September 2021

ပြည်ပ အဝယ်လိုက်၍ ပဲဈေး ၂ နီးပါး ခုန်တက်

မော်လမြိုင်၊ စက်တင်ဘာလ ၁၅ ပြည်ပ ဝယ်လိုအား ဆက်တိုက်မြင့်တက်လာတဲ့အတွက် ပဲဈေးနှုန်း ၂ ဆနီးပါး မြင့်တက်လာခဲ့တယ်လို့ မွန်ပြည်နယ် ပဲနှမ်းလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ လက်ရှိမှာတော့ အိန္ဒိယနိုင်ငံက အဝယ်လိုက်နေတဲ့ မတ်ပဲဈေးနှုန်းဟာ တစ်တင်းကို ကျပ် ၅၀၀၀၀ နီးပါးထိ ဈေးပေါက်နေတာ ဖြစ်ပါတယ်။ “မတ်ပဲက အိန္ဒိယက အဝယ်လိုက်နေလို့ ဈေးနှုန်းဆက်တိုက်မြင့်တက်နေတာ၊ အဓိကကတော့ ပဲလက်ကျန်လည်း…

ကျိုက်ထီးရိုးတောင်ပေါ်မှာ စစ်ကောင်စီ တပ်စွဲထားပြီး ဆင်ချောက်ရွာ လျှပ်စစ်မီးဖြတ်တောက်ခံရ

ကျိုက်ထို၊ စက်တင်ဘာ ၁၅ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေးရွာရှိ ကျိုက်ထီးရိုးတောင်ပေါ်မှာ စစ်ကောင်စီတပ်စွဲထားပြီးနောက်တောင်အနီးက ဆင်ချောက်ရွာကို စက်တင်ဘာလ ၁၄ ရက်နေ့မှ စတင်ပြီး ကျိုက်ထီးရိုးဂေါပကအဖွဲ့မှ လျှပ်စစ်မီး ဖြတ်တောက်ထားတယ်လို့ သိရပါတယ်။ ဆင်ချောက်ကျေးရွာဟာ ကျိုက်ထီးရိုးတောင် ရဟတ်ယာဉ်ကွင်းဘက်အနီးရှိ ကျေးရွာဖြစ်ပါတယ်။ ကျိုက်ထီးရိုးတောင်ပေါ်မှာ စက်တင်ဘာလ ၁၀ ရက်နေ့ကတည်းက စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀ ကျော် ဒုတိယအကြိမ်ရောက်ရှိပြီး တပ်စွဲနေတာ…

ဝန်ကြီးချုပ်ပရာရွတ်ကို လူငယ်တက်ကြွလှုပ်ရှားသူများ၏ အသံနားထောင်ဖို့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်မှ အကြံပြု

ဘန်ကောက်၊ စက်တင်ဘာ ၁၆ ဝန်ကြီးချုပ် ပရရွတ်ချန်အိုချာသည် အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှုများကို အဆုံးသတ်နိုင်ရန် လူငယ်တက်ကြွ လှုပ်ရှားသူများနှင့်အတူ ထိုင်၍ စကားပြောဖို့လိုအပ်ကြောင်း ဝန်ကြီးချုပ်ဟောင်း သက်ဆင်က ပြောကြားခဲ့ပါသည်။ အကြမ်းဖက်မှုများသည် တိုင်းပြည်၏ နိုင်ငံရေးပြဿနာများကို ဖြေရှင်းဖို့ မဖြစ်နိုင်ကြောင်း၊ လူငယ်တက်ကြွ လှုပ်ရှားသူများနှင့် ဆွေးနွေးမှုများကို လုပ်ဆောင်သင့်ကြောင်း သက်ဆင်မှ ဆက်လက်ပြောကြားသည်။ Care အဖွဲ့မှ ကျင်းပသော အွန်လိုင်းနိုင်ငံရေးဖိုရမ်တွင် သူက…

စစ်တပ်အာဏာသိမ်းပြီးနောက် ထားဝယ်မှာ အဖမ်းခံရသူ (၂၀၀)ကျော်အထိ ရှိလာ

ထားဝယ်၊ စက်တင်ဘာလ ၁၆ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်မှာ အဖမ်းခံထားရသူ (၂၀၀) ကျော်ရှိပြီး အဲ့ဒီအထဲက လူဉီးရေ (၅၀)နီးပါးကိုတော့ ထောင်ဒဏ်ချမှတ်လိုက်ပြီး ဖြစ်ပါတယ်။ အဖမ်းခံရသူတွေထဲမှာ စစ်ကောင်စီကို ဆန့်ကျင်တဲ့ လူငယ်အမြောက်အများ ပါဝင်သလို သာမာန်အရပ်သား ပြည်သူတွေလည်း ပါဝင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ထောင်ဒဏ်ချမှတ်ခံခဲ့ရသူတွေကတော့ ပြစ်ဒဏ် (၂)နှစ်ကနေ (၄)နှစ်အထိ အမိန့်ချခံလိုက်ရပြီး ကျန်တဲ့သူတွေကတော့…

ရေးမြို့မှာ လျှပ်စစ်ဓာတ်အားခ တစ်ယူနစ်(၆၀၀)ကျပ်အထိ တိုးမြင့်မည်

မော်လမြိုင် ၊ စက်တင်ဘာ ၁၅ ဆီဈေးနှုန်းတွေ ဆက်တိုက်မြင့်တက်လာတဲ့အတွက် ရေးမြို့နယ်မှာ လျှစ်စစ်မီတာခတွေကို တစ်ယူနစ် (၆၀၀)ကျပ်အထိ တိုးမြင့်ကောက်ခံသွားမယ်လို့ မီးလင်းရေးကော်မတီ တာဝန်ရှိသူတွေက ပြောပါတယ်။ ရေးမြို့နယ်မှာ မဟာဓာတ်အားလိုင်းကနေ လျှပ်စစ်ဓာတ်အား မသွယ်တန်းနိုင်သေးတဲ့အတွက် ပုဂ္ဂလိကလုပ်ငန်းရှင်တွေကနေ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရောင်းချနေတာ ဖြစ်ပါတယ်။ အရင်လတွေမှာတော့ လျှစ်စစ်မီးသုံးစွဲမှုအတွက် တစ်ယူနစ်ကို (၅၅၀)ကျပ် ကောက်ခံရာမှ အခုအခါ ဆီဈေးနှုန်းတွေ မြင့်တက်လာမှုကြောင့်…

ငွေကြေး လိမ်လည်ကောက်ခံမှုတွေကြောင့် စိစစ်ပြီးမှ အလှူငွေထည့်ဖို့ PDFတိုက်တွန်း

ဘီးလင်း ၊ စက်တင်ဘာ (၁၄) တော်လှန်ရေးကို အမည်ခံပြီး ပြည်သူတွေဆီမှ ငွေကြေးလိမ်လည်ကောက်ခံတာတွေ ရှိနေတဲ့အတွက် ပြည်သူတွေအနေနဲ့ စနစ်တကျ စိစစ်ပြီးမှ အလှူငွေထည့်ဝင်ပေးဖို့ ဘီးလင်းမြို့နယ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်တွန်းလိုက်ပါတယ်။ လူ့တချို့က အဖွဲ့အစည်းနာမည်ခံပြီး အလှူငွေကောက်ခံတာတွေ ပြုလုပ်ခဲ့ပေမယ့် ထောက်ပံ့မှုတွေဟာ မြေပြင်မှာ ဆောင်ရွက်နေသူတွေဆီ မရောက်ခဲ့ဘူးလို့ ဆိုပါတယ်။ “အချို့သော အဖွဲ့အစည်းတွေ နာမည်ခံ အလှူ ရှင်တွေက…

မွန်မှာ ကိုဗစ်ကာကွယ်ဆေး တစ်သိန်းကျော် ထပ်မံထိုးနှံပေးမည်

မော်လမြိုင် စက်တင်ဘာ (၁၄) မွန်ပြည်နယ်မှာ ကိုဗစ်ကာကွယ်ဆေး အလုံးရေ တစ်သိန်းကျော်ကို ထပ်မံထိုးနှံပေးသွားမယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။ လက်ရှိမှာတော့ ကာကွယ်ဆေးတွေအား မြို့နယ်အားလုံးကို ဖြန့်ဝေပေးထားပြီး စက်တင်ဘာလ(၁၅)ရက်နေ့မှာ စတင်ထိုးနှံပေးသွားမယ်လို့ ဆိုပါတယ်။ အခုတစ်ကြိမ် ထိုးနှံပေးရာမှာ သတ်မှတ်ထားတဲ့ လူအုပ်စုတွေအပြင် အသက် (၅၅)နှစ်ကနေ (၆၄)နှစ်အတွင်း ရှိသူတွေ ၊ မသန်စွမ်းတွေ နဲ့ နာတာရှည်ရောဂါခံစားရသူတွေကိုပါ…

PDFတွေရဲ့ လက်နက်လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ NUGကိုတောင်းဆို

မော်လမြိုင် ၊ စက်တင်ဘာ (၁၄) မွန်ပြည်နယ်တဝှမ်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေမှာ လက်နက်လိုအပ်ချက်တွေ ရှိနေလို့ အမျိုးသားညီညွှတ်ရေးအစိုးရမှ ဖြည့်ဆည်းပေးဖို့ လှုပ်ရှားနေသူတွေက တောင်းဆိုလိုက်ပါတယ်။ မွန်ပြည်နယ်မှာတော့ မြို့နယ်အလိုက် PDF တပ်ဖွဲ့တွေ ဖွဲ့စည်းထားပြီး အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့တွေကို နည်းလမ်းမျိုးစုံနှင့် တိုက်ခိုက်နေကြပါတယ်။ စစ်ကောင်စီရဲ့ ရုံးဌာနတွေကို ဖောက်ခွဲတာတွေ အပါအဝင် သတင်းပေးတွေနှင့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေအား လုပ်ကြံသတ်ဖြတ်တာတွေကို ယခုလပိုင်းမှာ…

ဒေါ်လာ သန်း ၂၀၀ တန် အမျိုးသားအားကစားရုံအဆောက်အဦးသစ်ကို တရုတ်က ကမ္ဘောဒီးယားသို့ လက်ဆောင်ပေး

ဖနွမ်ပင်၊ စက်တင်ဘာ ၁၃ တရုတ်နိုင်ငံသည် ဖနွမ်းပင်မြို့တွင် ဆောက်လုပ်မည့် အမေရိကန်ဒေါ်လာ ၁၅၀ မီလီယမ် (USD ၂၀၁ မီလီယမ်) တန်ဖိုးရှိသော အားကစားရုံကို ကမ္ဘောဒီးယားအစိုးရသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ၎င်းအဆောက်အအုံသည် ဘေဂျင်းအစိုးရမှ ပေးအပ်သော အခြေခံအဆောက်အအုံဖြစ်သည်ဟု အာဏာပိုင်များမှ (စက်တင်ဘာလ ၁၂ ရက်နေ့) တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။ လူဦးရေခြောက်သောင်းခန့် ဝင်ဆံ့နိုင်သည့် အဆိုပါအဆောက်အအုံသည် အခြေခံအဆောက်အအုံအားမြှင့်တင်ရန်နှင့်…

BGF စခန်းပြုပြင်ဖို့ဆိုပြီး ဒေသခံတွေကို သစ်နဲ့ဝါး လာပေးဖို့ ဖိအားပေး စေခိုင်း

ဘီးလင်း၊ စက်တင်ဘာ ၁၃ ဘီးလင်းမြို့နယ်၊ လေးကေကျေးရွာမှာ တပ်စွဲထားတဲ့ ခမရ(၄၀၆)နဲ့ အမှတ်(၁၀၁၄)BGF ပူးပေါင်းအဖွဲ့က စခန်းပြုပြင်ဖို့ဆိုပြီး ဒေသခံတွေကို သစ်နဲ့ဝါး လာပေးဖို့ ဖိအားပေးစေခိုင်းနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်မ်းကိုပြောပါတယ်။ စခန်းပြုပြင်ဖို့ လေးကေနဲ့ ကျောက်ဖျာကျေးရွာက ဒေသခံတွေကို တစ်အိမ် ဝါး (၁၀)လုံးနဲ့ သစ် ၂ ချောင်းခုတ်ပြီး စခန်းကိုပို့ပေးဖို့ ဖိအ‌ားပေး ခိုင်းစေနေတာ ဖြစ်ပါတယ်။…