October 2021

KNU တပ်မဟာ(၄) ပတ်ဝန်းကျင်ရွာတွေမှာ စစ်ကောင်စီက အရပ်ဝတ်နှင့် ကင်းထောက်နေ

မော်လမြိုင်၊ အောက်တိုဘာ ၆ ကေအဲန်ယူ တပ်မဟာ ၄ ထိန်းချုပ်နယ်မြေထဲက ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာတချို့မှာ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့တွေက အောက်တိုဘာလ ၅ ရက်နေ့ နေ့လည်ပိုင်းမှာ အရပ်ဝတ်များဖြင့် နယ်မြေထောက်လှမ်းမှုများ ပြုလုပ်နေတယ်လို့ ဒေသခံတွေ ပြောပါတယ်။ ကိုဗစ်ကာကွယ်ဆေးထိုးနှံမည့် စာရင်းကောက်ယူရန်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် CDM ဝန်ထမ်းများ ပုန်းခိုးတိမ်းရှောင်နေတာကို ရှာဖွေရန် ဆိုတဲ့အကြောင်းပြချက်နဲ့ အောက်တိုဘာလ ၄ ရက်နေ့…

ရေးပြည်သူတွေ မီတာခဈေးနှုန်း ကြီးမြင့်မှုဒဏ်ကို အကြီး အကျယ် ခံစားနေရ

ရေး ၊ အောက်တိုဘာ ၅ စစ်တပ် အာဏာသိမ်းမှု နောက်ဆက်တွဲ အကျိုးဆက်အနေဖြင့် စက်သုံးဆီဈေးနှုန်း ဆက်တိုက်မြင့်တက်လာတဲ့အတွက်ကြောင့် ရေးမြို့နယ်ပြည်သူတွေဟာ လျှပ်စစ် မီတာခဈေးနှုန်း ကြီးမြင့်မှုဒဏ်ကို အကြီးအကျယ် ခံစားနေရပါတယ်။ ရေးမြို့နယ်ဟာ အစိုးရလျှပ်စစ်မီး မရရှိသေးတဲ့အတွက်ကြောင့် ပုဂ္ဂလိကလျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေး ကုမ္ပဏီကနေ လျှပ်စစ်မီးကို ဈေးနှုန်းပိုပေးပြီး ဝယ်ယူ သုံးစွဲနေရတာ ဖြစ်ပါတယ်။ ရေးမြို့နယ်ကို မြတ်သူရကုမ္ပဏီက လျှပ်စစ်မီး…

KNU နှင့် စစ်ကောင်စီ တိုက်ပွဲ အကြိမ်ရေ (၂၆၀)ကျော် ဖြစ် ၊ စစ်သား (၂၃၄)ဦး သေဆုံးခဲ့တယ်လို့ KNU ထုတ်ပြန်

မော်လမြိုင်၊ အောက်တိုဘာ ၅ ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံး KNU တပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်တို့အကြား စက်တင်ဘာလအတွင်း တိုက်ပွဲ ၂၆၅ ကြိမ်ဖြစ်ပွားခဲ့ကာ စစ်ကောင်စီဘက်က ၂၃၄ ဦးသေဆုံးခဲ့တယ်လို့ ကေအဲန်ယူ ဗဟိုက ထုတ်ပြန်ထားပါတယ်။ စက်တင်ဘာလ ၁ ရက်နေ့မှ ၃၀ ရက်နေ့အတွင်း ကေအဲန်ယူ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO…

သမ္မတဒူတာတေး၏ သမီး လာမည့်ရွေးကောက်ပွဲတွင် သမ္မတရာထူးဝင်ပြိုင်မည်

မနီလာ၊ အောက်တိုဘာ ၄ လာမယ့် ၂၀၂၂ ခုနှစ်မှာ ကျင်းပမည့် ဖိလစ်ပိုင်ရွေးကောက်ပွဲမှာ လက်ရှိသမ္မတဒူတာတေး၏ သမီးဖြစ်သူကို သမ္မတရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင်စေမည်ဟု သမ္မတဒူတာတေးက ပြောဆိုလိုက်ပါတယ်။ ယင်းအပြင် သမ္မတဒူတာတေး၏ ကာလတာရှည်လက်တွဲခဲ့သည့် လက်ထောက်ကိုလည်း ဒုသမ္မတနေရာအတွက် အမည်စာရင်းတင်သွင်းထားခဲ့ပါတယ်။ သမ္မတဒူတာတေး၏ သမီးဖြစ်သူ မစ္စဆရာဒူတာတေးကာပီအိုသည် ဖိလစ်ပိုင်နိုင်ငံ၏ တတိယအကြီးဆုံးမြို့ဖြစ်သော ဒါဗာအိုမြို့၏ မြို့တော်ဝန်ဖြစ်ပြီး အဆိုပါမြို့တော်ဝန်ရာထူးအတွက် ဆက်လက်ယှဉ်ပြိုင်ရန် စာရင်းသွားထားသူလည်းဖြစ်ပါတယ်။…

စစ်ကောင်စီရဲ့ တပ်မ ၂၂ ဌာနချုပ်ရှေ့ မိုင်းကွဲပြီးနောက် အရပ်သားတချို့ ထိုးကြိတ်ဖမ်းဆီးခံရ

မော်လမြိုင်၊ အောက်တိုဘာ ၄ ဘားအံမှာ မနေ့ညပိုင်းက မိုင်းပေါက်ကွဲမှုဖြစ်ပြီးနောက် အရပ်သားပြည်သူအချို့ကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အောက်တိုင်ဘာ ၃ ရက်နေ့ ည ၆ နာရီခွဲကျော်အချိန်က ဘားအံမြို့တပ်မ (၂၂)ဌာနချုပ်ရှေ့မှာ မိုင်းတစ်လုံးပေါက်ကွဲခဲ့ပြီး အုတ်တံတိုင်းနံရံအချို့ ပျက်စီးပြိုကျသွားခဲ့တာပါ။ ပေါက်ကွဲမှုဖြစ်ပွားပြီးတဲ့နောက် စစ်ကောင်စီတပ်က တပ်မရှေ့ ဗိုလ်ချုပ်လမ်းပေါ်မှာ ရှာဖွေစစ်ဆေးတာတွေလုပ်တဲ့အပြင် အဲ့ဒီညပိုင်းမှာပဲ ဘားအံမြို့…

မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၀ ဦး ဖမ်းဆီးခံရ

မော်လမြိုင်၊ အောက်တိုဘာ ၄ မြန်မာ – ထိုင်းနယ် ကန်ချနဘူရီခရိုင်မှာ တရားမဝင်ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေကို မနေ့က ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းစစ်တပ်က သတင်းထုတ်ပြန်ပါတယ်။ အောက်တိုဘာ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က မြန်မာ ထိုင်းနယ်စပ်ကနေတစ်ဆင့် ထိုင်းနိုင်ငံ စံခရဘူရီမြို့နယ်ထဲကိုတရားမဝင်ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမား ၂၀ ကို ထိုင်းလုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ အမျိုးသား ၁၂…

ကျွဲခြံရွာတိုက်ပွဲအပြီး အသက်မပြည့်သေးသည့် ကလေး ၂ ဦးအပါအဝင် ဒေသခံ ၅ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွား

သရက်ချောင်း၊ အောက်တိုဘာ ၄ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်ရှိ ကျွဲခြံရွာမှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအပြီး အသက်မပြည့်သေးသည့် ကလေး ၂ ဦးအပါအဝင် ဒေသခံ ၅ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ အောက်တိုဘာလ ၃ ရက်နေ့ မနက်ပိုင်းမှာ ကျွဲခြံရွာမှာ စစ်ကောင်စီတပ်နှင့်ဒေသခံ ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ “မနေ့က တိုက်ပွဲအပြီး…

ဝန်ကြီးချုပ်ပရရွတ်ကို အမြင့်ဆုံးကိုယ်စားလောင်းအဖြစ် PPRP က ဆက်လက်ထားရှိမည်

ဘန်ကောက်၊ အောက်တိုဘာ ၃ ထိုင်းနိုင်ငံ၏ လက်ရှိအာဏာရပါတီ PPRP သည် လာမည့် ရွေးကောက်ပွဲနှင့်အတူ ဝန်ကြီးချုပ်ပရရွတ်ချန်အိုချာကို နောက်ထပ်သက်တမ်းတစ်ခုအတွက် အဆိုပြုချက်ကို ထောက်ခံလိမ့်မည်ဟု ပါတီတွင်း အရင်းအမြစ်တစ်ခုမှ သိရသည်။ PPRP ၏ ဟဲဗီးဝိတ် ပါတီဝင်များ ပါဝင်ကြသော အစည်းအဝေးတွင် ပါတီခေါင်းဆောင်ဖြစ်သူ ဗိုလ်ချုပ် ပရဝတ်က PPRP အနေဖြင့် ဗိုလ်ချုပ် ပရရွတ်ကို နောက်ထပ်ရွေးကောက်ပွဲအတွင်းမှာ…

နယ်ခြားစောင့်တပ် (BGF) စစ်ဆေးဖမ်းဆီးတဲ့ လုပ်ငန်းစဉ်မှာ ပါဝင်လာပြီး ပြည်သူတွေအပေါ် မောက်မာခက်ထန်စွာ ဆက်ဆံနေ

မော်လမြိုင်၊အောက်တိုဘာ ၂ စစ်ကောင်စီရဲ့ ဂုဏ်ပြုချီးမြှင့်ငွေတွေ ရပြီးတဲ့နောက် ဘားအံမြို့မှာ နယ်ခြားစောင့်တပ် (BGF) တွေဟာ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး ရှာဖွေစစ်ဆေးဖမ်းဆီးတာတွေကို ပိုမိုလုပ်ဆောင်လာနေပြီး ပြည်သူတွေအပေါ် မောက်မာခက်ထန်စွာ ဆက်ဆံနေတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဘားအံမြို့မှာ အခုရက်ပိုင်းတွေအတွင်း BGF တပ်ဖွဲ့တွေဟာ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းကာ စစ်ဆေးရေးဂိတ်တွေမှာ ရှာဖွေစစ်ဆေး ဖမ်းဆီးနေတာ၊ လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီစစ်ဆေးတဲ့အခါမှာလည်း…

မွန်မှာ လူသတ်မှု၊ခိုးမှုဖြင့် အမှုရင်ဆိုင်နေရတဲ့ အချုပ်သား ၁၉၅ ဦး ပြန်လွှတ်ပေး

မော်လမြိုင် ၊ အောက်တိုဘာ ၂ မွန်ပြည်နယ်မှာ အမှုရင်ဆိုင်ရင်နေတဲ့ အချုပ်သား (၁၉၅)ဦးကို အောက်တိုဘာလ (၁)ရက်နေ့က လွတ်ပေးခဲ့တယ်လို့ မွန်ပြည်နယ် အကျဉ်းဦးစီးဌာနမှ သိရပါတယ်။ ပြန်လွှတ်ပေးလိုက်တဲ့ အချုပ်သူ အချုပ်သားတွေ ဟာဆိုရင် မော်လမြိုင် အချုပ်ထောင်၊ ကျိုက်မရော ဗဟိုအကျဉ်းထောင်နဲ့ သထုံအကျဉ်းထောင်တွေမှာ ဖမ်းဆီးချုပ်နှောင်ထားသူ ဖြစ်ပါတယ်။ အကျဉ်းထောင် အသီးသီးက လွတ်ပေးလိုက်သူတွေကိုတော့ တရားရေးနဲ့ ရဲတပ်ဖွဲ့က…