မော်လမြိုင်၊ စက်တင်ဘာ၊ ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့လယ်မှာ မ‌ေန့စက်တင်ဘာ ၂၀ ရက် ညနေ ၄ နာရီခွဲအချိန်ခန့်က အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီအမျိုးသမီးနဲ့အတူ အဖော်တစ်ဦးကို ထားဝယ်မြို့၊ ရွှေတောင်စေတီအနီးရှိ ဒေသထွက်လက်ဆောင်ပစ္စည်းအရောင်းဆိုင်အနားတွင် အမည်မသိလူတစ်စုက သေနတ်ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

” သူနဲ့အဖော်တစ်ဦးပါ၊ သေနတ်ပစ်ခံရတာ၊ သူကတော့ ပွဲချင်းပြီးသေတယ်၊ သူ့အဖော်က ဒဏ်ရာရသွားတယ်”လို့ ထားဝယ်မြို့ခံ တစ်ဦးက ပြောပါတယ်။

သေဆုံးသူအမျိုးသမီးဟာ ထားဝယ်မြို့ ဘုံမော်ရပ်ကွက်တွင် နေထိုင်သူ ဒေါ်စန်းစန်းဝေ ဖြစ်ပြီး၊ သူမကိုတော့ စစ်တပ်သတင်းပေး၊ စစ်တပ်ထောက်ခံသူအဖြစ် လူသိများပါတယ်။

ထားဝယ်မိဘ၊ပြည်သူ‌ေတွကို နေ့စဉ်ကြောက်လန့်စေကာ နေ့ညမပြတ် နှိပ်စက်ဒုက္ခပေးနေတဲ့အတွက် ဒလန် ဒေါ်စန်းစန်းဝေကို ကျဉ်လေးတောင့်နဲ့ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ Dawei Assassinations Team အဖွဲ့က ဒီကနေ့ နံနက်မှာ ထုတ်ပြန်ပါတယ်။

သတင်း-သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.