September 13, 2021

BGF စခန်းပြုပြင်ဖို့ဆိုပြီး ဒေသခံတွေကို သစ်နဲ့ဝါး လာပေးဖို့ ဖိအားပေး စေခိုင်း

ဘီးလင်း၊ စက်တင်ဘာ ၁၃ ဘီးလင်းမြို့နယ်၊ လေးကေကျေးရွာမှာ တပ်စွဲထားတဲ့ ခမရ(၄၀၆)နဲ့ အမှတ်(၁၀၁၄)BGF ပူးပေါင်းအဖွဲ့က စခန်းပြုပြင်ဖို့ဆိုပြီး ဒေသခံတွေကို သစ်နဲ့ဝါး လာပေးဖို့ ဖိအားပေးစေခိုင်းနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်မ်းကိုပြောပါတယ်။ စခန်းပြုပြင်ဖို့ လေးကေနဲ့ ကျောက်ဖျာကျေးရွာက ဒေသခံတွေကို တစ်အိမ် ဝါး (၁၀)လုံးနဲ့ သစ် ၂ ချောင်းခုတ်ပြီး စခန်းကိုပို့ပေးဖို့ ဖိအ‌ားပေး ခိုင်းစေနေတာ ဖြစ်ပါတယ်။…

ကိုဗစ်ချေးငွေနဲ့ ဝန်ထမ်း ချေးငွေ ပြန်ဆပ်ဖို့ ဆိုင်းငံ့

မော်လမြိုင်၊ စက်တင်ဘာလ ၁၃ NLD အစိုးရ လက်ထက်က စီးပွားရေးလုပ်ငန်းတွေအပေါ် ထုတ်ချေးပေးထားတဲ့ ချေးငွေနဲ့ နိုင်ငံဝန်ထမ်း ချေးငွေကို ပြန်ဆပ်ကာလ ၆ လ နောက်ဆုတ်ပေးလိုက်တယ်လို့ အာဏာသိမ်း စစ်ကောင်စီ ထုတ်ပြန်လိုက်ပါတယ်။ နိုင်ငံဝန်ထမ်းတွေကို ထုတ်ချေးပေးခဲ့တဲ့ အတိုးမဲ့ ချေးငွေ ၂ လစာကို အောက်တိုဘာလကစပြီး ပြန်ဆပ်ဖို့ စစ်ကောင်စီက ထုတ်ပြန်ပြီးနောက် စက်တင်ဘာ ၁၂…

(၂)လနီးပါး ပိတ်ထားတဲ့ စစ်ကောင်စီ လက်အောက်ခံ ကညနရုံးတွေ ပြန်ဖွင့်

မော်လမြိုင် ၊ စက်တင်ဘာ ၁၃ မွန်ပြည်နယ်မှာ (၂)လနီးပါး ပိတ်ထားတဲ့ စစ်ကောင်စီ လက်အောက်ခံ ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (ကညန) ရုံးတွေကို ဒီကနေ့ စက်တင်ဘာလ (၁၃)ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်ပြီး ဖြစ်တယ်လို့ သိရပါတယ်။ ကညန ရုံးတွေကိုတော့ ကိုဗစ်ကပ်ရောဂါ အခြေအနေတွေကြောင့် စစ်ကောင်စီက နိုင်ငံတော်ရဲ့ အများပြည်သူ ရုံးပိတ်ရက် အဖြစ်သက်မှတ် လိုက်တဲ့နေ့…

ရေးမြို့နယ်က မူးယစ်ဆေးဝါးရောင်းချသူ တစ်ဦး ပစ်ခတ်ဖမ်ဆီးခံရပြီး သေဆုံး

ရေး၊ စက်တင်ဘာ ၁၃ မွန်ပြည်နယ်၊ ရေးမြို့နယ် စုံနံ့သာကျေးရွာမှာ စက်တင်ဘာလ ၁၂ ရက် မွန်းလွဲပိုင်းက မူးယစ်ဆေးဝါးရောင်းသူ တစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ်ဖမ်းဆီးတာကြောင့် သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ သေဆုံးသွားတဲ့ အထွန်း(ခ) ထွန်းနိုင် နေအိမ်မှာ ရှိနေစဉ် စစ်ကောင်စီရဲ့ စစ်တပ်နဲ့ ရဲအင်အားအများအပြားဖြင့် ဝင်ရောက်စီးနင်းပြီး ပစ်ခတ်ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။ ပစ်ခတ်ဖမ်းဆီးခံရပြီးနောက်…

ထားဝယ်မှာ အသက်မပြည့်သေးသည့် မိန်းကလေး ၂ ဦးအပါအဝင် ၃ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး

ထားဝယ်၊ စက်တင်ဘာလ ၁၃ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ၊ ဆန်းချီရပ်ကွက်မှာ စက်တင်ဘာလ ၁၂ ရက်နေ့ ညက အသက်မပြည့်သေးသည် မိန်းကလေး ၂ ဦးအပါအဝင် စုစုပေါင်း ၃ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ အဆိုပါ မိန်းကလေးတွေကို စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်ပတ်သက်သည်ဟု အကြောင်းပြချက်နဲ့လာရောက်ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။ ဖမ်းဆီးခံရသူတွေမှာ အသက် ၁၀ နှစ်အရွယ်…

စစ်ရှောင်ပြည်သူအချို့ ကိုဗစ်လက္ခဏာနဲ့ သေဆုံးတာတွေ ရှိနေ

မော်လမြိုင်၊ စက်တင်ဘာ ၁၃ ကျိုက်ဒုံဒေသမှာ စစ်ဘေးကြောင့် တိမ်းရှောင်ထွက်ပြေးနေရတဲ့ ဒေသခံရွာသားအချို့ ကိုဗစ်လက္ခဏာနဲ့ သေဆုံးတာတွေရှိနေပြီး စစ်ဘေးရှောင်သူတွေအတွက် ဆေးဝါးအကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်အရေးကူညီပေးနေသူတစ်ဦးက ပြောပါတယ်။ တိမ်းရှောင်ထွက်ပြေးနေရတဲ့ စစ်ဘေးရှောင်တွေထဲမှာ အများစုက ကိုဗစ်ရောဂါကူးစက်ခံနေရပြီး ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ဘေးရှောင်ရွာသား နှစ်ဦး ကိုဗစ်ရောဂါလက္ခဏာနဲ့ သေဆုံးသွားခဲ့တယ်လို့ စစ်ရှောင်အရေးကူညီပေးနေသူတစ်ဦးက ပြောပါတယ်။ “သူ့လက္ခဏာတော့ ကျနော်တို့ ကြည့်ရသလောက်တော့လက္ခဏာက ကိုဗစ်သက်သက်ပဲရော။ ချောင်းဆိုးလည်းဆိုးတယ်…

စစ်ကောင်စီတပ်သား အင်အား ၁၀၀ ခန့် ဘီးလင်း မြစ်ကျိုးရွာမှာ ရောက်ရှိနေ

ဘီးလင်း၊ စက်တင်ဘာ ၁၃ ဘီးလင်းမြို့နယ်ရှိ ကြသောင်းဆိပ်ရွာသို့ သွားရန် စစ်ကောင်စီတပ် အင်အား ၁၀၀ ခန့် စက်တင်ဘာလ ၁၂ ရက်နေ့မှာ မြစ်ကျိုးရွာကို ရောက်ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ အဆိုပါ စစ်ကောင်စီတပ်ဖွဲ့မှာ လေးကေ ကျေးရွာရှိ ခလရ(၈)လက်အောက်ခံ စစ်ကောင်စီတပ်နဲ့ BGF အဖွဲ့တို့ဖြစ်တယ်လို့ ဆိုပါတယ်။ “မနေ့ကတည်းက လေးကေဘက်က တက်လာကြတယ်။ ကြသောင်းဆိပ်တက်ဖို့လို့တော့…

ရေးကာကွယ်ရေးအထူးတပ်ဖွဲ့က ရဲတစ်ယောက်ကို အနီးကပ် ဓားဖြင့်ထိုးသတ်ခဲ့

ရေး၊ စက်တင်ဘာလ ၁၃ ရေးမြို့နယ်၊ နှင်းစုံကျေးရွာအနီးမှာ ပိတ်ဆို့စစ်ဆေးနေတဲ့အဖွဲ့ထဲက ရဲတပ်သားတစ်ဦးကို စက်တင်ဘာလ ၁၂ရက်နေ့မှာ ရေးကာကွယ်​ရေးအထူးတပ်ဖွဲ့ဝင်နှစ်ဦးက အနီးကပ် ဓားဖြင့်ထိုးသတ်ခဲ့ပါတယ်။ ပိတ်ဆို့စစ်ဆေးနေတဲ့ စစ်ကောင်စီအဖွဲ့ကို သွားရောက်တိုက်ခိုက်ဖို့ စီစဥ်ခဲ့တာဖြစ်ပေမယ့် ပစ်ခတ်မှုတွေ မဖြစ်ခဲ့ဘဲ တစ်ဦးတည်း ကျွံထွက်နေတဲ့ ရဲတပ်သားကို ဓားဖြင့် ထိုးသတ်ခဲ့တာလို့ ဆိုပါတယ်။ “ ကျွန်တော်တို့ ၁၀ ရက်နေ့မှာ ရဲရေးစခန်းကို ဗုံးခွဲတိုက်မှု…

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးမကောင်းလို့ အမှုမစစ်ဖြစ်

မော်လမြိုင်၊ စက်တင်ဘာ ၁၃ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး မကောင်းလို့ ဒီကနေ့ စက်တင်ဘာ ၁၃ ရက်နေ့ ရုံးချိန်းမှာ အမှုစစ်ဆေးနိုင်ခြင်း မရှိဘူးလို့ ရှေ့နေ ဦးခင်မောင်ဇော်က သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒီကနေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည့် အပါအဝင် သမ္မတဦးဝင်းမြင့် နဲ့နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့ကို စွဲဆိုထားတဲ့ အမှုအတွက် နေပြည်တော်က အထူးတရားရုံးမှာ စစ်ဆေးဖို့ စီစဉ်ထားခဲ့တာပါ။…

ကျိုက်ထိုမှာ ခြံလုပ်သားတွေရဲ့ ကိုယ်ရေးအချက်အလက် ကို စစ်ကောင်စီ ကောက်ယူနေ

ကျိုက်ထို၊ စက်တင်ဘာ ၁၃ ကျိုက်ထိုမြို့နယ်က ခြံလုပ်သားတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တွေက တောင်းယူနေလို့ လုပ်သားတွေအကြားမှာ စိုးရိမ်မှုတွေ ဖြစ်ပေါ်နေပါတယ်။ ပွင့်လင်းရာသီရောက်ပြီးဖြစ်လို့ လယ်ယာလုပ်သားတွေနဲ့ ရာဘာခြံလုပ်သားတွေဟာ နံနက်စောစောနဲ့ ညနက်ပိုင်းတွေမှာ လုပ်ငန်းခွင်ထဲ ဝင်ရမှာဖြစ်လို့ လုံခြုံရေးအတွက် အလုပ်သမားကတ်ပြားထုတ်ပေးမယ်ဆိုကာ ကိုယ်ရေးအချက်အလက်တွေ တောင်းခံနေတာ ဖြစ်ပါတယ်။ “ဒီလိုမျိုးက တစ်ခါမှလည်း မရှိဘူးလေ။ လုပ်သားတွေရဲ့ အချက်လက်တောင်းတာ။ ခုကပေးရမယ်ဆိုတော့ ဘာလုပ်ရမှန်းမသိဘူး။…