September 6, 2021

ထိုင်းနိုင်ငံတွင် လာမည့်လများအတွင်း ကူးစက်မှုပေါင်း ၃၀၀၀၀ ကျော်အထိ ရှိမည်ဟု ခန့်မှန်း

ဘန်ကောက်၊ စက်တင်ဘာ ၆ ထိုင်းနိုင်ငံသည် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်ကူးစက်မှုဖြစ်ရပ်ပေါင်း ၁၃၉၈၈ အထိရှိခဲ့ပြီး သေဆုံးမှုနှုန်းမှာ ၁၈၇ ဦးအထိ ရှိခဲ့သည်ဟု ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက တင်္နလာနေ့မှာ ထုတ်ပြန်ခဲ့သည်။ ယေဘုယျလူဦးရေအတွင်းမှာ ရောဂါပိုး ကူးစက်ခံရသူ ဦးရေ ၁၃၅၄၄ အထိရှိခဲ့ပြီးကူးစက်ခံခဲ့ရပြီး အကျဥ်းထောင်များအတွင်းတွင်မူ ၄၄၄ ဦးအထိ ရှိသည်။ ထို့အပြင် တနင်္ဂနွေနေ့တွင် ကိုရိုနာဗိုင်းရပ်စ်…

ကိုဗစ်ကာလ လိင်လုပ်သားတွေရဲ့ ဘဝ

အသက်(၃၄)နှစ် အရပ်ပုပု အသားညိုညိုနှင့် မစုသက် (အမည်လွှဲ)တစ်ယောက် သူ့ရှေ့က လျှော်လက်စ အဝတ်ပုံကို ကြည့်ပြီး သက်ပြင်းပူကြီးကို “ဟင်းခနဲ” မြည်အောင် မှုတ်ထုတ်လိုက်ပါတယ်။ ဇင်းကျိုက်မြို့ရဲ့ မွန်းတည့်ချိန် နေပူပူအောက်မှာ အဝတ်လျှော်နေရင်း သူ့ရဲ့ ရှေ့ရေးကို တွေးပြီး ဦးခေါင်းပေါ်က နေမင်းကြီးလို ပူလောင်လာလို့ သက်ပြင်းတွေ ခဏခဏချနေမိတာ ဖြစ်ပါတယ်။ မကွေးဇာတိဖြစ်တဲ့ မစုသက်ဟာ မွန်ပြည်နယ် မော်လမြိုင်မြို့ကို…

မွန်မှာ ရွှေဈေး အတည်တကျ မရှိ ၊ ကြိုက်ရောင်း ကြိုက်ဝယ် ဖြစ်နေ

မော်လမြိုင် ၊ စက်တင်ဘာ (၆) မွန်ပြည်နယ် အတွင်းရှိ ရွှေဈေးကွက်မှာတော့ အရင်ရက်ပိုင်းက မီးလင်း အခေါက်ရွှေ ဈေးနှုန်း (၁၈)သိန်း နီးပါးထိ မြင့်တက်ခဲ့ပြီး လက်ရှိ ရွှေဈေးနှုန်းမှာ (၁၇)သိန်း (၃)သောင်းခန့်တွင် ငြိမ်နေတယ်လို့ ရွှေလုပ်ကိုင် သူတွေက ပြောပါတယ်။ ဒေါ်လာဈေးနှင့်အတူ ရွှေဈေးတွေလည်း ဆက်တိုက်မြင့်တက်လာတာကြောင့် မွန်ပြည်နယ်အတွင်းမှာ ဈေးကွက်အတည်တကျ မရှိနေဘဲ ရောင်းသူနှင့်ဝယ်သူအကြား ကြိုက်ရောင်းကြိုက်ဝယ်…

ည အပြင်ထွက်သူတွေကို ရဲဖမ်းဆီး ၊ သုံးသိန်းပေးရင် မနက် ပြန်လွှတ်ပေး

ပေါင် ၊ စက်တင်ဘာ (၆) ညမထွက်ရအမိန့် ထုတ်ပြန်ထားတဲ့ ပေါင်မြို့နယ်မှာ ညပိုင်း အပြင်ထွက်သွားလာသူတွေကို ရဲတွေက ဖမ်းဆီးစစ်ဆေးပြီး ငွေကျပ်သုံးသိန်းပေးမှသာ ပြန်လွှတ်ပေးနေတယ်လို့ ကြုံတွေ့ခဲ့ရသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ည(၈)နာရီကနေ မနက် (၄)နာရီအထိ အပြင်မထွက်ရအမိန့်ထုတ်ပြန်ထားချိန် လမ်းသွားနေသူတွေ တွေ့ရင် ရဲတွေက စခန်းကို ဖမ်းဆီးခေါ်ဆောင် သွားပါတယ်။ အဲ့ဒီနောက် မိသားစုဆီကို ဆက်သွယ်ပြီး ဒဏ်ကြေးအဖြစ်…

ကိုဗစ်ချေးငွေတွေကို စက်တင်ဘာလအတွင်း ပြန်ဆပ်ဖို့ စစ်ကောင်စီ ဖိအားပေး

မော်လမြိုင် ၊ စက်တင်ဘာ ၄ NLD အစိုးရလက်ထက်က ထုတ်ချေးထားတဲ့ ကိုဗစ်ချေးငွေတွေကို အတိုးရော အရင်းပါ စက်တင်ဘာလအတွင်း ပြန်ဆပ်ဖို့ စစ်ကောင်စီက ညွှန်ကြားထားပြီး လုပ်ငန်းမလည်ပတ်နိုင်လို့ ချေးငွေပြန်ဆပ်ဖို့ အခက်အခဲရှိနေတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။ ကိုဗစ်ကပ်ရောဂါ စီးပွားရေးထိခိုက်မှုတွေအပေါ် ပြန်လည်ကုစားနိုင်ဖို့အတွက် NLD အစိုးရလက်ထက်မှာ ကိုဗစ်ချေးငွေ ကျပ် ဘီလီယံ (၂၀၀)ကျော်ကို ထုတ်ချေးပေးခဲ့ပါတယ်။ ဒါပေမယ့်…