လောင်းလုံ၊ စက်တင်ဘာ ၂၇

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နှင့်လောင်းလုံးမြို့ အကြားရှိ ကျွန်း ၄ ကျွန်းကို စစ်ကောင်စီ ထားဝယ်တပ်နယ်လက်အောက်ရှိ အမှတ်(၃၀၂) အမြှောက်တပ်ရင်းမှ အမြှောက်ပစ်ခတ်လေ့ကျင့်မှုတွေ ပြုလုပ်မယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

ထိုသို့ ပစ်ခတ်လေ့ကျင့်မှုပြုလုပ်ရာမှာ ကမြောကင်းတံတားမှ လောင်းလုံးမြို့အကြားရှိ ရေလယ်ကျွန်း၊ ကူးတို့ဆိပ်ဟောင်းကျွန်း၊ ဓနိကျွန်း၊ ရွှေကျွန်းတို့ ပါဝင်တယ်လို့ သိရပါတယ်။

“အဲဒါတော့ မသိသေးဘူး။ အုပ်ချုပ်ရေးပိုင်းက လိုက်ကြေညာတာ မတွေ့သေးဘူး။ ဘယ်အချိန်လိုက်ကြေညာမလဲတော့ မသိဘူး။ စာကတော့ လိုင်းပေါ်မှာ ပြန့်နေတာတွေ့တယ်။ ဒေသခံတွေက နဂိုကတည်းက အလုပ်အကိုင်က အဆင်မပြေရတဲ့ ကြားထဲ ခုလိုလုပ်မယ်ဆိုတော့ အလုပ်က ပျက်ရအုန်းမှာပေါ့”လို့ ဒေသခံ တစစ်တပ်စ်ဦးက မှတ်ချက်​​ပြုပါတယ်။



အဆိုပါ ကျွန်းတွေ အနီးမှာ လယ်၊ ဓနိလုပ်ကိုင်သူများရှိ သလို တံငါလုပ်ငန်းလုပ်ကိုင်သူတွေလည်းရှိတယ်လို့ သိရပါတယ်။

လေ့ကျင့်ပစ်ခတ်မှုကိုတော့ စက်တင်ဘာလ ၂၈ ရက်နေ့မှ စက်တင်ဘာလ ၃၀ ရက်နေ့ထိ ပြုလုပ်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် အဆိုပါ ကျွန်းပေါ်နှင့်ကျွန်းအနီး ဝန်းကျင် မြေပြင် ရေပြင်များမှာ ယာဉ်၊ လှေ၊ သင်္ဘော၊ လူ၊ တိရစ္ဆာန်တွေ သွားလာခြင်းမရှိအောင် အသိပေးကြပ်မတ်ပေးဖို့ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကနေတဆင့် ဒေသခံတွေကို အသိပေးခိုင်းထားတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.