September 11, 2021

KNU တပ်မဟာ ၃ ဘက်မှာ စစ်ကောင်စီ လမ်းကင်းချ စစ်ဆေးမှုတွေ ပိုလုပ်လာ၊ ဒေသခံတွေ စိုးရိမ်ထိတ်လန့်

မော်လမြိုင်၊ စက်တင်ဘာ ၁၁ ကျောက်ကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့တွေက လမ်းကင်းချထားပြီး သွားလာနေတဲ့ ပြည်သူတွေကို စစ်ဆေးမေးမြန်းမှုတွေ ပိုမိုလုပ်ဆောင်တဲ့အတွက် ဒေသခံပြည်သူတွေ စိုးရိမ်ထိတ်လန့်‌ေနရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU)က ထုတ်ပြန်ပါတယ်။ မနေ့ စက်တင်ဘာ ၁၀ ရက်နေ့ နေ့လည်ပိုင်းက ကေအဲန်ယူ တပ်မဟာ ၃ ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ် နတ်သံကွင်းမြို့ကနေ ကျောက်စရစ်ကျေးရွာအုပ်စုအထိ စစ်ကောင်စီတပ်တွေက လမ်းကင်းချပြီး သွားလာနေတဲ့…

ထားဝယ်က လူငယ် နှစ်ဦး ပစ်ခတ်ဖမ်းဆီးခံရ

မော်လမြိုင်၊ စက်တင်ဘာ ၁၁ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ လွှတ်တော်ရုံးအနီးမှာ ဆိုင်ကယ်စီးနင်းလာတဲ့လူငယ်နှစ်ဦးကို စစ်ကောင်စီတပ်တွေက သေနတ်နဲ့ပစ်ခတ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။ စက်တင်ဘာလ ၁၀ ရက် ညနေ ၃ နာရီခွဲအချိန်ခန့်က ထားမြို့ ဆန်းချီရပ်ကွက်မှာ ဆိုင်ကယ်စီးနင်းလာတဲ့ လူငယ်နှစ်ဦးဟာ စစ်ကောင်စီတပ် လာနေတာကို တွေ့ရှိသဖြင့် နောက်ပြန်လှည့်မောင်းစဉ် သေနတ်နဲ့ ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ “လူငယ်နှစ်ဦး…

Non CDM ဝန်ထမ်းတွေမှာ စစ်ကောင်စီ ချေးငွေပြန်တောင်း

မော်လမြိုင်၊ စက်တင်ဘာလ ၁၁ NLD အစိုးရလက်ထက်က နိုင်ငံ့ဝန်ထမ်းတွေကို ကြိုတင်ထုတ်ထားပေးခဲ့တဲ့ ၂ လစာ အတိုးမဲ့ချေးတွေကို အောက်တိုဘာလ ၁ ရက် ကနေ့စပြီး ပြန်ဆပ်ရမယ်လို့ စစ်ကောင်စီလက်အောက်ခံ စီမံကိန်းနဲ့ဘဏ္ဍာရေး ဝန်ကြီးဌာနက ညွှန်ကြားစာ ထုတ်ပြန်ထားပါတယ်။ လက်ရှိတာဝန်နေဆဲဖြစ်တဲ့ Non CDM ဝန်ထမ်း‌ တွေဟာ ဒီချေးငွေကို တစ်လတစ်ကြိမ် အရစ်ကျမဖြစ်မနေ ပြန်လည်ပေးဆောင်ရမှာ ဖြစ်ပါတယ်။…

ဘားအံက စီးပွားရေးလုပ်ငန်းရှင် ၁၀ ဦးခန့် ဖမ်းဆီးခံရ

ဘားအံ၊ စက်တင်ဘာ ၁၁ ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ စီးပွားရေးလုပ်ငန်းရှင် ၁၀ ဦးခန့်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားတယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။ ဖမ်းဆီးခံရသူတွေထဲမှာ စည်သူစတီးလုပ်ငန်း၊ ဝင်းမြင့်လေးသစ်စက်၊ Footvilla၊ Nicety Cafe’၊ Km Mobile၊ Mg Oo Factory အပါအဝင် လုပ်ငန်းရှင် ၁၀ ဦးခန့်ပါတယ်လို့ သိရပါတယ်။ စက်တင်ဘာလ…

သထုံမှာ တစ်ညတည်း ဗုံး ၂ ကြိမ်ပေါက်၊ လူထိခိုက်မှုမရှိ

သထုံ ၊ စက်တင်ဘာ (၁၁) မွန်ပြည်နယ်၊ သထုံမြို့မှာ စက်တင်ဘာလ ၁၀ ရက်နေ့ညပိုင်းက ဗုံး (၂ )ကြိမ်ပေါက်ကွဲခဲ့ပြီး လူထိခိုက်မှု မရှိဘူးလို့ ဒေသခံတွေက အတည်ပြုပြောပါတယ်။ မနေ့ည ၁၀ နာရီဝန်းကျင်ခန့်မှာ ဘက်လှိုင်ရပ်ကွက်၊ ဦးဖြူ လမ်းနှင့်ဝါးပါးဆည်အနီးရှိ စစ်တပ်ဘက်တွင် ဗုံးပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။ “ညက အသံက အကျယ်ကြီးဘဲ ပေါက်ကွဲသံကြားတယ်။ သိရသလောက်တော့…

ပေါင်မြို့နယ်မှာ ညမထွက်ရအမိန့် သက်တမ်းထပ်တိုးကြောင်း စစ်ကောင်စီ ကြေညာ

ပေါင်၊စက်တင်ဘာလ ၁၀ မွန်ပြည်နယ် ပေါင်မြို့နယ်မှာ ညမထွက်ရအမိန့်သက်တမ်း ထပ်တိုး‌ေကြာင်း စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့က ဒီကနေ့ စက်တင်ဘာလ ၁၀ ရက်နေ့ ညပိုင်းမှာ လိုက်လံကြေညာခဲ့ပါတယ်။ မြို့နယ် အတွင်းရှိ ပြည်သူတွေရဲ့ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် ညမထွက်ရအမိန့်သက်တမ်းထပ်တိုးရတာလို့ ဆိုထားပါတယ်။ ပေါင်မြို့နယ်မှာတော့ နေ့စဉ် နံနက် ၄ နာရီမှ ည ၈ နာရီထိ ညမထွက်ရအမိန့်…