ရေး၊ စက်တင်ဘာလ ၁၃

ရေးမြို့နယ်၊ နှင်းစုံကျေးရွာအနီးမှာ ပိတ်ဆို့စစ်ဆေးနေတဲ့အဖွဲ့ထဲက ရဲတပ်သားတစ်ဦးကို စက်တင်ဘာလ ၁၂ရက်နေ့မှာ ရေးကာကွယ်​ရေးအထူးတပ်ဖွဲ့ဝင်နှစ်ဦးက အနီးကပ် ဓားဖြင့်ထိုးသတ်ခဲ့ပါတယ်။

ပိတ်ဆို့စစ်ဆေးနေတဲ့ စစ်ကောင်စီအဖွဲ့ကို သွားရောက်တိုက်ခိုက်ဖို့ စီစဥ်ခဲ့တာဖြစ်ပေမယ့် ပစ်ခတ်မှုတွေ မဖြစ်ခဲ့ဘဲ တစ်ဦးတည်း ကျွံထွက်နေတဲ့ ရဲတပ်သားကို ဓားဖြင့် ထိုးသတ်ခဲ့တာလို့ ဆိုပါတယ်။

“ ကျွန်တော်တို့ ၁၀ ရက်နေ့မှာ ရဲရေးစခန်းကို ဗုံးခွဲတိုက်မှု အပြီးမှာ ရေးတစ်မြို့လုံးကို ပိတ်ဆို့စစ်ဆေးတာ နေရာအနှံ့ပြုလုပ်နေတယ်ပေါ့ ၊ ပစ်ခတ်မှုတွေပါ လုပ်မယ်လို့အစီစဉ်ဆွဲခဲ့ပေမဲ့ ရဲတစ်ယောက်က လွှတ်ထွက်နေလို့ အဲ့ရဲတစ်ယောက်ကိုပဲ လုပ်ခဲ့တာဖြစ်ပါတယ် ” လို့ ရေးPDF ပြည်ကြားရေးအဖွဲ့မှ ကိုစောအယ်မူးတူးက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၀ရက်နေ့မှာလည်း ရေးမြို့မရဲစခန်းကို PDF အဖွဲ့တွေက ဗုံးခွဲတိုက်ခိုက်ခဲ့ပါသေးတယ်။

အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတော့ ရေးမြို့အတွင်းမှာ PDF တပ်ဖွဲ့ဝင်တွေ ခိုလှုံနေတယ်ဆိုပြီး နေ့ရောညပါ ပိုက်စိပ်တိုက် ရှာဖွေမှုတွေ ပြုလုပ်နေပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.