက် တိုက်ပွဲတွေပြန်လည်ဖြစ်ပွားမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။ စစ်ကောင်စီတပ်ဖွဲ့တွေဟာ လွတ်ရှမ်းရွာရဲ့ ကေအဲန်ယူစစ်ဆေးရေးဂိတ်မှာ နေရာယူတပ်စွဲထားပြီး ဒီကနေ့ မနက်ပိုင်းက အဲ့ဒီရွာမှာရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တချို့ သံဖြူဇရပ်ဘက်ကို ပြန်လည်ထွက်ခွာသွားခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ “မနက်က တဖွဲ့တွေ့လိုက်တယ် ပြန်တာ။ မကုန်သေးဘူး။…

မွန်နှင့်တနင်္သာရီဒေသမှာ ပျူစောထီးအဖွဲ့တွေက အကြမ်းဖက်မှုတွေ ဆက်တိုက်ကျူးလွန်လာ

မော်လမြိုင် ၊ အောက်တိုဘာ (၂၅) မြန်မာနိုင်ငံ တောင်ပိုင်း ဒေသတွေဖြစ်တဲ့ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ စစ်ကောင်စီ လက်အောက်ခံ ပျူစောထီး အဖွဲ့တွေက အခုရက်ပိုင်းအတွင်း အကြမ်းဖက်လုပ်ရပ်တွေ ဆက်တိုက် လုပ်ဆောင်လာနေပါတယ်။ ပျူစောထီးအဖွဲ့တွေဟာ ဒီရက်ပိုင်းအတွင်း မွန်ပြည်နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ မြို့နယ်ရုံး ၃ ရုံးနဲ့ ထားဝယ်ခရိုင်က NLD ပါတီရုံးကို မိုင်းခွဲ…

ကာကွယ်ဆေးထိုးခြင်းကို တိုးမြှင့်ပြီးမှ နိုင်ငံပြန်လည်ဖွင့်လှစ်ရေးဆောင်ရွက်မည်ဟု အင်ဒိုနီးရှားသမ္မတပြော

ဂျာကတာ၊ အောက်တိုဘာ ၂၅ အင်ဒိုနီးရှားနိုင်ငံအတွင်း ကိုဗစ် ၁၉ ကာကွယ်ဆေး ၇၀ ရာခိုင်နှုန်းနှင့်အထက် ထိုးနှံပြီးစီးသော နေရာများကို တဖြည်းဖြည်း ပြန်လည်ဖွင့်လှစ်သွားမည်ဟု၍ သမ္မတ Joko Widodo က အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ စီးပွားရေးဖိုရမ်တွင် တနင်္လာနေ့က ပြောကြားခဲ့သည်။ မစ္စတာ Widodo က အရှေ့တောင်အာရှအနေဖြင့် ခရီးသွားကန့်သတ်ချက်များကို လျှော့ချပေးနိုင်ရန်အတွက် စတင်လုပ်ဆောင်သင့်ကြောင်း၊ ဒေသန္တရအတွင်း အနာဂတ်တွင်…

အာဆီယံ၏ “ ပြည်တွင်းရေး မစွက်ဖက်ရ ” ပဋိညာဥ်ကို ပြောင်းလဲချိန်တန်ပြီ

အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ကို ၁၉၆၇ ခုနှစ် ၊ ဩဂုတ်လ ၈ ရက်တွင် အင်ဒိုနီးရှား ၊ မလေးရှား ၊ ဖိလစ်ပိုင် ၊ ထိုင်း နှင့် စင်ကာပူနိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများလက်မှတ်ရေးထိုးတည်ထောင်ခဲ့ကြသည်။ ကြေ ညာချက်တွင်ဖော်ပြထားသည့် အာဆီယံ၏ရည်ရွယ်ချက်များမှာ ဒေသတွင်း စီးပွားရေးနှင့်လူမှုရေး ဖွံ့ဖြိုး တိုးတက်ရန် ၊ ဒေသတွင်းယဥ်ကျေးမှုဖွံဖြိုးတိုးတက်ရန် ၊ ဒေသတွင်းငြိမ်းချမ်းရေးတိုးမြှင့်ရန်…

နှစ်ရက်အတွင်း မြန်မာရွှေ့ပြောင်းလုပ်သား (၁၅၀)ကျော် ဆက်တိုက်ဖမ်းဆီးခံရ

ကန်ချနဘူရီ၊ အောက်တိုဘာ ၂၅ ထိုင်းနိုင်ငံကို တရားမဝင်ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၄၈ ဦးကို ဒီကနေ့မှာ ဆိုင်ရော့ခရိုင်အတွင်း နယ်ခြားစောင့်စစ်သားတွေက ကင်းလှည့်နေစဉ်အတွင်းမှာ ဖမ်းဆီးမိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ ဒီကနေ့မနက်ပိုင်းက တမ်ဘွန်လန်ဆမ်အနီးက ဖွေနွေးရွာအနီးမှာ တိုရိုတာဗန်ကားကို ရပ်တန့်စစ်ဆေးစဉ် ဖမ်းဆီးမိခဲ့တယ်လို့ဆိုပါတယ်။ ကားအတွင်းမှာတော့ မြန်မာနိုင်ငံသား အမျိုးသား (၁၀)ဦးနှင့် အမျိုးသမီး (၄)ဦးတို့ပါဝင်ပြီး ထိုင်းယာဉ်မောင်း (၂)ဦးလည်း ပါဝင်ဖမ်းဆီးခံခဲ့ရတာပါ။ ဖမ်းဆီးခံရသူတွေပြောဆိုချက်အရ…

သံလွင်ဥယျာဉ်မှာ တိတ်တဆိတ် လုပ်သွားတဲ့ မော်လမြိုင်က တပ်မတော် ထောက်ခံပွဲ

မော်လမြိုင်၊ အောက်တိုဘာ ၂၅ မွန်ပြည်နယ်၊မော်လမြိုင်မြို့ သံလွင်ဥယျာဉ်ပန်းခြံမှာ ဒီကနေ့ အောက်တိုဘာ ၂၅ ရက်နေ့ မနက်ပိုင်းက အိမ်စောင့်အစိုးရနဲ့ တပ်မတော်ကို ထောက်ခံကြောင်း ထောက်ခံပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဲဒီစစ်တပ်ထောက်ခံပွဲအတွက် ရဲနဲ့ စစ်သား အင်အား ၁၀၀ ကျော် လုံခြုံရေးယူပေးခဲ့ပြီး၊ စစ်တပ် မိသားစုဝင်တွေနဲ့ တပ်မတော်ထောက်ခံသူ ၂၀၀ လောက် တက်ရောက်ခဲ့ပါတယ်။ စစ်တပ် ထောက်ခံသူတွေဟာ…

မြန်မာနိုင်ငံ‌မြောက်ပိုင်းမှာ စစ်အင်အားဖြည့်တင်းမှုများကြောင့် အစုအလိုက်အပြုံလိုက် အကြမ်းဖက်ခံရမှု ဖြစ်ပေါ်မည်ကို ကုလသမဂ္ဂစိုးရိမ်နေ

ရန်ကုန်၊ အောက်တိုဘာ ၂၃ ဖေဖော်ဝါရီလ အာဏာသိမ်းမှုဖြစ်ပေါ်ချိန်ကတည်းက အဆိုးရွားဆုံးအဖြစ်အပျက်များနှင့် ရင်ဆိုင်နေရသည့် အ‌ရှေ့တောင်အာရှ နိုင်ငံတစ်နိုင်ငံဖြစ်သော မြန်မာနိုင်ငံသည် ၎င်း၏မြောက်ပိုင်းအတွင်း အာဏာသိမ်းစစ်ကောင်စီမှ အင်အားဖြည့်တင်းမှုများပြုလုပ်လာသောကြောင့် ပိုမိုကျယ်ပြန့်လာသည့် လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်စဥ်များကို စိုးရိမ်ကြောင်းဟု အောက်တိုဘာ ၂၂ ရက်နေ့တွင် ကုလသမဂ္ဂမှ ပြောကြားခဲ့သည်။ “ပိုမိုကျယ်ပြန်ကြီးမားတဲ့ အကြမ်းဖက်မှုများကို ရင်ဆိုင်ရနိုင်သောကြောင့် အဲ့ဒီဒေသမှာ ရှိနေတဲ့ မြန်မာနိုင်ငံသားတွေ ပြင်ဆင်နေကြသလို…

တိုက်ပွဲအခြေနေတွေကြောင့် တောင်သူတွေ စပါးရိတ်သိမ်းဖို့ ခက်ခဲနေ

သထုံ၊ အောက်တိုဘာ ၂၄ သထုံခရိုင်၊ ကျိုက်ထို၊ ဘီးလင်း၊ သထုံမြို့နယ်အတွင်း KNLA တပ်မဟာ(၁)နဲ့စစ်ကောင်စီတပ်တွေနဲ့ နီးစပ်တဲ့ နေရာတွေမှာ စပါးစိုက်ပျိုးထားတဲ့ ဒေသခံတောင်သူတွေအနေနဲ့ ယခုနှစ် မိုးစပါးရိတ်သိမ်းဖို့ အခက်ခဲတွေရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ လက်ရှိမှာ စပါးရိတ်သိမ်းချိန် နီးကပ်လာပေမယ့် KNLA တပ်မဟာ(၁)နဲ့ စစ်ကောင်စီတပ်တို့ နှစ်ဖက်ထိပ်တိုက် တိုက်ပွဲတွေဖြစ်နေတာကြောင့် စပါးရိတ်သိမ်းချိန်မှာ တောင်သူတွေရဲ့ အသက်အန္တရာယ်ထိခိုက်မှာကို စိုးရိမ်နေရတယ်လို့…