အခြေခံပညာကျောင်းတွေ ပြန်လည်ဖွင့်လှစ်နိုင်ဖို့ ကြိုတင်ပြင်ဆင်နေ
မော်လမြိုင် ၊ စက်တင်ဘာ ၁၅ မွန်ပြည်နယ်မှာ ကိုဗစ်-၁၉ ကူးစက်မှုနှုန်း လျော့ကျလာတာကြောင့် အခြေခံပညာကျောင်းတွေ ပြန်လည်ဖွင့်လှစ်နိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေတယ်လို့ မွန်ပြည်နယ် ပညာရေးမှူးရုံး တာဝန်ရှိသူတွေက ပြောပါတယ်။ လက်ရှိမှာတော့ ပိတ်ထားတဲ့ ကျောင်းတွေအား သန့်စင်ရေးတွေ ပြုလုပ်နေပြီး ဆရာ ဆရာမတွေကိုလည်း ကိုဗစ်-၁၉ ကူးစက်ခံရမှု ရှိမရှိကိုလည်း စစ်ဆေးပေးနေတယ်လို့ ဆိုပါတယ်။ ကျောင်းမဖွင့်ခင်မှာတော့ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက…