မော်လမြိုင်၊ စက်တင်ဘာ ၂၇

စစ်တပ် အာဏာသိမ်းပြီး ၇ လကျော်ကာလအတွင်း ရွှေဈေးနဲ့ ဒေါ်လာဈေးနှုန်း မြန်မာသမိုင်းမှာ တစ်ကြိမ်မှ မဖြစ်ခဲ့ဖူးတဲ့ အမြင့်ဆုံး စံချိန်တင် ဈေးနှုန်းကို ရောက်ရှိသွားပြီး ဖြစ်ပါတယ်။

ဒီကနေ့ မီးလင်းအခေါက်ရွှေ တစ်ကျပ်သားကို ကျပ် ၂၀ သိန်း ၁ သောင်းထိ စံချိန်တင် ခဲ့သလို ဒေါ်ဈေးနှုန်းမှာလည်း တစ်ဒေါ်လာကို ကျပ် ၂၂၈၀ ကျော်ထိ စံချိန်တင် ဈေးနှုန်းကို ရောက်ရှိသွားတာပါ။

ရွှေဈေးနှုန်းနဲ့ ဒေါ်လာဈေးနှုန်း ဆက်လက် မြင့်တက်လာမယ့် အခြေအနေမှာ ရှိတယ်လို့ ရွှေလုပ်ငန်းရှင်တွေက ခန့်မှန်းထားကြပါတယ်။

ရွှေဈေးနှုန်းဟာ စစ်တပ်အာဏာ မသိမ်းခင်က တစ်ကျပ်သား ကျပ် ၁၃ သိန်း ဝန်းကျင်သာရှိခဲ့ရာမှ အာဏာသိမ်းပြီး ၇ လ‌‌‌ေကျာ်ကာလအတွင်း ကျပ် ၂၀ သိန်း ၁ သောင်းထိ စံချိန်တင် မြင့်တက်ခဲတ့ာ ဖြစ်ပါတယ်။

ဒေါ်လာဈေးနှုန်းမှာလည်း အာဏာမသိမ်းခင်က တစ်ဒေါ်လာ ကျပ် ၁၃၀၀ ဝန်းကျင်သာ ရှိခဲ့ရာမှ အာဏသိမ်းပြီးနောက် တစ်ဒေါ်လာ ကျပ် ၂၂၈၀ ကျော်ထိ စံချိန်တင်ခဲ့တာပါ။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.