ပေါင်၊စက်တင်ဘာလ ၁၀

မွန်ပြည်နယ် ပေါင်မြို့နယ်မှာ ညမထွက်ရအမိန့်သက်တမ်း ထပ်တိုး‌ေကြာင်း စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့က ဒီကနေ့ စက်တင်ဘာလ ၁၀ ရက်နေ့ ညပိုင်းမှာ လိုက်လံကြေညာခဲ့ပါတယ်။

မြို့နယ် အတွင်းရှိ ပြည်သူတွေရဲ့ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် ညမထွက်ရအမိန့်သက်တမ်းထပ်တိုးရတာလို့ ဆိုထားပါတယ်။

ပေါင်မြို့နယ်မှာတော့ နေ့စဉ် နံနက် ၄ နာရီမှ ည ၈ နာရီထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

ဒီညမထွက်အမိန့်ကို ညွန်ကြားချက် တစ်စုံတစ်ရာ မရောက်မချင်း ရက်အကန့်အသတ်မရှိ သက်တမ်းထပ်တိုးသွားမယ်လို့ စစ်ကောင်စီမြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ဆိုထားပါတယ်။

ပေါင်မြို့နယ်အတွင်းမှာ‌တော့ ပြီးခဲ့တဲ့ရက်ပိုင်းက ညမထွက်ရအမိန့် ကျော်လွန်လို့ဆိုပြီး ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက
ပစ်သတ်ခဲ့ပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.