ကျိုက်ထီးရိုးတောင်အနီး မိုင်းပေါက်ပြီးနောက် ဒေသခံတွေ တောထဲသွားပြီး ရှာဖွေစားသောက်ဖို့ မဝံ့ရဲတော့
ကျိုက်ထို၊ စက်တင်ဘာ ၁၇ ကျိုက်ထိုမြို့နယ်၊ ကင်မွန်ချောင်းကျေးရွာရှိ ကျိုက်ထီးရိုးတောင်အနီးမှာ မြေမြှုပ်မိုင်းပေါက်ကွဲပြီးနောက် ဝမ်းရေးအတွက် တောထဲသွားပြီး ရှာဖွေစားသောက်ဖို့ စိုးရိမ်ကြောက်လန့်နေရတယ်လို့ တောင်ပေါ် ဒေသခံတွေက သံလွင်တိုင်မ်းကို ပြောပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၂၉ ရက်နေ့က ကျိုက်ထီးရိုးတောင် ရေတံခွန်လမ်း ဝိဇ္ဇာတောင်အနီးမှာ တောတွင်းမျှစ်ချိုးသွားတဲ့ လူငယ်တစ်ဦး မြေမြှုပ်မိုင်းထိပြီး ခြေထောက်ဒဏ်ရာရှိခဲ့ပါတယ်။ “အခုက မိသားစုအားလုံးနီးပါး စားဝတ်နေရေး အခက်အခဲနေတယ်၊…