October 5, 2021

သမ္မတဒူတာတေး၏ သမီး လာမည့်ရွေးကောက်ပွဲတွင် သမ္မတရာထူးဝင်ပြိုင်မည်

မနီလာ၊ အောက်တိုဘာ ၄ လာမယ့် ၂၀၂၂ ခုနှစ်မှာ ကျင်းပမည့် ဖိလစ်ပိုင်ရွေးကောက်ပွဲမှာ လက်ရှိသမ္မတဒူတာတေး၏ သမီးဖြစ်သူကို သမ္မတရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင်စေမည်ဟု သမ္မတဒူတာတေးက ပြောဆိုလိုက်ပါတယ်။ ယင်းအပြင် သမ္မတဒူတာတေး၏ ကာလတာရှည်လက်တွဲခဲ့သည့် လက်ထောက်ကိုလည်း ဒုသမ္မတနေရာအတွက် အမည်စာရင်းတင်သွင်းထားခဲ့ပါတယ်။ သမ္မတဒူတာတေး၏ သမီးဖြစ်သူ မစ္စဆရာဒူတာတေးကာပီအိုသည် ဖိလစ်ပိုင်နိုင်ငံ၏ တတိယအကြီးဆုံးမြို့ဖြစ်သော ဒါဗာအိုမြို့၏ မြို့တော်ဝန်ဖြစ်ပြီး အဆိုပါမြို့တော်ဝန်ရာထူးအတွက် ဆက်လက်ယှဉ်ပြိုင်ရန် စာရင်းသွားထားသူလည်းဖြစ်ပါတယ်။…