မော်လမြိုင်၊ စက်တင်ဘာလ ၁၁
NLD အစိုးရလက်ထက်က နိုင်ငံ့ဝန်ထမ်းတွေကို ကြိုတင်ထုတ်ထားပေးခဲ့တဲ့ ၂ လစာ အတိုးမဲ့ချေးတွေကို အောက်တိုဘာလ ၁ ရက် ကနေ့စပြီး ပြန်ဆပ်ရမယ်လို့ စစ်ကောင်စီလက်အောက်ခံ စီမံကိန်းနဲ့ဘဏ္ဍာရေး ဝန်ကြီးဌာနက ညွှန်ကြားစာ ထုတ်ပြန်ထားပါတယ်။
လက်ရှိတာဝန်နေဆဲဖြစ်တဲ့ Non CDM ဝန်ထမ်း တွေဟာ ဒီချေးငွေကို တစ်လတစ်ကြိမ် အရစ်ကျ
မဖြစ်မနေ ပြန်လည်ပေးဆောင်ရမှာ ဖြစ်ပါတယ်။
“အကြွေးကတော့ မဖြစ်မနေဆပ်ခိုင်းတော့ ဆပ်တော့ဆပ်ရမှာပဲ ၊ ဒါမဲ့ အလုံးအရင်းနဲ့တော့ ဆပ်ဖို့က ဘယ်သူကမှ မပြေဘူး၊ ခုကာလက အားလုံးက ကျပ်တည်းနေတာ” လို့ Non CDM ဝန်ထမ်း တစ်ဦးက ပြောပါတယ်။
အဲဒီ နှစ်လစာ အတိုးမဲ့ ချေးငွေတွေကို အရပ်သား အစိုးရက ကိုဗစ်ကပ်ရောဂါကြောင့် ဝန်ထမ်းတွေ သက်သာချောင်ချိရေးအရေး အတွက်ဆိုပြီး ပြီးခဲ့တဲ့နှစ် အောက်တိုဘာမှာ ထုတ်ချေးပေးခဲ့တာပါ။
“ထုတ်ချေးကတည်းက ၆ လအကြာမှာ တစ်လကို သုံးသောင်းနဲ့ ပြန်ဆပ်ရမယ်ဆိုတာက အဲ့ဒါက အရင်က ညွှန်ကြားချက်လေ၊ ခုကျ လစာထုတ်ပေးတာက တစ်သောင်းတန် အသစ်တွေရှိတော့ စကစ မှာ ကျပ်တည်းနေတော့ ပြန်ဆပ်ရမှာပေါ့” လို့ Non CDM ဝန်ထမ်း အငယ်တန်းစားရေး တစ်ဦးက ပြောပါတယ်။
စစ်တပ် အာဏာသိမ်းပြီး နောက်ပိုင်းမှာ အာဏာဖီဆန်ရေး CDM လုပ်တဲ့ ဝန်ထမ်းတွေကို စစ်ကောင်စီက ချေးငွေ ၂ လစာ ပြန်ဆပ်ဖို့ ဖိအားပေးနေတာတွေ လည်း ရှိနေပါတယ်။
တစ်ဖက်မှာေတာ့ အမျိုးသားညွှတ်ရေးအစိုးရအဖွဲ့ NUG ကတော့ နိုင်ငံ့ဝန်ထမ်းတွေကို ထုတ်ချေးပေးထားခဲ့တဲ့ ၂ လစာကို ပြန်ပေးဆပ်ရန်မလိုဘဲ ဆုချီးမြင့်ငွေအဖြစ် ပေးအပ်သတ်မှတ်ကြောင်း ပြီးခဲ့တဲ့ မေလ ၂၅ ရက်နေ့က ထုတ်ပြန်ကြေညာထားပါတယ်။
သတင်း- သံလွင်တိုင်းမ်